မိုးရွာသွန်းမှုကြောင့် ပန်းစိုက်ပျိုးတင်ပို့သူများ အရောင်းမသွက်
ဇွန်လအတွင်း မိုးစတင်ရွာသွန်းမှု များပြားသဖြင့် ပန်းစိုက်ပျိုးတင်ပို့သူများ အရောင်းမသွက်တော့ကြောင်း သီရိမင်္ဂလာဈေး ပန်းဈေးကွက်မှ သိရသည်။
မိုးတွင်းကာလသို့ ရောက်ရှိသည်နှင့် ပန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူအများစု ဈေးကွက်ထိခိုက်မှု အနည်းနှင့်အများဆိုသလို ကြုံတွေ့ရတတ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ သီရိမင်္ဂလာဈေးသို့ ပန်းအမျိုးမျိုးရောင်းချနေသည့် ဒေါ်ခင်မျိုးက "ဈေးကွက်ထဲတော့ ပန်းတွေပုံအိုင်နေတယ်။ နယ်ဘက်တွေလည်း အခုအချိန်လောက်ဆို မိုးက စကောင်းလာတော့လည်း အခက်တွေ့တယ်။ ဒီရန်ကုန်ဘက်မှာကလည်း ပန်းက ထင်သလောက်ကို အရောင်းမသွက်ပါဘူး” ဟု ပြောသည်။
ပန်းဆိုသည့်အတိုင်း ကိုင်တွယ်ပြုစုသူတို့၏ စနစ်ကျမှု ရှိမရှိ၊ ရာသီဥတုဒဏ်နှင့် လမ်းခရီးအကွာအဝေးတို့အပေါ် မူတည်ကာ အပျက်အစီး အလေအလွင့် ပမာဏများလည်း ကွာခြားသွားနိုင်သည်။
“လက်ရှိအခြေအနေအရ မိုးဆက်တိုက်ရွာတဲ့ ရက်တွေမှာ မိုးရေနာ၊ မိုးရေစိုနေတဲ့ ပန်းတွေချိုးပြီး အရိပ်ထဲမှာရေခြောက်အောင် နည်းမျိုးစုံသုံး အခြောက်ခံကာ ပွဲရုံ ဒါမှမဟုတ် ရန်ကုန် သီရိမင်္ဂလာဈေးကို တင်ပို့ကြတာ များပါတယ်။ နေ့တိုင်း ကားကြီးကားငယ်အသွယ်သွယ်နဲ့ ရောက်လာတဲ့ ဒီလိုမိုးရေမလွတ်တဲ့ ပန်းတွေမှာ ရန်ကုန်အရောက် ရက်ထိသာခံပါတယ်။ ငါးပုံပုံရင် တစ်ပုံလာက်က အပွင့်တွေ မိုးရေထိ မိုးရေနာထားလို့ ရောင်းမရတော့ပါဘူး။ ဒီလောက်များတဲ့ပန်းတွေ ရန်ကုန်မြို့တွင်းမှာ ကုန်အောင် ဖြုန်းလို့မရနိုင်တာ အားလုံးသိကြမှာပါ။ ရန်ကုန်ကနေ တစ်ခြားနယ်မြို့တွေကို ညအိပ်ခရီးနဲ့ ထပ်ပြီးတင်ကြ ပို့ကြလို့ မရနိုင်ပါဘူး။ ဒီအချက်က မိုးတွင်းမှာ ပန်းဈေးကွက်ပျက်ရခြင်းရဲ့ အချက်တွေထဲက တစ်စိတ်တဒေသ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းစိုက်ပျိုးတင်ပို့ရောင်းချနေသူ မပန်းအိစံက ပြောသည်။
မြန်မာနိုင်ငံရှိ ပန်းစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် မိုးရာသီရောက်တိုင်း ဈေးကွက်ပျက်မှုကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ထိထိရောက်ရောက် လက်တွေ့ကာကွယ်နိုင်ရန် မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။
မာလာ(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026