တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ဆန်ဈေးက တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကို တရားဝင်ကိုတာစနစ် ကုန်ပစ္စည်းဖလှယ်သည့်စနစ်(ဘာတာ) စနစ်နဲ့ ပါတင်ပို့ရောင်းချနိုင်ဖို့အတွက် နှစ်နိုင်ငံညှိနိုင်းဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျဆင်းနေတဲ့ဆန်နဲ့စပါးဈေးနှုန်းတွေက အနည်းငယ် ဈေးပြန်မာလာခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာမြောင်းမြပေါ်ဆန်းကတစ်အိတ် ကို၄၁၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်ထောင်ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၃၀၀ကန ၂၁၅၀၀ ပေါက်ဈေးရှိပြီး၁၀၀၀ ကျပ်ဝန်းကျင်၊ ရက် ၉၀ ဆန်ကတစ်အိတ် ကို ၂၁၃၀၀ကနေ ၂၄၀၀၀ကျပ် ရှိပြီး ၅၀၀ ကျပ်၊အသီးသီးဈေးတက်လာခဲ့ပါတယ် ။
မြောင်းမြနဲ့ ဖျာပုံးဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရောတက်လာခဲ့ပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ ၂၀၀၀၀ ကျပ်၊ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၆၁၀၀၀ပေါက်ဈေးရှိပြီ ၉၀၀၀ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကလည်းဒီတစ်ပတ်မှာ ဈေးကျဆင်းလာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၅၅၀၀၀ကနေ ၈၇၁၀၀၀ ကြားဈေးရှိပြီး၊ ၁၃၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၈၄၀၀၀ ရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၈၈၀၀ ရှိပြီ ဈေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို၂၅၀၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံဘက်က နည်းနည်းချင်းစတင်ဝယ်ယူနေပြီဖြစ်ပေမဲ့ ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၉၄၆၀၀၀ကျပ် ရှိပြီး ၁၁၀၀၀ ကျပ် ပြန်ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၃၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၃၁၅၀၀၀ ကျပ် နဲ့ ၂၀၀ ကျပ်၊ ဈေးကျလာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၁၆၆ ကျပ် နဲ့ ၁၁၆၆ ကျပ် ဈေးတက်လာပါတယ်။ ဒီနှစ်မှာတော့ အိန္ဒိယအစိုးရက ပြည်ပကနေ ပဲစင်းငုံတန်ချိ န် လေးသိန်းအထိတိုးမြင့်ဝယ်ယူ သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ ပဲစင်းငုံလက်ကျန်က တန်ချိန် ငါးသောင်းဝန်းကျင်သာရှိတော့တယ်လို့ ကုန်သည်တွေကပြောဆိုထားကြပါတယ်။
ပဲစင်းငုံနီ
ပြည်တွင်းဈေးကွက်မှာ တရုတ်ကဝင်နေတဲ့ ကြက်သွန်ဖြူကြူကုတ် (အဟောင်း) တွေကအဝင်နည်းလာတဲ့အတွက်ဈေးက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ ဒါကြောင့် ဗမာကြက်သွန်ဖြူတွေလည်း ဈေးလိုက်ပါမြင့်တက်နေတာပါ။ လက်ရှိမှာလည်း မှုဆယ်-တရုတ်နယ်စပ်နဲ့ မြဝတီတို့ကို အထိုက်အလျောက် တင်ပို့ရောင်းချနေရတာကြောင့် ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူကြူကုတ်က တစ်ပိသာကို ၂၉၀၀ ကနေ ၃၃၅၀ ပေါက်ဈေးရှိပြီ၅၀၀ကျပ်ထပ်မံမြင့်တက်လာပါတယ်။ ကြက်သွန်ဖြူ (အောင်ပန်း)ကလည်း တစ်ပိသာကို ၂၀၀၀ကနေ ၃၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မြင်းခြံဈေးကွက်မှာလည်း ကြက်သွန်ဖြူ (ကြူကုတ်)က တစ်ပိသာကို ကျပ် ၃၂၀၀ဈေးရှိပြီး ၂၀၀ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဈေး မြင့်တက်လာပါတယ်။ ပြည်ပတင်ပို့မှု သိပ်မရှိပေမဲ့ တရုတ်နယ်စပ်ကို အထိုက်အလျောက် တင်ပို့ရောင်းချနေရတာဖြစ်လို့ ဒီရက်ပိုင်းမှာ နယ်ဈေး ကတစ်ပိသာ ကို ၃၀၀လောက် ဈေးမြင့်တက်လာပါတယ်။ ဈေးတက်တဲ့အတွက် အရောင်းအဝယ်ကလဲ အေးနေပါတယ်။ ပခုက္ကူဈေးကွက်မှာ ကြက်သွန်နီက တစ်ပိသာကို ၆၅၀ကနေ ၈၁၃ ကျပ်အထိ ဈေးရှိပြီး ၇၅ကျပ် ဝန်း ကျင် ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာလည်း ကြက်သွန်နီးက တစ်ပိသာကို ကျပ် ၆၇၅ကနေ ၇၈၈ ကျပ်ဈေးရှိပြီး၊ ၅၀ကျပ် ဝန်းကျင် ဈေးတက်လာပါတယ်။
စိုးချစ်ချစ်ပိုင်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....