အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုတစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

ယခုတစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

AMIA
AMIA • Greenovator • 15/02/2019

ဆန်၊စပါး

ရန်ကုန်ဈေးကွက်မှာတော့ ဈေးကလက်ရှိအချိန်အထိ ငြိမ်နေပါတယ်။ ထမင်းကောင်းရင် ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်ကတော့ ပြီးခဲ့တဲ့အပတ် တရုတ်နှစ်ကူးကတည်းက အေးနေခဲ့တာလည်းဖြစ်ပါတယ်။ 

ပုသိမ်ဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရော ငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုနှုန်းကတော့ အနည်းငယ်ဈေးတက်တယ်လို့ စပါးကုန်သည်တွေကနေတဆင့် သိရပါတယ်။ 

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဈေးကျဆင်းသွားတယ်ဆိုပေမယ့် ရုတ်တရက်ထိုးကျသွားတာမဟုတ်ပဲ တစ်ဖြည်းဖြည်းကျဆင်းသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မတ်ပဲက စောင့်ကြည့်နေတဲ့ ကာလဖြစ်နေပါတယ်။ မတ်ပဲအသစ်တွေကလည်း ဈေးကွက်ထဲကို ဝင်လာပေမယ့်လည်း အရောင်းအဝယ်က အေးနေပါတယ်။

လက်ရှိမှာ အိန္ဒိယကလည်း တင်ပို့မှုပိတ်တယ်လို့ဆိုပေမယ့်လည်း လိုအပ်ချက်အလိုက် ဝယ်ယူမှု လုပ်နေတာဖြစ်တဲ့အတွက် အလုံးစုံပိတ်လိုက်တဲ့အခြေအနေ မဟုတ်သေးပါဘူး။ ဝယ်ယူသူတွေအနေနဲ့ လက်ရှိမှာ ဝယ်ယူထားသင့်တယ်လို့ အကြံပြုမှုတွေရှိသလို ဈေးကို စောင့်သင့်တယ်လို့လည်း သုံးသပ်သူများလည်းရှိပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်အတွင်း သုံးသောင်းလောက် ဈေးကျဆင်းသွားခဲ့ပြီး တစ်တန်ကို ၆ သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၀၀၀ ရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်တက်လာပြီး နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ ရှိပြီး တစ်တင်းကို ၂၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိကတော့ တစ်တန်ကို ၇ သိန်းအထက်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ပဲစင်းငုံနီက မတ်ပဲကလောက် ဈေးကွက်အတွင်း လှုပ်ခတ်မှု သိပ်မရှိပါဘူး။ ပဲအသစ်တွေကလည်း ဆက်တိုက်ကို ဝင်ရောက်နေတာဖြစ်တဲ့အတွက် ဈေးကတော့ အပြောင်းအလဲ နည်းနည်းငြိမ်နေပြီး အရောင်းအဝယ်ကလည်း ပုံမှန်အနေအထားရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ယခုအချိန်မှာတော့ ပဲစင်းငုံနီက အနိမ့်ဈေးနဲ့ရခဲ့ပေမယ့် ဒီနှစ်ပဲအသစ်ပေါ်ချိန်မှာတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇ သိန်း ၂ သောင်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၅၆၀၀ ရှိပြီး၈၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိမှာ ပုံမှန်အနေအထားနဲ့ ရှိနေပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲက ဈေးကောင်းရရှိနေပြီး အရည်အသွေးမကောင်းတဲ့ ပဲကတော့ အနိမ့်ဈေးနဲ့ရရှိနေပါတယ်။ လက်ရှိမှာတော့ ပဲဝင်ရောက်မှုက နည်းနေတဲ့အတွက် အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့သိရပါတယ်။

မုံရွာကုန်စည်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၆၅၀၀ ကနေ ၃၀၂၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက် လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပြီး တစ်တင်းကို ၇၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၃၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းအသေးက တစ်တင်းကို ၂၄၂၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ အသစ်တွေကလည်း ဈေးကွက်ထဲကို ဝင်လာပြီဖြစ်တဲ့အတွက် ဈေးကတစ်ဖြေးဖြေးတက်လာခဲ့ပါတယ်။ အိန္ဒိယက ကုလားပဲကို အခြားပြည်ပကနေလည်း တင်သွင်းသလို မြန်မာနိုင်ငံကနေလည်း အနည်းငယ် တင်သွင်းတာ ဖြစ်ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ ကုလားပဲသိုလှောင်မှုများတဲ့အတွက်ကြောင့် လပိုင်းအတွင်း ရောင်းမထုတ်ပါက ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ အိန္ဒိယကပဲကုန်သည်တွေက တစ်ညီတစ်ညွတ်ထဲ ထုတ်ပြန်ထားပါတယ်။ အရည်သွေးပိုင်းမှာ ဆုံးရှုံးမှုဖြစ်မှာမို့ အလျင်အမြန်ထုတ်ရောင်းဖို့ကိုလည်း အိန္ဒိယအစိုးရထံတိုက်တွန်းထားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၂၀၀၀ ကနေ ၂၅၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၅၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါကြီး နဲ့ ကုလားပဲလုံးဖြူကြီး တို့ကတော့ တစ်တင်းကို ၂၄၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၂၁၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်ကို ၂၃၅၀၀ ကျပ်ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၅၃၃၀ ရှိပြီး ၃၃၀ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတော့ တစ်တင်းကို ၂၅၅၀၀ ရှိပြီး ၁၅၀၀ ကျပ်အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။