အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီဈေး တဖြည်းဖြည်း အကျဘက်ပြန်ရောက်နေ

ကြက်သွန်နီဈေး တဖြည်းဖြည်း အကျဘက်ပြန်ရောက်နေ

Green Way
Green Way • 25/06/2022

ရန်ကုန် ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးဟာ ဒီတစ်ပတ်အတွင်းမှာ အကျဘက်ကို တဖြည်းဖြည်း ပြန်ရောက်လာနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့တဲ့ ဈေးနှုန်းဖော်ပြ ချက်တွေအရ သိရပါတယ်။ 

ဒီတစ်ပတ် ဇွန် ၂၀ ရက်မှာ အဖွင့်ဈေးအနေနဲ့ ကြက်သွန်နီ(ဆိပ်ဖြူရှယ်-သစ်) ဟာ တစ်ပိဿာ ၁၇၅၀ ကျပ် ရှိခဲ့ပြီး ဇွန် ၂၁ ရက်မှာ ၁၉၀၀ ကျပ်ထိ ပြန်တက်လာပေမယ့် တဖြည်းဖြည်း ပြန်ကျသွားတာဖြစ်ပါတယ်။ ဇွန် ၂၄ ရက် သောကြာနေ့အပိတ်ဈေးမှာတော့ တစ်ပိဿာ ၁၇၀၀ ကျပ်ထိ ရောက်သွားတာဖြစ်ပါတယ်။

ဘုရင့်နောင်ဈေးကွက်ကို ကြက်သွန်နီကားအဝင်ကတော့ ဆက်လက်ရှိနေပေမယ့် အရည်အသွေးပိုင်း ကတော့ အားနည်းနေကြောင်းသိရတယ်လို့တော့ AMIA ရဲ့ သတင်းဖော်ပြချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။ 

ဇွန် ၂၄ ရက်(သောကြာနေ့) ကြက်သွန်ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ     1700 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ    1600 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ     1450 ကျပ်

ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ     1100 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်)  (၁)ပိဿာ      ၂၈၀၀ မှ ၃၀၀၀ ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ      2300 ကျပ်

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။