တရုတ်ဝယ်လိုအားကြောင့် ပြည်တွင်းမြေထောက်ပဲ (ဘိုစားပဲ) ဈေးနှုန်းများ မြင့်တက်လာ
တရုတ်ဝယ်လက်များ ပြည်တွင်းဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ဝယ်ယူမှုများ ရှိလာခြင်းကြောင့် ပြည်တွင်းပဲမျိုးစုံဈေးကွက်အတွင်း မြေထောက်ပဲဈေးနှုန်းများ မြင့်တက်လာနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။
ဧပြီလဆန်းပိုင်းမှစ၍ ဧပြီလ ၂၂ ရက်နေ့အထိ သုံးပတ်တာကာလအတွင်း ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက မြေထောက်ပဲ (၅၄) ပိဿာတစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ မှ ၂၅,၀၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
"အခုက တရုတ်ဝယ်လက်က သိပ်အများကြီး ဆင်းတာတောင် မဟုတ်သေးဘူး။ ဈေးက တက်လာတာ တွေ့ရတယ်။ ဝယ်လိုအားများရင်တော့ ဈေးက ထပ်တက်ဦးမှာပဲ" ဟု မန္တလေးမြို့မှ ပဲကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။
မြန်မာ့မြေထောက်ပဲကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ဝယ်ယူသည့်နိုင်ငံများက ကုန်ကြမ်းအဖြစ်အသုံးပြုကာ အဆင့်မြင့်ထုတ်ကုန်များအဖြစ် ပြန်လည်ထုတ်လုပ်လေ့ရှိသည်။ သို့သော် လတ်တလောတွင် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မှုမှာ မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
မြေထောက်ပဲကို စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် ဗန်းမော်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီမြစ်တစ်လျှောက်တွင် အဓိကစိုက်ပျိုးကြသည်။ အထူးသဖြင့် ကသာနှင့် ဗန်းမော်ဒေသထွက် မြေထောက်ပဲများမှာ အရွယ်အစားကြီးမားသည့်အတွက် ပြည်တွင်းဈေးကွက်တွင် အဝယ်လိုက်လေ့ရှိသည်။
ယခုနှစ် ဆောင်းရာသီတွင် မြေထောက်ပဲစိုက်ဧက လျော့ကျခဲ့သဖြင့် အထွက်နှုန်းနည်းပါးနေပြီး တောင်သူလက်ထဲတွင်လည်း ပဲလက်ကျန်နည်းပါးနေကြောင်း သိရသည်။

"ဒီနှစ် ဗန်းမော်ဘက်ဆို စိုက်ပျိုးမှုနည်းသလို တခြားဒေသတွေလည်း အဲဒီလိုပဲ။ ပဲအထွက်နှုန်းတွေ ကျတော့ တောင်သူလက်ထဲမှာလည်း သိပ်မရှိတော့ဘူး။ လှောင်ထားတဲ့သူတွေပဲ အကျိုးအမြတ်ရမယ့် အခြေအနေပါ" ဟု ကသာဒေသခံတစ်ဦးက ဆိုသည်။
စိုက်ပျိုးမှုလျော့ကျခြင်းနှင့် ဝယ်လိုအားရှိနေခြင်းတို့ကြောင့် မြေထောက်ပဲဈေးနှုန်းမှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဈေးကွက်စောင့်ကြည့်သူများက ခန့်မှန်းထားကြသည်။
ဧပြီလ ၂၂ ရက်နေ့ မန္တလေးကုန်စည်ဒိုင်ဈေးနှုန်းများအရ မုံရွာမြေထောက်ပဲ (၅၄) ပိဿာတစ်အိတ်လျှင် ၃၀၀,၀၀၀ ကျပ်မှ ၃၀၅,၀၀၀ ကျပ်၊ ကလေးနှင့် တမူးဒေသထွက်မှာ ၃၁၀,၀၀၀ ကျပ်နှင့် အညာဒေသထွက်မှာ ၃၀၀,၀၀၀ ကျပ်မှ ၃၅၀,၀၀၀ ကျပ်အထိ ရှိနေသည်။
ယင်းဈေးနှုန်းများသည် ဧပြီလဆန်းပိုင်းက ပေါက်ဈေးများဖြစ်သည့် ၂၇၅,၀၀၀ ကျပ်မှ ၃၃၀,၀၀၀ ကျပ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
မစံပယ်(AMIA)
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
lin lin
လွန်ခဲ့သော ၅ လ ကကျမ မြေကွက် 3ဧက ပျဥ်ထောင်အိမ် ရေ+မီးအပါ ဌားချင်ပါတယ်ရှင်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026