ဒီတစ်ပတ်မှာ ပဲစဥ်းငုံနီ ၊ မတ်ပဲ စျေးဆက်တိုက်ကျဆင်း (ဖေဖော်ဝါရီလ ၁၉ မှ ၂၃ ရက်အတွင်း)
ပဲစဥ်းငုံနီ ၊ မတ်ပဲ စျေးတွေက ဒီတစ်ပတ်အထိပါ ဆက်တိုက် ကျဆင်းလာနေပြီး ပဲတီစိမ်းက စျေးငြိမ်နေပါတယ်။
ပဲစဥ်းငုံနီ
ပဲစဥ်းငုံနီက ဒီတစ်ပတ်မှာလည်း စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပို့ကုန်ရငွေအပေါ် ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်ကတည်းက ပဲစဥ်းငုံနီစျေးက ကျဆင်းလာတာဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၈၃၀၀၀၀ ကျပ် ရှိပြီး တစ်တန် ကို ၁၃၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၆၀၀၀ ကျပ် ကျပ်စျေးပေါက်ပြီး တစ်ပတ်အတွင်း ၁၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
လတ်တလောမှာပို့ကုန်ရငွေမူဝါဒဂယက်ကြောင့် ဈေးကျနေပေမယ့် အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာ အတွက် မြန်မာ့ ပဲစဥ်းငုံနီကို လိုအပ်ချက်ရှိတာကြောင့် ပဲစဥ်းငုံနီစျေးကွက်က အိန္ဒိယရဲ့ ဝယ်လိုအားစျေးကောင်းပေးဝယ်ယူမှုအပေါ်လိုက်ပြီး စျေးက အတက်ဘက်ကို ပြန်ရောက်လာနိုင်တယ်လို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။
မတ်ပဲ
မတ်ကလည်း စျေးတွေဆက်တိုက်ကျဆင်းလာပါတယ်။
ပဲစဥ်းငုံနည်းတူ မတ်ပဲကလည်း Export ပဲအမျိုးအစားဖြစ်တာကြောင့် ပို့ကုန်ရငွေ မူဝါဒဂယက်ကြောင့် စျေးတွေ ဆက်တိုက်ကျဆင်းလာနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိန္ဒိယဘက်က မြန်မာ့မတ်ပဲကို လိုအပ်ချက်ရှိနေတာဖြစ်လို့ မြန်မာ့မတ်ပဲ စျေးကွက်က လက်ရှိနှုန်းထက် တာ့ ကျဆင်း နိုင်မယ့်အခြေအနေမရှိဘူးလို့သုံးသပ်ထားပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ တစ်တန်ကို ၃၀၇၀၀၀၀ ကျပ် ရှိပါ တယ်။ ပြီးခဲ့တဲ့ အပတ်စျေးကွက်နဲ့ယှဥ်ရင် ၁၁၈၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။
အလားတူ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ အရည်အသွေးလတ်တာက ပိဿာ ၆၀ ကို ၂၇၀၀၀၀ ကျပ်၊ မတ်ပဲအရည်အသွေးကောင်းတာက ပိဿာ ၆၀ ကို ၂၇၅၀၀၀ စျေးပေါက်နေတာကြောင့် ဒီတစ်ပတ် တစ်အိတ်ကို ၁၀၀၀၀ လောက်စျေးကျလာပါတယ်။
နယ်ကုန်စည်ဒိုင်တွေ မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၇၃၀၀ ကျပ်သာရှိပြီး ဒီတစ်ပတ်မှာ တစ်တင်းကို ၅၀၀၀ လောက် ကျလာပါတယ်။
ပဲတီစိမ်းစျေးကွက်
ဒီတစ်ပတ် ပဲတီစိမ်းက အတက်အကျမရှိ ရန်ကုန်ရော မန္တလေး စျေးကွက်မှာပါ စျေးငြိမ်နေပါတယ်။
ပဲတီစိမ်း အသစ်တွေ ကုန်စည်ဒိုင်တွေကို နယ်အစုံကနေ ဝင်ရောက်နေမှုရှိနေ ပြီး တရုတ် ကဝယ်လိုအား အေးနေတာကြောင့်လည်း အရောင်းအဝယ်အေးနေပြီး စျေးတန်းက ငြိမ်နေ တာဖြစ် ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ ၃၈၃၅ ကျပ် ရှိပါတယ်။
မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ကျပ်စျေးရှိပါတယ်။

ပဲကြီး/ထောပတ်ပဲစျေးကွက်
ပဲကြီးကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းလာတဲ့အပြင် ထောပတ်ပဲကလည်း ဈေးကွက်အတွင်း အဝင်သွက်နေလို့ ဈေးတွေက ကျဆင်းနေပါတယ်။
ပဲကြီးကပြည်တွင်းစားသုံးမှု အဓိက ပဲအမျိုးအစားဖြစ်ပေမယ့်လည်း လက်ရှိမှာ ပဲအသစ်တွေပေါ်နေ တဲ့အပြင် ပဲမျိုးစုံ ဈေးအကျဘက်ရောက်နေတာကြောင့်လည်း ပဲကြီး စျေးကပါ လိုက်ကျလာနေတာ ဖြစ်ပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲကြီး (ကြီး)က တစ်အိတ်ကို ၃၅၅၀၀၀ ကျပ် စျေးရှိပြီး အရင်တပတ်ကနဲ့ယှဥ်ရင် ၃၅၀၀၀ လောက်အထိ ကျဆင်းလာတာတွေ့ရပါတယ်။
ပဲကြီး (လတ်) နဲ့ ပဲကြီးသေး ကတော့ တစ်အိတ်ကို ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ် နဲ့ယှဥ်ရင် တစ်အိတ်ကို ၅၀၀၀ မှ ၂၀၀၀၀ ကျပ်အထိ စျေးကျလာတာဖြစ်ပါတယ်။
ပဲထောပတ်ကလည်း မန္တလေးဈေးကွက်မှာ အကြီး တစ်အိတ်ကို ၄၂၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ်၊ပဲကြီး အလတ်ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ ကနေ ၄၀၀၀၀၀ ကြား ရှိပြီး တစ်အိတ်ကို ၆၀၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
Ye Min Naing
လွန်ခဲ့သော ၂ နှစ် ကမတ်ပဲ စျေး အခြေနေ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026