မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျများ
မတ်ပဲ
တရိပ်ရိပ်ဈေးခုန်တက်လာတဲ့မတ်ပဲဈေးနှုန်းဟာ ဒီတစ်ပတ်အတွင်းမှာတော့ ရန်ကုန်ဘုရင့်နောက်ဈေးကွက်မှာ တစ်တန်ကို ၁၇ သိန်းထိ ရောက်သွားပါတယ်။ ဒီနေ့မှာ တစ်တန် ကျပ် ၅၀၀၀ စီဈေးကျသွားပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ကျပ် ၈ သောင်းကျော်ထိ ဈေးတက်လာတာပါ။
အိန္ဒိယနိုင်ငံမှာ မတ်ပဲထွက်နှုန်း ကျဆင်းတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းပဲကုန်သည်တွေက ကြိုတင် ဝယ်ယူသိုလှောင်မှုတွေရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဆက်ပြီး တက်နိုင်ခြေကတော့ ရှိပေမယ့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။
ဇူလိုင် ၁ ရက် မတ်ပဲဈေးနှုန်းများ (ရန်ကုန်ဘုရင့်နောင်ဈေးကွက်)
မတ်ပဲ (FAQ/RC-2022) - ၁၆၉၅၀၀၀ ကျပ် ( တစ်တန်ဈေးနှုန်း)
မတ်ပဲ (SQ/RC-2021) - ၁၉၁၅၀၀၀ ကျပ် ( တစ်တန်ဈေးနှုန်း)

ပဲစင်းငုံ
ပြီးခဲ့တဲ့အပတ်တုန်းက ဈေးအကျပိုင်းမှာရှိနေခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပြီး ရန်ကုန်ဘုရင့်နောက်ဈေးကွက်မှာ တစ်တန်ကို ၁၅ သိန်းနီးပါးထိ ရောက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၁၀၀၀၀ ကျော်ထိ ဈေးတက်လာတာပါ။
အိန္ဒိယမှာ ပဲစင်းငုံနီ စိုက်ဧက လျော့ကျတယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲစင်းငုံနီက ပြန်တက်လာတာဖြစ်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယ ဝယ်ယူမှုက လက်တလောငြိမ်နေပေမယ့် ကြိုတင်ဝယ်ယူသိုလှောင်မှုတွေကြောင့် ဈေးကွက်အတွင်း ဈေးပြန်လှုပ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁ ရက် ပဲစင်းငုံဈေးနှုန်း (ရန်ကုန်ဘုရင့်နောင်ဈေးကွက်)
ပဲစင်းငုံနီ (RC - 2021) - ၁၄၉၇၅၀၀ ကျပ် (တစ်တန်ဈေးနှုန်း)
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အဝင်များနေပြီး ဈေးအတက်အကျကတော့ အနည်းငယ်ပဲ ရှိနေပါတယ်။တရုတ်ကို အဓိက တင်ပို့နေတာဖြစ်လို့ တင်ပို့မှုကတော့ ပုံမှန်ပဲ ရှိနေတယ်လို့ သိရပါတယ်၊
ကြက်သွန်နီ
ကြက်သွန်နီကတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်အစပိုင်းက ဆက်တိုက်ဈေးတွေ ပြန်ကျခဲ့ပြီး ဇွန် ၂၉ ရက်ကစလို့ အနည်းငယ်စီပြန်တက်တာတော့ ရှိပါတယ်။ လက်ရှိပေါက်ဈေးထက် ပိုကျဆင်းသွားမှာ စိုးတဲ့အတွက် ပြန်လည်ထုတ်ရောင်းမှုတွေက ဈေးကွက်ထဲကို အဝင်များပြီး ဆက်တိုက် ဈေးပြန်ကျသွားတာလို့ သိရပါတယ်။ တောင်သူ၊ ကုန်သည်တွေအနေနဲ့ အဝင်ကို ထိန်းဖို့လိုတယ်လို့ ကြက်သွန်ကုန်သည်ကြီးတွေက အကြံပြုထားပေမယ့် မိုးရွာသွန်းမှုတွေကြောင့် အပျက်အစီးတွေ ရှိလာပြီး အရည်အသွေးပိုင်း မကောင်းမှုတွေ ရှိလာတာကြောင့် ဈေးအကျဘက်ဖြစ်လာတာလို့လည်း သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ နေ့စဉ်ကားအဝင်က ၁၅ စီးကနေ အစီး ၃၀ ကြား ရှိနေပြီး အမျိုးအစားအလိုက် တစ်ပိဿာကို ၁၁၀၀ ကနေ ၁၇၀၀ ကြားပေါက်ဈေးရှိကာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၂၀၀ လောက် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ပြီးခဲ့တဲ့အပတ်တုန်းက ပြန်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေ ပြန်များလာတဲ့အတွက်ကြောင့် ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၆၀၀ ကနေ ၂၈၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆက်တိုက်ဈေးတက်နေတဲ့ ရှမ်းကြက်သွန်ဖြူကလည်း ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၂၀၀ ကနေ ၃၇၀၀ ထိပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026