အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျုံ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်တို့၏ တစ်ပတ်အတွင်းဈေးကွက်သုံးသပ်ချက်

ဂျုံ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်တို့၏ တစ်ပတ်အတွင်းဈေးကွက်သုံးသပ်ချက်

AMIA
AMIA • 07/10/2023

၂.၁၀.၂၀၂၃ မှ ၆.၁၀.၂၀၂၃ အထိ ဈေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။

ဂျုံ

ဆက်တိုက်အမြင့်ဈေးနဲ့ရှိနေတဲ့ ဂျုံဈေးက ဈေးပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ ပြည်ပကနေ  အဝင်ရှိနေတာဖြစ်တဲ့အတွက် အနည်းငယ်ကျဆင်းသွားတာ ဖြစ်ပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။

မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ) တစ်အိတ် ကို ၁၇၀၀၀၀ မှ ၂၁၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့  နယ်စုံကနေ အဝင်များ အဝင်သွက်နေတဲ့အတွက် ဈေးအတက်အကျရှိနေပေမယ့် အများကြီး ဈေးကျဆင်းသွားတာမျိုး မရှိပါဘူး။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် ဝင်ရောက်မှု ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာ)တို့က တစ်ပိဿာကို ၂၁၅၀ မှ ၃၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲကို အဝင်များနေပြီး ပြည်တွင်းကြက်သွန်တွေ လည်း အဝင်ရှိနေတဲ့အတွက် ဈေးကျဆင်းနေတာ ဖြစ်တယ်လို့သိရပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၁၀၀ မှ ၇၂၀၀ ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ရှမ်းကြက်သွန်ကတော့ ဝယ်လိုအား ကောင်းပြီး ‌ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ တစ်ပိဿာကို ၇၃၀၀ မှ ၈၇၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာတာပါ။

ငရုတ်

ငရုတ်ကတော့ ပြည်ပဝယ်လိုအား မရှိတဲ့အတွက်ဈေးက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ ဈေးငြိမ်နေခဲ့တာ ဖြစ်ပြီး အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဈေးတွေ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့မှုတွေ ရှိနေပေမယ့် လက်ရှိမှာတော့ တင်ပို့မှု နည်းပြီး ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ငရုတ်(ပန်းရဲ) က တစ်ပိဿာကို  ၇၀၀၀ မှ ၉၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ငရုတ်(မျှားနီ)ကလည်း တစ်ပိဿာကို၇၀၀၀ မှ ၉၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ငရုတ်(အိမ်မဲ)ကလည်း တစ်ပိဿာကို ၆၀၀၀ မှ ၇၀၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဆင်ဖြူကျွန်း(ပု) နှင့် မြစ်ဝကျွန်းပေါ် (ပု)တို့ ကတော့ တစ်ပိဿာကို ၁၄၀၀၀ မှ ၁၆၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။

နှမ်းစျေးကွက်

နှမ်းမျိုးစုံဈေးကွက်ကတော့ တရုတ်ဝယ်လက်ပေါ်မူတည်ပြီး ဈေးအတက်အကျ အနည်းငယ်ရှိနေပါတယ်။ တရုတ်ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်အနည်းငယ်သွက်နေပြီး ဈေးကတော့အများကြီး ကျဆင်းသွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၈၅၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၅၅၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ နီးပါးဈေးတက်လာပါတယ်။ နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၆၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပြီး နှမ်းညိုကတေ့ာ ဈေးကွက်ထဲ အဝင်များနေပြီး အဝယ်မသွက်တဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။ တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျ ဆင်းသွားတာပဲဖြစ်ပါတယ်။

 စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
ကိုမျိုး

ကိုမျိုး

လွန်ခဲ့သော ၂ နှစ် က

နှမ်းနက် စျေးကတက်ဖိုအလားလာရှိပါသလာခင်ဗျာ

sukyawsu

sukyawsu

လွန်ခဲ့သော ၂ နှစ် က

yes...

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။