ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
(၁၆.၉.၂၀၁၉ မှ .၂၀.၉.၂၀၁၉)ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝါးတန်းဈေးကွက်မှာလည်း ပထမတန်းစား ဆန်တွေ ဖြစ်တဲ့ ပေါ်ဆန်းတွေက ဈေးကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။
ဧရာဝတီဆန်စပါးဈေးကွက်မှာလည်း စပါးဈေးတွေရော ဆန်ဈေးတွေ ရော ဈေးက ကျဆင်းသွားပါတယ်။ အသစ်တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် အရောင်းအဝယ်နည်းပြီး ဈေးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ပေါ်ဆန်းဖျာပုံက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊ မော်ကျွန်းပေါ်ဆန်းက တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၈၀၀၀ ကျပ်ရှိပြီး ၂၅၀၀ ကျပ်၊ ဘိုကလေးပေါ်ဆန်းက တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက ၄၀၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ ၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၁၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ဆန်ကတစ်အိတ်ကိုဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ဆန်ကတစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၄၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၈၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသစ်တွေထွက်ရှိတော့မှာဖြစ်တဲ့အတွက် ထွက်ရှိလာတဲ့ စပါးတွေကို ဈေးနှုန်းသတ်မှတ် ဝယ်ယူပေးရန် တောင်သူများက တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။
မတ်ပဲ(FAQ/RC)
မတ်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ်လှုပ်ခတ်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း အိန္ဒိယကို ပဲအပြီး တင်သွင်းမှုပြုလုပ်ရမှာဖြစ်တဲ့အတွက် ကုန်သည်တွေက ပြန်အဝယ်လိုက်လာပြီးဈေးက အနည်းငယ်ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၇၇၉၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၁၅၀၀ ကျပ် နဲ့ ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ ပဲဈေးကွက်အတွင်း ဈေးတက်မယ် ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲဈေးကွက်အတွင်း လှုပ်ခတ်နေပြီး ချင့်ချိန်ဝယ်ယူမှုတွေ ပြုလုပ်ရန် ကုန်သည်ကြီးတွေက ပြောဆိုထားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံး အရောင်းအဝယ်မရှိပဲ ငြိမ်နေခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာလည်း အကျဈေးနဲ့ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးတက်လာပြီး ၈၅၅၀၀၀ နဲ့ ဈေးပြန်ဖွင့် ခဲ့ပါတယ်။မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၇၆၀၀ နဲ့ ၂၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၉၀၀၀ ကျပ် နဲ့ ၅၀၀ ကျပ်ဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ ၅၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်ထဲကို အဝင်များ နေပြီးအရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာရှိတဲ့အတွက်ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဈေးအမြင့်ရှိနေတဲ့ ပဲတီစိမ်းခရမ်းရွှေဝါက တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်လောက်ကျဆင်းသွားပါတယ်။ ပဲခူးရွှေဝါကလည်း တစ်ပိဿာကို ၁၉၀၀ ကနေ ၂၀၀၀ ရှိပြီး ၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ ပဲတီစိမ်းအကြီးက တစ်တင်းကို ၃၂၂၅၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၅၇၅ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းအသေးက တစ်တင်းကို ၃၃၄၀၀ ပေါက်ဈေးရှိပြီး ၃၉၀၀ ကျပ်ဈေး တက်လာ ပါတယ်။
ကြက်သွန်နီ
ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေကြောင့် တင်ပို့မှုရပ်နားထားတဲ့အတွက်ပြည်တွင်း ကြက်သွန်ဈေးတွေ ကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်လာပြီ ဖြစ်တဲ့အတွက်ဈေးက ပြန်တက်လာခဲ့ပါတယ်။ နေ့စဉ် ကုန်အဝင်ကတော့ တန်ချိန် ၅သောင်းခန့်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီကတစ်ပိဿာကို ၅၂၅ ကျပ်ကနေ ၉၇၅ ကျပ်ပေါက်ဈေးရှိြ့ပီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၅၀၀ ကနေ ၇၂၅ ပေါက်ဈေးရှိပြီး ၇၅ ကျပ်လောက် ဈေးတက်လာပါတယ်။
အာလူး
အာလူးဈေးကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂၇၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၂၀ လောက်ဈေး ပြန်တက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026