မြန်မာပဲမျိုးစုံကို ရူပီးငွေကြေးနဲ့ ဝယ်ယူခွင့်ရဖို့ အိန္ဒိယတောင်းဆို
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့လို့ဆိုပြီး မတ်ပဲ၊ ပဲစင်းငုံစတဲ့ ပဲမျိုးစုံ အဓိကရောင်းချ ပေးနေတဲ့ မြန်မာနဲ့ ကုန်သွယ်တဲ့အခါ ရူပီးငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်ခွင့် ရရှိဖို့ အိန္ဒိယနိုင်ငံ ပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံအသင်း (IPGA) က တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယ-မြန်မာကုန်သွယ်ရေးကို နှစ်ဖက်နိုင်ငံက လုပ်ငန်းတွေကြား တိုက်ရိုက်ဆောင်ရွက်ဖို့ IPGA က တိုက်တွန်းခဲ့တာပါ။
လက်ရှိမှာ အိန္ဒိယနဲ့ မြန်မာကြား ပဲမျိုးစုံကုန်သွယ်မှုကို စင်္ကာပူလုပ်ငန်းတွေကတစ်ဆင့် အများစု ပြုလုပ်ပြီး အမေရိကန်ဒေါ်လာနဲ့ ရောင်းဝယ်တာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ဟာ မြန်မာဆီက ပဲမျိုးစုံကို တင်သွင်းပြီး မြန်မာလယ်သမားတွေကို ထောက်ပံ့ကူညီ နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုန်သွယ်ရေးကို ရူပီးငွေကြေးနဲ့ ပြုလုပ်ခွင့်ရဖို့ တိုက်တွန်း လိုပါတယ်" လို့ IPGA ဥက္ကဋ္ဌ Bimal Kothari က Business Line သတင်းဌာနကို ပြောပါတယ်။

IPGA ဟာ မကြာသေးခင်တုန်းက မြန်မာအဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး IPGA နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
"နှစ်နိုင်ငံကြား ကုန်သွယ်ရေးဟာ အလျင်အမြန် ကြီးထွားလာမယ့် အလားအလာ ရှိနေပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုကောင်းလာဖို့နဲ့ ကုန်သွယ်ပမာဏ တိုးလာစေဖို့အတွက် သွင်းကုန်ပို့ကုန်တွေကို အိန္ဒိယ နဲ့ မြန်မာမှာရှိတဲ့ လုပ်ငန်းတွေကြား တိုက်ရိုက်ဆောင်ရွက်ပြီး အိန္ဒိယရူပီးငွေကြေးနဲ့ အရောင်းအဝယ် လုပ်ဖို့ တိုက်တွန်းပါတယ်" လို့ Kothari က မြန်မာအဖွဲ့ကို ပြောပါတယ်။
အိန္ဒိယဟာ မြန်မာဆီက မတ်ပဲနဲ့ ပဲတီစိမ်း တင်သွင်းလာတာ ဆယ်စုနှစ် လေးစုကျော် ရှိနေပြီ ဖြစ်ပါ တယ်။ စင်္ကာပူအခြေစိုက်လုပ်ငန်းတွေကတစ်ဆင့် အရောင်းအဝယ် ပြုလုပ်တဲ့အခါ စရိတ်စကတွေ ပိုကုန်ကျတယ်လို့ Kothari က ပြောပါတယ်။
နှစ်နိုင်ငံကြား ပဲမျိုးစုံကုန်သွယ်မှုဟာ အိန္ဒိယရဲ့ သွင်းကုန်မူဝါဒအပေါ် မူတည်နေပါတယ်။ လက်ရှိမှာ အိန္ဒိယက မတ်ပဲနဲ့ ပဲစင်းငုံစတဲ့ ပဲမျိုးစုံကို အခွန်ကင်းလွတ်ခွင့်ရကုန်စည်အဖြစ် ၂၀၂၃ မတ်လ ၃၁ ရက် နေ့အထိ သတ်မှတ်ထားပါတယ်။
လက်ရှိ ဘဏ္ဏာရေးနှစ်အတွင်း မြန်မာဆီက ပဲမျိုးစုံတင်သွင်းမှု တန်ဖိုးဟာ ဒေါ်လာ သန်း ၆၀၀ ဝန်းကျင် ရှိနိုင်ပြီး အဲဒီထဲမှာ မတ်ပဲ ဒေါ်လာ သန်း ၄၀၀-၄၅၀ ဖိုးနဲ့ ပဲစင်းငုံ ဒေါ်လာ သန်း ၁၅၀ ကျော်ဖိုး ပါဝင်တယ်လို့ Kothari က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Pulses trade body IPGA makes a pitch for rupee-based trade with Myanmar - - BusinessLine
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023