သင်္ကြန်ပိတ်ရက်ပြီးကတည်းက ဈေးတက်လာတဲ့ ကြက်သွန်နီနဲ့ ၁ တန်ကို ၈၀၀၀၀ လောက်ကျသွားတဲ့ မတ်ပဲ
မတ်ပဲ
မတ်ပဲကတော့ သင်္ကြန်ပိတ်ရက်ကာလအပြီး ဈေးတွေက ဆက်တက်မလာဘဲ ကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင် အရောင်းအဝယ်တွေ သွက်နေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ပဲဈေးက ဆက်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ရွေးကောက်ပွဲ ကာလအတွင်း ပဲဈေးကျဆင်းအောင် နည်းအမျိုးမျိုးလုပ်ဆောင်နေတာဖြစ်လို့ အိန္ဒိယနိုင်ငံမှာလည်း ပဲ ဈေးက ကျဆင်းသွားပါတယ်။
ဈေးကွက်အတွင်းမတ်ပဲ ဈေးကျဆင်းသွားပေမယ့် ပြီးခဲ့တဲ့ မတ်လကာလနဲ့ ယှဉ်ရင် အတက်ဈေးမှာပဲ ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာ မတ်ပဲ FAQ က တစ်တန်ကို ၉၂၀၀ ရူပီးရှိပြီး တစ်ပတ်အတွင်း ရူပီး ၁၀၀ ဈေးကျဆင်းသွားပါတယ်။ ပိတ်ရက်မတိုင်ခင်ကာလနဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့တာပါ။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၉၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် အခြေအနေနဲ့ ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၈၀၀၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၄၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ်လောက် ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၀၅ မှ ၅၂၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။
မတ်ပဲက ၄ လတာကာလအတွင်း တစ်တန်ကို ၃၅ သိန်းအထိ မြင့်တက်ခဲ့ပေမယ့် လက်ရှိအိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေကြောင့် စံချိန်တင်ဈေးရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ရပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ပိတ်ရက်အပြီး ရန်ကုန်ဈေးကွက်မှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် မန္တလေးဈေးကွက်မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။
ပိတ်ရက် မတိုင်မီ အစ္စလာမ်ပွဲတော်ကြောင့် ဝယ်ယူမှုများပြီး ဈေးမြင့်တက်ခဲ့ပေမယ့် ပွဲတော်အပြီး ဈေးကွက်ထဲ ဝယ်ယူမှု နည်းသွားလို့ ဈေးတွေ ပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် သင်္ကြန်ပိတ်ရက်ကာလအတွင်း ငွေကြေးဈေးမြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင်စရိတ်တွေကာမိအောင် အမြင့်ဈေးနဲ့ ဈေးဖွင့်တာတွေကြောင့် ပဲ ဈေးက တည်ငြိမ်မှု မရှိဘူးလို့လည်း ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၁၆၅ မှ ၄၃၃၅ ရှိပြီးပိတ်ရက် မတိုင်မီလာနဲ့ယှဉ်ရင် တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၃၃၀ မှ ၄၅၀၀ ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးမြင့်တက်လာပါတယ်။ ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၅၆၅၀ မှ ၆၀၀၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၅၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို ၂၃၃၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈၀၀၀ကျပ်မှ ၂၃၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးကွက်ထဲ နယ်ပေါင်းစုံကနေ အဝင်များနေပေမယ့် ပိတ်ရက်အပြီးမှာတော့ အမြင့်ဈေးနဲ့ ရှိနေခဲ့ပါတယ်။ အရည်အသွေးပေါ် မူတည်ပြီး အတက်အကျ ရှိနေပေမယ့် ဈေးကွက်ထဲ ဈေးကောင်းတဲ့ ဆိပ်ဖြူဈေးကတော့ ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကို အဝင်ကလည်း ပိဿာချိန် ၂ သိန်း ပတ်ချာလည်း အဝင်ရှိနေတာ ဖြစ်ပြီး ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကလည်းသွက်နေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ငရုတ်
ငရုတ်ကလည်း လက်ရှိ ပြည်တွင်းဝယ်ယူမှုလောက်သာ ရှိတဲ့အတွက် အကျဈေးနဲ့ ငြိမ်နေပါတယ်။ အချို့ ငရုတ်တွေကတော့ ဈေးကွက်ထဲ အရောင်းအဝယ်မသွက်တဲ့အတွက် ဈေးကျဆင်းတာ တွေလည်း ရှိပါတယ်။ ပုံမှန် ထိုင်းနိုင်ငံဘက်ကို တင်ပို့မှု ရှိပေမယ့် လက်ရှိမှာတော့ပြည်တွင်း မှာ အဝင်များနေတာအပြင် ပြည်ပတင်ပို့နိုင်မှုလည်း မရှိတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၀၀၀ မှ ၄၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းပြီး ငရုတ် ပန်းရဲ ကတော့ ၄၅၀၀ မှ ၄၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026