ဆန်၊ စပါး၊ ကြက်သွန်နီဈေးများတက်၊ ပဲဈေးများလည်းတက်၊ မတ်ပဲဆက်တက်နိုင်ခြေရှိ
ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ယခုတစ်ပတ်အတွင်း ဆန်ဈေး၊ ပဲဈေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေး တွေ အားလုံးတက်လာပါတယ်။
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေက အရောင်းအဝယ်အေးနေသလို ဈေးလည်းအေး နေပါတယ်။ ဆန်ကြမ်းဈေးတွေကတော့ အနည်းငယ်တက်ပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာ တော့ စပါးဈေးရော ဆန်ဈေးရော တက်လာပါတယ်။
ယနေ့ရန်ကုန်ဈေးကွက်ဆန်ဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ
ဧည့်မထ (ဆန်ကြမ်း) (တစ်အိတ်) - ၃၁၅၀၀ - ၃၂၀၀၀ ( ၁၅၀၀ ကျပ် ဈေးတက်)
ဧည့်မထ ၂၅ % (တစ်အိတ်) - ၃၀၅၀၀ - ၃၁၅၀၀ (၃၀၀၀ ကျပ် ဈေးတက်)
ငစိန်ဆန် (တစ်အိတ်) ၃၁၀၀၀ - ၃၂၀၀၀ (၃၅၀၀ ကျပ် ဈေးတက်)
သီးထပ်ဆန် (တစ်အိတ်) ၃၁၀၀၀ - ၃၂၀၀၀ ( ၅၀၀ ကျပ် ဈေးတက်)
ဧရာဝတီတိုင်းဈေးကွက်ဆန်စပါးဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ
ပုသိမ်ပေါ်ဆန်းစပါး (တင်း ၁၀၀) - ၁၂ သိန်း ၁ သောင်း (၉၇၀၀၀ ကျပ် ဈေးတက်)
ပေါ်ဆန်းဆန် (တစ်အိတ်) - ၄၉၀၀၀ (၂၀၀၀ ကျပ်ဈေးတက်)
ပုသိမ်ဧည့်မထစပါး (မိုးနှင့်နွေ) (တင်း ၁၀၀) - ၇၇၅၀၀၀ - ၈၂၈၀၀၀ (၂၈၀၀၀ ကျပ် ဈေးတက်)
မြောင်းမြဈေးကွက်ဆန်စပါးဈေးများနှင့် တစ်ပတ်အတွင်းဈေးအတက်အကျများ
မြောင်းမြပေါ်ဆန်းစပါး (တင်း ၁၀၀ ) - ၁၂ သိန်း (၈၀၀၀ ကျပ်ဈေးတက်)
မြောင်းမြပေါ်ဆန်းဆန် (တစ်အိတ်) - ၄၈၅၀၀ (၁၀၀၀ ကျပ်ဈေးတက်)
မြောင်းမြဧည့်မထစပါး(မိုး နှင့် နွေ) (တင်း ၁၀၀) - ၇၈၂၀၀၀ - ၈၃၇၀၀၀ (၄၆၀၀၀ ကျပ် ဈေးတက်)
ဒေးဒရဲပေါ်ဆန်းနဲ့ ဖျာပုံပေါ်ဆန်းတို့ကလည်း တင်း ၁၀၀ ကို ၃၅၀၀၀ လောက် ဈေးတက်လာပြီး ၁၁၅၄၀၀၀ ကနေ ၁၁၈၅၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၂၀၀၀ နီးပါး ဈေးတက်လာပြီး ၄၈၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
မတ်ပဲ
မတ်ပဲက ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၅ သိန်းကျော်ထိ ဈေးကတက်လာပါတယ်။ အိန္ဒိယနိုင်ငံက ပဲဝယ်ယူနဲ့ပတ်သတ်ပြီး ဈေးတိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်တွင်းပဲဈေးတွေက ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ ပဲဈေးကတော့ လက်ရှိမှာ ထပ်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက မျှော်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၅ သိန်း ၃ သောင်းနီးပါးအထိပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၄ သောင်းလောက်ဈေးတက်လာတာပါ။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ ၄၈၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၈၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၉၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့အပတ်က အနည်းငယ်တက်လာတဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း ဆက်ပြီး တက်လာပါတယ်။ မတ်ပဲလောက် အတက်အကျမကြမ်းပေမယ့် အိန္ဒိယနိုင်ငံ ထုတ်ပြန်တဲ့ ဈေးမြင့်ပဲထဲမှာ ပဲစင်းငုံနီလည်း ပါဝင်လို့ ပြန်လှုပ်ခတ်လာတာဖြစ်ပါတယ်။
ပဲစင်းငုံနီကတော့ လက်ရှိအခြေအနေအရ တက်နိုင်ခြေရှိသေးပေမယ့် အများကြီး တက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်အချို့ကသုံးသပ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၉ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းလောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၉၀၀၀ ကနေ ၁၃၁၀၀၀ ကြား ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၃၀၀၀ ကနေ ၄၃၃၀၀ ကြား အရောင်းအဝယ်ရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲဈေးတွေကလည်း ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ် ပြန်ကျဆင်းသွားလို့ ဝယ်ယူမှု မြင့်တက်လာပြီး ဈေးတွေ ပြန်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၄၁၅ ကနေ ၂၄၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းသွားပေမယ့် ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၂၅၈၀ မှ ၂၇၂၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃၁၅၀ ကနေ ၃၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်၊
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၃၈၅၀၀ ကနေ ၁၃၉၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ်၊ကုလားပဲ (v2) က တစ်အိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ် ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်နဲ့ အောင်လံဈေးကွက်တွေမှာလည်း အမျိုးအစားအလိုက် အားလုံးဈေးပြန်တက်လာပါတယ်။

ကြက်သွန်နီ
ဒီတစ်ပတ်အတွင်း အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ ကြက်သွန်နီဈေးတွေကတော့ နေ့တိုင်းကို ဈေးတက်နေတာဖြစ်ပြီး အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၃၀၀ ကနေ ၄၀၀ ကျော်အထိ အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....