အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီထွက်ရာဒေသတွေ ရေကြီးလို့ ဈေးကွက်ထဲ ဈေးအနည်းငယ်မြင့်တက်လာ (ဈေးကွက်သုံးသပ်ချက်)

ကြက်သွန်နီထွက်ရာဒေသတွေ ရေကြီးလို့ ဈေးကွက်ထဲ ဈေးအနည်းငယ်မြင့်တက်လာ (ဈေးကွက်သုံးသပ်ချက်)

AMIA
AMIA • 13/09/2024

မတ်ပဲ

ပြီးခဲ့တဲ့အပတ်ထိ ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်း ဈေးတွေ ကျဆင်းသွားသလို FOB ဈေးနှုန်းကလည်း အနည်းငယ် ပြန်ကျဆင်းသွားပါတယ်။ လက်ရှိ အရောင်းအဝယ်ကတော့ ငြိမ်နေတဲ့အခြေအနေလို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲဈေးက ဆက်ပြီးတက်နိုင်တဲ့အခြေအနေလို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။ စက်တင်ဘာ နိုဝင်ဘာ ပွဲတော်ကာလအတွင်း ပဲ ဝယ်လိုအား မြင့်တက်လာတဲ့ အပြင်အသစ်အဝင်တွေ ရှိနေပေမယ့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့အတွက်ကြောင့် ဈေးကဆက်ပြီး မြင့်တက်နိုင်ခြေရှိတယ်လို့သိရပါတယ်။

ပြည်တွင်း မတ်ပဲ FOB ဈေးနှုန်းကတော့  တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၅ ဒေါ်လာ ဈေးကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၄၀၀၃၀၀၀   ရှိခဲ့ပါတယ်။ တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ တစ်တန်ကို ၃၉၁၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၃၉၁၀၀၀၀၊ ကြာသပတေးနေမှာ တစ်တန်ကို ၃၈၁၀၀၀၀ ပေါက်ဈေးရှိနေပြီး  ပြီးခဲ့တဲ့ အပတ်နဲ့  သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၂ သိန်းနီးပါးဈေးကျဆင်းသွားပါတယ်။

(SQ/RC) ကတော့ တစ်တန်ကို ၄၂၁၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၂၁၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၃၇၅   မှ  ၆၄၁၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၃၄၀  ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်က တစ်အိတ်ကို ၃၃၀၀၀၀ မှ ၃၄၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး က ၅၂၀၀ မှ ၅၃၀၀ ကြား ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

ကုလားပဲ

ဆက်တိုက်‌ဈေးကျဆင်းပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ်ဈေးနှုန်း ကျဆင်းသွားတာရော အမြင့်ဈေးကြောင့် ဝယ်လိုအားလျော့နည်းသွားတာကြောင့်ပါ ဈေးက ပြန်ကျဆင်းသွားတာလို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲခြမ်းကဈေးပြန်ကျပြီး  တစ်ပိဿာကို ၆၅၇၅ မှ ၇၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၇၈၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၇၀၀၀၀ မှ ၂၇၂၀၀၀  ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးအသီးသီးဈေး ကျဆင်းပါတယ်။ 

ပဲပုပ်

ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းသွားတဲ့ ပဲပုပ်က ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ ဆီအတွက် ဝယ်ယူမှု များပြားခဲ့တဲ့ပဲပုပ်က ၂ လ ဆက်တိုက် အတက်ဈေးနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလအစမှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားတဲ့အတွက် အဝယ်ပြန်သွက်လာပြီး ဈေးလည်း ပြန်တက်လာတာလို့သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ပဲပုပ်(ဆီတိုး) တစ်ပိဿာကို ၆၃၃၀ မှ ၇၁၇၀ ကျပ် (အထွက်တိုး)ကတော့တစ်ပိဿာကို ၆၁၆၅ မှ ၆၃၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့  ပဲပုပ်(ရှမ်း) က သုံးတင်းဝင် တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်၊ ပဲပုပ်(ဗမာ) က တစ်အိတ်ကို ၃၇၈၀၀၀  မှ ၃၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာပါတယ်။ ကြက်သွန်ထွက်ရာဒေသတွေမှာ ရေကြီးနစ်မြုပ်တာတွေ ကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာတွေ ကြုံတွေနေရပါတယ်။ နေ့စဉ်ဈေးကွက်ကို ပိဿာချိန်တစ်သိန်းအောက်သာ အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၁၄၀၀ မှ ၂၄၀၀  ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။ 

မြင်းခြံ၊ တောင်သာတို့ကတော့ တစ်ပိဿာကို ၁၃၀၀ မှ ၂၆၀၀ ကြား ရှိပြီး တစ်ပိဿာကို ၂၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးခင်မောင်မြင့်

ဦးခင်မောင်မြင့်

လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်နီမျိုးစေ့ဝယ်လိုသူမိတ်ဆွေများအတွက် အပင်ပေါက်နှုန်း၊ မျိုးစေ့အရည်အသွေး၊ ဥအရည်အသွေး၊ အာမခံစနစ်ဖြင့်_ရောင်းချပေးသွားပါမည်။ #အပင်ပေါက်နှုန်း__အဆင်မပြေပါက__မိမိတို့ဝယ်ယူသည့်အတိုင်း__အာမခံစနစ်ဖြင့်__ပြန်လည်လျော်ကြေးပေးသွားမှာပါ။ အသေးစိတ်သိလိုပါက ဦးခင်မောင်မြင့် ၀၉၂၆၀၂၇၉၂၇၂ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ ကြက်သွန်နီမျိုးစေ့ရောင်းဝယ်ရေး Viber - 09260279272 ဆက်သွယ်နိုင်ပါတယ်။ #မြန်မာတစ်နိုင်ငံလုံး_ကားဂိတ်မှ_တဆင့်ပို့ပေးပါတယ်.. K Pay WavePay ဖြင့်လည်း ငွေပေးချေလို့ရပါတယ် #OnionSeed #Onion #K2M #K2MOnionSeed #Myanmar #Sagaing #Monywa #Seed #ကြက်သွန်နီ #မျိုးစေ့ #ကြက်သွန် #ကြက်သွန်နီဥ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။