မြန်မာ့လယ်ယာပို့ကုန်များ ဈေးမြင့်လာ
မြန်မာနိုင်ငံ၏ လယ်ယာပို့ကုန်များအားအိမ်နီးချင်းနိုင်ငံကြီးများမှ ရေရှည် ၀ယ်ယူပေးနိုင်မည့် အခြေအနေအပေါ်စိုးရိမ်မှုများရှိနေ သော်လည်း ကာလတိုတွင် ပြည်တွင်းဈေး အတက်ဘက်ကို ပြောင်းလဲနေသည်။
ဈေးတက်လာသည့်မတ်ပဲ
အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ သွင်းကုန်ဖြစ်သည့် မတ်ပဲက ယခုရက်သတ္တပတ် ပြည်ပဈေးအနည်း ငယ်သာ လှုပ်သော်လည်း ပြည်တွင်းဈေးက တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်ဈေးမြင့်တက်သည်။
အိန္ဒိယနိုင်ငံသည် မတ်ပဲကို ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု သာမက ပြည်ပနိုင်ငံများမှ နှစ်စဉ်တန်ချိန် သိန်းချီ၍တင်သွင်းနေသည်။ အိန္ဒိယနိုင်ငံသည်အိမ်နီးချင်း မြန်မာနိုင်ငံအပြင် ဘရာဇီး နိုင်ငံမှမတ်ပဲ တန်ချိန်တိုးမြှင့်၀ယ်ယူ တင်သွင်းနေသည်။
အိန္ဒိယအစိုးရက ပြည်ပမှ မတ်ပဲတင်သွင်းမှုနှင့်ပက်သက်၍ မူဝါဒအသစ် ချမှတ်ခြင်းမရှိသေးသော်လည်း ယခုနှစ်ပြည်ပမှမတ်ပဲတင်သွင်းမှုလျော့နည်းသဖြင့် မြန်မာဈေးကွက်တွင် မတ်ပဲဈေးကျဆင်းခဲ့သည်။
သို့သော် ယခုရက်သတ္တပတ်တွင်လည်း မတ်ပဲပြည်ပဈေးက အနည်းငယ်ပြောင်းလဲပြီး ပြည်တွင်းဈေး ပြန် လည်မြင့်တက်လာသည်။ ပြည်ပရောင်းချသည့် FOBဈေးက မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၈၀/၆၉၀မှ ၆၉၀/၇၀၀သို့ဈေးပြောင်းလဲပြီး မတ်ပဲSQတစ်တန်လျှင် ၇၅၅/၇၆၅ဒေါ်လာမှ ၇၆၅/ ၇၇၅ ဒေါ်လာသို့ဈေးပြောင်းလဲသည်။
ပြည်ပ FOB ဈေး အပြောင်းအလဲနည်းသော်လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲ FAQ ဈေးက တစ်တန် လျှင် ကျပ်၂,၆၃၅,၀၀၀ မှ ၂,၇၆၀,၀၀၀သို့ဈေးမြင့်တက်ပြီး မတ်ပဲSQကလည်း တစ်တန် ကျပ် ၂,၉၃၀,၀၀၀,မှ ၃,၀၉၀,၀၀၀ သို့ဈေးမြင့်တက်လာသည်။

ပြောင်းဈေးထပ်မံမြင့်တက်
ဖိလစ်ပိုင်နိုင်ငံမှ ၀ယ်လိုအားနှင့် ပြည်တွင်း မွေး မြူရေး အစားအစာထုတ်လုပ်သည့် လုပ်ငန်းများမှ ၀ယ်လို အားကြောင့် ပြည်တွင်းပြောင်းဈေး ဆက်လက်မြင့်တက်နေသည်။ထို့ပြင်ဗီယက်နမ်ဈေးကွက် ကိုလည်း ပြောင်းတင်ပို့ ရန်ကြိုးစားနေသည်။
သိုသော် ထိုင်းနိုင်ငံ၏ ပြည်ပမှပြောင်းတင်သွင်းမည့်မူဝါဒ အပြောင်းအလဲ အိန္ဒိယ၏ မြန်မာ့ပြောင်း အ၀ယ်ကမ်းလှမ်းချက်ပယ်ချမှုတို့ကြောင့် အနာဂတ်ပြောင်းဈေးကွက်အတွက် စိန်ခေါ်မှုများ ဆက်ရှိ နေသည်။ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက ၁သန်းကျော်ရှိပြီး စိုက်ဧကအများစုမှာ ရှမ်းပြည် နယ်တွင်ရှိ နေသည်။
ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပ FOB ဈေးငြိမ်နေသော်လည်း ပြည်တွင်ဈေး အနည်းငယ်ထပ်မံမြင့်တက်လာသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြည်ပတင်ပို့နေသည့် ပြောင်း FOB ဈေး တစ်တန်လျှင် ဒေါ်လာ၂၃၀/၂၄၀ ဖြင့်ဈေးငြိမ်နေသည်။သို့သော် ပြည်တွင်း ပြောင်းဈေးက တစ်ပိဿာ လျှင် ကျပ်၁,၄၀၀/၁,၄၂၀မှ ကျပ် ၁,၄၂၀ /၁,၄၄၀ သို့ဈေးမြင့်တက်သည်။
မန္တလေးဈေးကွက်တွင်လည်းပြောင်းဈေးက ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၈၁၆,၀၀၀ ကျော်မှ ၈၃၉,၀၀၀ကျော်သို့မြင့်ဆက်ပြီး CPပြောင်းသစ်ကလည်းကျပ် ၈၁၆,၀၀၀ကျော်မှ ၈၃၉,၀၀၀ ကျော်သို့ ဈေးတက်လာသည်။
ဆီထွက်သီးနှံဈေးအပြောင်းအလဲ
နှမ်း
ပြည်ပ၀ယ်လိုအားအနည်းငယ်ရှိနေသဖြင့် နှမ်းFOB ဈေးနှုန်းက အတက်ဘက်မှာရှိနေသော်လည်း ပြည် တွင်းဈေးကျဆင်းလာသည်။
နှမ်းကို တရုတ်နိုင်ငံအပြင် အခြားသော ပြည်ပနိုင်ငံအချို့ကိုတင်ပို့နေပြီး ယခုရက်သတ္တပတ် နှမ်းFOB ဈေး ကအနည်းငယ် မြင့်တက်လာသည်။ နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ၃၀ ဈေးမြင့်တက်ပြီး၊ နှမ်းဖြူ တစ်တန်လျှင် ၁၀ဒေါ်လာဈေးမြင့်တက်သည်။
နှမ်းFOBဈေးနှုန်းက နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ ၂,၅၄၅/၂,၆၅၅မှ ၂,၆၇၅/၂,၆၈၅ ဒေါ်လာသို့ဈေးပြောင်းလဲပြီး နှမ်းဖြုတစ်တန်လျှင် ဒေါ်လာ ၁,၀၁၅/၁,၁၀၅မှ ၁,၁၁၅မှ၁,၁၂၅ သို့ဈေးပြောင်းလဲ သည်။ယခုရက်သတ္တပတ် ပြည်တွင်းနှမ်းဈေးက နှမ်းနက်(စမုံ) တစ်တန်လျှင် ကျပ် ၂၇၀,၀၀၀ ကျော်၊ နှမ်းဖြူ (ဂျ ပန်)တစ်တန်လျှင် ကျပ်၂၀,၀၀၀ ကျော်ဈေးကျဆင်း သည်။
မန္တလေးဈေးကွက်တွင် နှမ်းနက်(စမုံ)တစ်တန်လျှင် ကျပ်၁၀၂သိန်းကျော်မှ ကျပ်၉၉သိန်းကျော် သို့ဈေးကျပြီး နှမ်းဖြူ(ဂျပန်)တစ်တန်လျှင် ကျပ် ၃,၈၃၀,၀၀၀ ကျော်မှ ၃,၈၁၀,၀၀၀ ကျော်သို့ဈေး ကျဆင်းသွားသည်။
မြေပဲ
ဒေသစုံမှ မိုးရာသီစိုက်ပျိုးသော မြေပဲများ ဈေးကွက် ၀င်လာချိန် အရည်အသွေးအလိုက် မြေပဲဈေးက အ ပြောင်းအလဲရှိနေသည်။
ပြည်ပတင်ပို့နေသည့် မြေပဲ လုံးဆံ ဈေးက တစ်တန်လျှင် ဒေါ်လာ ၁,၃၅၅/၁,၃၆၅ ဖြင့်ဈေးငြိမ်နေသော်လည်း ပြည်တွင်းမြေပဲဈေးက အမျိုးအစားအလိုက် အပြောင်းအလဲအနည်းငယ်ရှိနေသည်။ မန္တလေး ဈေးကွက် တွင် မြေပဲ S1လုံးဆံတစ်တန်လျှင်ကျပ်၅၂သိန်း ကျော်မှ ၅,၁၄၀,၀၀၀ ကျော်သို့ ဈေးကျဆင်းသည်။ ထို့အပြင် S1ဆီဆံက တစ်တန်လျှင် ကျပ် ၄,၇၃၀,၀၀၀ ကျော်မှ ၄,၇၇၀,၀၀၀ ကျော် သို့ဈေးပြောင်းသွားသည်။
သို့သော် မြေပဲအနီလုံးဆံက တစ်တန်ကျပ် သိန်း ၅၀ ကျော်ဖြင့် ဈေးငြိမ်၍ မြေပဲအနီဆီဆံက တစ်တန် လျှင် ကျပ် ၄,၅၃၀,၀၀၀ ကျော်မှ ၄,၇၇၀,၀၀၀ ကျော်သို့ဈေးမြင့်တက်လာသည်။
စားဖိုဆောင်သီးနှံဈေးငြိမ်
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီက ရန်ကုန်ကို ကားအ၀င်များပြီး ပြည်ပ၀ယ်အားနည်းခြင်း ကြောင်း ဈေးအပြောင်းအလဲအနည်းငယ်သာရှိနေသည်။
ရန်ကုန်ဈေးကွက်တွင် ယခုရက်သတ္တပတ် ကြက်သွန်နီဈေးက ပျမ်းမျှ တစ်ပိဿာ ကျပ် ၃၅၀ မှ ကျပ် ၁,၈၀၀ ၀န်းကျင်ဈေးဖြင့် ဈေးကွက် စတင်ခဲ့ပြီးနောက် ကျပ် ၄၅၀မှ၁,၈၀၀သို့ ဈေး အနည်းငယ်သာပြောင်းလဲသည်။ ထို့အပြင်ရန်ကုန်ဈေးကွက်တွင်ရောင်းချသည့် ကြက်သွန်နီ အမျိုးအစားအများစုက ဈေးငြိမ်နေပါသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
mg bone
လွန်ခဲ့သော ၁၀ လ ကခုလိုသတင်းလေးတွေကြောင့် အစိမ်းရောင်လမ်းကိုအားပေးနေရတာ🥰🥰🥰
ကိုဟိန်း
လွန်ခဲ့သော ၁၀ လ ကသတင်းတွေ ဗဟုသုတတွေရပါတယ်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026