အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Global Social Benefit Institute (GSBI) Boost Program သင်တန်းဖိတ်ခေါ်ခြင်း

Global Social Benefit Institute (GSBI) Boost Program သင်တန်းဖိတ်ခေါ်ခြင်း

Green Way
Green Way • Greenovator • 27/03/2017

 

စီးပွါးရေးလုပ်ငန်းတစ်ခု စတင်ထားပြီး ဘယ်ကိုသွားရမလဲ ဆိုတာအတွက် စဉ်းစားရခက်နေပါလား?
 
ကိုယ့်စီးပွါးရေးဟာ ကိုယ့်အတွက် အကျိုးအမြတ်သာမက လူမှုအသိုင်းအဝိုင်းကိုပါ အခုထက်ပို အကျိုးပြုစေလိုပါလား?
 
ဒါဆိုရင်တော့ သင့်အတွက်ဒီသင်တန်းက ရောက်လာပါပြီ
 
Global Social Benefit Institute (GSBI) Boost Program ဆိုတာ အမေရိကန်နိုင်ငံ မှ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Miller Center for Social Enterprise ရဲ့ အောင်မြင်သော အစီအစဉ်တစ်ခုဖြစ်ပါတယ်။
 
ဒီ သုံးရက်တာ သင်တန်းဟာ တည်ထောင်ကာစလုပ်ငန်းများအတွက် အချိန်တိုအတွင်း စီးပွါးရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကို နားလည်သဘောပေါက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီသင်တန်းမှာ ရေရှည်တည်တံ့တဲ့ စီးပွါးရေးအစီအစဉ်တွေ အတူတကွရေးဆွဲကြမှာ ဖြစ်ပါတယ်။
သင်တန်းပြီးသွားတဲ့အခါမှာလည်း အဖွဲ့ရဲ့ငွေကြေးရေရှည်တည်တံ့နိုင်ဖို့ ရံပုံငွေလျှောက်ထားခြင်းတွေ၊ အခြားသော နိုင်ငံတကာ အရည်အသွေးမြှင့်တင်ခြင်း အစီအစဉ်တွေမှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် ဒီလို အခွင့်အရေးကောင်းများစွာပါဝင်တဲ့ ဒီသင်တန်းကို အခုပဲ စာရင်းသွင်းလျှောက်ထားလိုက်ရအောင်
 
Miller center အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ http://www.scu-social-entrepreneurship.org/gsbi/ မှာ လေ့လာနိုင်ပါတယ်။ 
 
ဒီပွဲလေးဖြစ်မြောက်ဖို့ ဝိုင်းဝန်းစီစဉ်ပေးသူတွေက ဘယ်သူတွေလဲ
 
ဒီပွဲလေးကို မြန်မာ့ ထန်းညက်ကို ပုံစံပြောင်းစေသူလို့ နာမည်ကြီးတဲ့  Tree Food (Hta -Nyat) အဖွဲ့သားတွေရယ် နဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူတွေကို သတင်းအချက်အလက်နည်းပညာကို သုံးပြီး နည်းပညာမျှဝေပေးတဲ့နေရာမှ ဦးဆောင်နေတဲ့ အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ် ပိုင်ရှင် Greenovator အဖွဲ့တို့ပဲ ဖြစ်ပါတယ်။ 
စီစဉ်ကျင်းပသူတွေအကြောင်း ပိုသိချင်ရင်
Greenovator : www.mmgreenovator.com
 
လျှောက်ဖို့ စိတ်ဝင်စားတယ်။ ဘာလုပ်ရမလဲ။
အခုလိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရင်ဆုံး သင်တန်းနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေပြောပါရစေ။ ဒီသင်တန်းက အမေရိကန်က သင်တန်းဆရာတွေ လာပေးမယ်ဆိုပေမယ့် လုံးဝ  အခမဲ့ သင်တန်းဖြစ်ပါတယ်။ 
 
ဒီ သင်တန်းကို 
နေ့ရက် ။ ။ မေလ ၅ ရက်မှာ ၇ ရက် ထိ 
နေရာ ။ ။ ကမ္ဘောဇဘဏ် သင်တန်းခန်းမ၊ 
ကမ္ဘောဇဘဏ် (တက္ကသိုလ်ရိပ်သာလမ်းဘဏ်ခွဲ)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ 
 
သင်တန်းတက်ရောက်မယ်ဆိုရင်တော့ ဧပြီလ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ လျှောက်ရမှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကိုတော့ အောက်ဖော်ပြပါ လင့်ခ်တွေမှာ ရယူနိုင်ပါတယ်။
 
အခြား ပိုသိချင်တာတွေရှိရင် [email protected] ကို အီးမေးပေးပို့ မေးမြန်းနိုင်ပါတယ်။
 
You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။