ကြက်သွန်ဖြူဈေး ထပ်မြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့သုံးသပ်
မတ်ပဲ
ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးကျဆင်းနေဆဲ အခြေအနေပါ။ တစ်ပတ်အတွင်း ငွေလဲလှယ်နှုန်း၊ အိန္ဒိယဝယ်ယူမှုနဲ့ ပြည်တွင်း မတ်ပဲ ထုတ်ရောင်းလာမှု အခြေအနေပေါ် မူတည်ပြီး အတက်အကျတွေ ရှိနေတာဖြစ်လို့ အများကြီး ကျဆင်းသွားတာမျိုးတော့မရှိပါဘူး။
အိန္ဒိယနိုင်ငံတွင်းမှာလည်း နွေမတ်ပဲ တွေ ဈေးကွက်ထဲ အဝင်ရှိနေတာ ဖြစ်လို့ ဈေး က အေးနေ ပါတယ်။ ဒါ့အပြင် အိန္ဒိယအစိုးရက မိုးစိုက်မတ်ပဲ ရဲ့ အခြေခံဈေးနှုန်းကို ၁၀၀ ကီလိုဂရမ်ကို ၇၄၀၀ ရူပီး သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ၄၅၀ ရူပီးများလာတာ ဖြစ်ပါတယ်။ ကုန်သည်တွေကလည်း လက်ရှိအခြေအနေက အများကြီး ဈေးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၂၅ ရူပီး ဈေးကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၂၃၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၃၆၂၀၀၀ကျပ်၊ အင်္ဂါနေ့မှာတော့ ၃၃၁၇၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၃၅၃၀၀၀ကျပ် နဲ့ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၃၃၉၂၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနဲ့ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ ကျော်ဈေး ကျဆင်းသွားပါတယ်။
(SQ/RC)ကတော့ တစ်တန်ကို ၃၆၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၂၅ မှ ၅၅၅၆၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ်ဈေးကျဆင်းပါတယ်။
မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၇၅ မှ ၉၉၅ ဒေါ်လာပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးကျဆင်းတာမျိုးမရှိဘဲ အတက်ဈေးနဲ့ ငြိမ်နေတဲ့ အခြေအနေပါ။ နေ့စဉ် အဝင်ပေါ်မူတည်ပြီး အနည်းငယ်အတက်အကျ သာ ရှိပါတယ်။
ပုံမှန် ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်၊ နယ်သာလန်တို့ အပြင် အခြား ဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်တယ်လို့သိရပါတယ်။
စီးပွားကူးသန်းက ထုတ်ပြန်တဲ့ စာရင်းအရ ၃ လအတွင်း ပဲတီစိမ်း ၁၈၀၀၀၀ ကျော်တင်ပို့ထားတယ်လို့ သိရပါတယ်။ ပုံမှန်တင်ပို့မှုတွေ အတွက် အဝယ်ရှိပေမယ့် တရုတ်နယ်စပ်တစ်လျှောက် လမ်းကြောင်း ပိတ်ဆို့ မှုတွေကြောင့် ယခင်ကလောက် တင်ပို့နိုင်မှုမရှိဘဲ အဝယ်လည်း နည်းတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ ၄၆၇၀ ၃၅ ကျပ်၊ ပဲတီစိမ်းပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀ မှ ၂၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
နယ်ဈေးကွက်တွေ မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၄၀၀၀ ကြား ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်ပုံမှန် ရှိနေပြီး ဈေးကတော့ အတက်အကျ ရှိနေပါတယ်။ မိုးတွင်းကာလဖြစ်လို့ အရည်အသွေးပိုင်း ဆိုင်ရာ အနည်းငယ်ညံ့နေပြီး ဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်ကိုတော့ နယ်စုံ အဝင်သိပ်မရှိပါဘူး။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ)တို့က ပုံမှန်အဝင်ရှိနေပြီး တစ်ပိဿာကို ၁၆၀၀ မှ ၂၂၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ ပုံမှန်အဝင်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ကြူကုတ်ကတော့ ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အဝင်များပါတယ်။ ကြက်သွန်ဖြူက လက်ရှိလမ်းခရီး အခြေအနေများကြောင့် ဈေးကွက်အဝင်နည်းနိုင်ပြီး ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ခန့်မှန်းမှုတွေ ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉၃၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026