ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ လက်ရှိအချိန်ထိ ဈေးကတည်ငြိမ်မှုမရှိသေးတာကိုလည်းတွေ့ရပါတယ်။ အတက်အကျ အပြောင်းအလဲကလည်း များပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာနဲ့ယှဉ်လိုက်ရင်တော့ ဈေးကအတော်hကို ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိမှာ အိန္ဒိယရဲ့ ဝယ်လိုအားအခြေအနေကို ကြည့်ပြီး မတ်ပဲက ဈေးထက်ပြီး တက်နိုင်တယ်လို့ ကုန်သည်အများစုက သုံးသပ်ပေမယ့် ဈေးကွက်ထဲမှာ မတ်ပဲလက်ကျန်တွေက အများအပြားကျန်ရှိနေတာ ဖြစ်တဲ့အတွက် အဟောင်းလက်ကျန်တွေကိုသာ ဈေးဖြတ်ရောင်းချနေခဲ့ရပါတယ်။ လက်ရှိရောင်းချမှုတွေက အိန္ဒိယတစ်ခုထဲ မဟုတ်ပဲ အခြား နိုင်ငံတွေကိုသာ ရောင်းချနေရတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ကုန်သည်အများစုကလည်း မတ်ပဲအခြေအနေက ၂၀၁၉ ခုနှစ်မှာ ကောင်းနိုင်မှာလား ဆိုးမှာလားဆိုတာ ခန့်မှန်းဖို့အတွက် တွေဝေနေပါတယ်။ အိန္ဒိယအခြေအနေကလည်း လက်ရှိအချိန်ထိ တိကျမှုမရှိသေးတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ မတ်ပဲက ၇ သိန်း နဲ့ ဈေးရှိနေပြီး တင်ပို့မှုများတဲ့နေ့ဆိုရင်တော့ ၇ သိန်းအောက်ဈေးက ရောက်သွားတာတွေ့ရပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာလည်း မတ်ပဲက တစ်တင်းကို ၂၃၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပြီး နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၃၀၀ နဲ့ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးကကျဆင်းနေတယ်ဆိုပေမယ့် လက်ရှိမှာ မတ်ပဲထက် ဈေးများနေတာကိုတွေ့ရပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်ကနေ ပဲအဟောင်းကိုတွေကို ဆက်တိုက်တင်ပို့နေတာတွေ့ရပြီး တင်ပို့မှုကတော့ နည်းတာလည်း တွေ့ရပါတယ်။ တင်ပို့မှုနည်းတာ ဖြစ်တဲ့အတွက်ကြောင့် ဈေးက မြင့်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။
ပဲအသစ်တွေကလည်းဆက်တိုက်ဝင်ရောက်နေပြီး ဈေးကလည်း မတ်ပဲ နဲ့ ဈေးအတူတူ ဖြစ်နေပါတယ်။ အိန္ဒိယက ပဲစင်းငုံနီလိုအပ်ချက်က မတ်ပဲထက် များနေတာကိုလည်းတွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ ၂၀၁၉ မှာ မျှော်လင့်ချက်ရှိနိုင်တဲ့ ပဲလည်းဖြစ်နေပါတယ်။ တောင်သူတွေက အထက်ပါအချက်ကို စောင့်ပြီး ထုတ်ရောင်းမှုနည်းနေတာကိုလည်းတွေ့ရပါတယ်။
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ၇ သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာမှာတော့ တစ်တင်းကို ၂၅၈၀၀ ကျပ်ရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတ့ တစ်တင်းကို ၂၅၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ရက် ပဲပေါ်ခါနီး အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့အတွက်ကြောင့် ပဲအရည်အသွေး ထိခိုက်နိုင်ပြီး ဈေးကလည်း ကျဆင်းနိုင်ခြေရှိပါတယ်။ ထွက်ရှိပြီးသားပဲတွေကတော့ အရည်အသွေးကောင်းတဲ့အတွက် ဈေးကောင်းရနိုင်ခြေရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဈေးအတက်အကတည်ငြိမ်မှုမရှိပါဘူး။ လက်ရှိမှာက ပဲအဝင်လှိုင်နေချိန်ဖြစ်တဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေပါတယ်။
မုံရွာဈေးကွက်မှာ ပဲတီစိမ်း (အကြီး၊သေး)က တစ်တင်းကို ၂၉၅၀၀ ကနေ ၃၀၇၅၀ ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ အသေးက တစ်တင်းကို ၂၄၂၀၀ ရှိပြီး ၁၄၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ပခုက္ကူမှာလညး တစ်တင်းကို ၂၉၇၀၀ ရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ပြီးခဲ့တဲ့ အပတ်က အဝင်နည်းပြီး ဈေးတက်ခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတာ့ ဈေးက အတော်ကို ကျဆင်းသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကြက်သွန်တွေ အဝင်များပြီးဈေးက ကျဆင်းသွားခဲ့သလို အချိန်အခါမဟုတ်မိုးရွာတဲ့အတွက်ကြောင့် ကြက်သွန်တွေ ပျက်စီးမှုရှိခဲ့ပြီးဈေးက ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိမှာ ဈေးတွေ ကျဆင်းနေတဲ့ ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေတဆင့် တင်ပို့နိုင်ဖို့အတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိအခြေအနေက တင်ပို့မှုတွေရှိနေပေမယ့် တရုတ်ကြက်သွန်တွေထက်ဈေးများနေခြင်း၊ ပြည်တွင်းစားသုံးမှုများနေခြင်း၊ ပုပ်သိုးလွယ်နေခြင်းတို့ကြောင့် ပြည်ပတင်ပို့မှုက နည်းနေတာလည်းဖြစ်ပါတယ်။
ကြက်သွန်အဓိကထွက်တဲ့ ပခုက္ကူမှာတော့ ကြက်သွန်နီကတစ်ပိဿာကို ၁၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၂၀၀ ကနေ ၈၀၀ ရှိပြီး ၁၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ နယ်ပေါင်းစုံက ဝင်တဲ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၁၂၀၀ ရှိပြီး ၂၅၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။
ဝတ်ရည်မွန် (AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....