အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ကြယ်ပဲ ပြည်ပဝယ်လိုအားနည်းနေ

မြန်မာ့ကြယ်ပဲ ပြည်ပဝယ်လိုအားနည်းနေ

Green Way
Green Way • Greenovator • 01/11/2019

   ယခုနှစ်အတွင်း မြန်မာ့ကြယ်ပဲ ပြည်ပတင်ပို့မှု ပြည်ပစျေးကွက်ဝယ်လိုအားမှာ နည်းနေကြောင်း မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   ပြည်တွင်းမှာ ကြယ်ပဲကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှုမရှိသေးတဲ့အတွက် ထုတ်လုပ်မှုအားနည်းနေတာကြောင့် ပြည်ပဝယ်လိုအား နည်းနေခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌ ဦးသန်းအောင်ကပြောပါတယ်။

ကြယ်ပဲက ပြည်တွင်းမှာပဲရောင်းအားရှိတယ်။ ဒီမှာတောင် တွင်တွင်ကျယ်ကျယ်အသုံးမပြုကြသေးပါဘူး။ ဒီမှာက စိုက်ဧကကြတော့လည်း နည်းသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဧကထောင်ချီ  မစိုက်နိုင်ကြသေးဘူး။ ပြည်ပကမှာတယ်ဆိုရင်တောင် သူတို့မှာသလောက်ကိုယ်တွေက ထုတ်လုပ်မှုမပေးနိုင်သေးဘူး။ ဒီနှစ်မှာ ပြည်ပကိုတော့ သိပ်မထွက်သေးဘူး

   ယခုနှစ်အတွင်း ကြယ်ပဲမှာ ပြည်တွင်း၊ ပြည်ပဝယ်လိုအားနည်းနေတဲ့အတွက် ယခင်နှစ်များထက် စျေးနှုန်းကျဆင်းနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   မြန်မာ့ကြယ်ပဲကို မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ပြည်ပစျေးကွက်ဖြစ်တဲ့ တရုတ်နဲ့ထိုင်းကို တင်ပို့ရောင်းချနေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။