ပြည်ပအဝယ်မရှိပေမယ့်လည်း မြေပဲဆံဈေး "တက်" (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)
ဒီတစ်ပတ်မှာ မြေပဲက စျေးတက်လာပြီး ပဲတီစိမ်းက အတက်စျေးနဲ့ ငြိမ်ပါတယ်။၊ မတ်ပဲက စျေးအေးနေပြီး ပဲစဥ်းငုံကတော့ စျေးတန်းထပ်ကျ ပါတယ်။
မတ်ပဲ
မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ စျေးအတက်အကျအပြောင်းအလဲကြီးကြီးမားမားမရှိပါဘူး။
အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေလို့ စျေးတန်းအတက်နှေးနေပါတယ်။
အိန္ဒိယဂယက်နဲ့အတူ မြန်မာမှာလည်း မတ်ပဲအသစ်တွေပေါ်ပြီး ရောင်းအားများနေတာကြောင့် စျေးတန်းအေးနေဆဲဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၁၉၅၀၀၀ ကျပ်ကျော်ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၇၀၀၀ ကျပ်ရှိခဲ့ပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၃၀၅၀၀၀ ကျပ်ရှိ ပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကတော့ အခုအပတ်မှာလည်း တစ်တန်ကို ၄၀၀၀၀ လောက် စျေးထပ်ကျပါတယ်။
ပြည်တွင်းမှာပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။
ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၀၇၅၀၀၀ ကျပ်သာရှိပါတယ်။ အရင်တပတ်ကတစ် တန်ကို ၃၁၁၅၀၀၀ကျပ်ရှိပါတယ်။
မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

မြေပဲ
မြေပဲဆံစျေးကွက်ကတော့ ခုရက်ပိုင်းမှာ စျေးတက်လာတယ်လို့သိရပါတယ်။
မြေပဲဆံကို ပြည်ပအဝယ်မရှိပေမယ့်လည်း ဆီစက်ပိုင်တွေကဝယ်လိုအားရှိခြင်း၊ လုပ်ငန်းသုံးသမား ဝယ်ယူမှုရှိခြင်းကြောင့် မြေပဲစျေးမြင့်တက်လာတာဖြစ်ပါတယ်။
မကွေးမှာမြေပဲဆံစျေးက မြေပဲအနီလုံးဆံတစ်ပိဿာကို တစ်ပိဿာ ၈၅၀၀ ကျပ်၊ မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ ကျပ်၊ မြေပဲဆံအောက်ကျ ( ခွဲခြမ်း) တစ်ပိဿာကို ၇၅၀၀ မှ ၇၇၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာတော့ S1 လုံးဆံက ၉၀၀၀ ကျပ်၊ S1 ဆီဆံက ၈၅၀၀ မှ ၈၆၀၀ ကျပ်၊ အနီလုံးဆံ ၈၆၀၀ မှ ၈၉၀၀ ကျပ်၊ အဖြူလုံးဆံ ၉၀၀၀ မှ ၉၂၀၀၀ ကျပ်ရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ အတက်အကျမရှိ စျေးတန်းငြိမ်နေပါတယ်။
ပဲတီစိမ်းထဲမှာ ရန်ကုန်က ထွက်တဲ့ခရမ်းရွှေဝါက စျေးတန်းအမြင့်ဆုံးဖြစ်ပြီး ပဲခူးရွှေဝါက ဒုတိယစျေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။ လက်ရှိက ဆောင်းပဲအသစ်တွေမပေါ်သေးပါဘူး။ ပဲတီစိမ်းအညာနဲ့ဝါးခယ်မကတော့ စျေးတန်းငြိမ်နေပြီး ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်၊ ပဲတီစိမ်းအညာ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေတာဖြစ် ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၀၀၀၀ ကျပ်ရှိပြီးအရင်တစ်ပတ်ကထက် ၅၀၀၀ ကျပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
Phyo Lay
လွန်ခဲ့သော ၁ နှစ် ကတောင်သူတွေမှာ မရှိတော့မှ တက်နေလည်း စိတ်မဝင်စားတော့ဘူး
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....