အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကရင်ပြည်နယ်တွင် ပဲပန်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေ

ကရင်ပြည်နယ်တွင် ပဲပန်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေ

Green Way
Green Way • Greenovator • 16/02/2020

ကရင်ပြည်နယ်တွင် ပဲပန်းစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

 မြန်မာပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဂျပန်နိုင်ငံနဲ့ပူးပေါင်းကာ ကရင်ပြည်နယ်မှာ ပဲပန်းစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

ဂျပန်နိုင်ငံ(JETRO)ကနေပြီးတော့ ပန်းနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာတွေနဲ့ မြန်မာ့ပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လာရောက်ဆွေးနွေးတယ်။ ကရင်ပြည်နယ်မှာ ပဲပန်းစိုက်ပျိုးဖို့အတွက်လည်း ဆွေးနွေးနေတယ်

 ဂျပန်(JETRO) မှ ပန်းနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာများကို တောင်သူများနဲ့တွေ့ဆုံဆွေးနွေးပြီး ဟောပြောပို့ချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ပန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံ (Japan External Trade Organization) နဲ့ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။