အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရသာထူးခြားကောင်းမွန်သည့် ပြင်ဦးလွင်မှ ကညွှတ်ကို စားသုံးသူပိုများပြား

အရသာထူးခြားကောင်းမွန်သည့် ပြင်ဦးလွင်မှ ကညွှတ်ကို စားသုံးသူပိုများပြား

    ရေ၊ မြေ၊ တောတောင်သဘာဝကွာခြားမှုကြောင့် အရသာထူးခြားကောင်းမွန်သည့် ပြင်ဦးလွင်ကညွတ်များကို စားသုံးသူများ ပိုနှစ်သက်ကြောင်း ကညွတ်ဈေးကွက်မှ သိရသည်။

    မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ ပြင်ဦးလွင်မှ စိုက်ပျိုးသည့် ကညွတ်နှင့် ဟင်္သာတ၊ ကျောက်ဆည်၊ မြင်းခြံ၊ မြစ်သား၊ မန္တလေးအောက်ပိုင်းဒေသများမှ စိုက်ပျိုးသည့် ကညွတ် မျိုးချင်းတူသော်လည်း အရသာကွာခြားနေသည်ဟု သိရသည်။

မေမြို့ကညွတ်က အောက်ပိုင်းကညွှတ်ထက်စာရင် စျေးရပါတယ်။ တစ်ဧက လှိုင်တဲ့ရက်ဆို တစ်နေ့ အချိန်ရှစ်ပိဿာထွက်တယ်။ အောက်ပိုင်းက လူတွေက ၁၅ ပိဿာလောက် ထွက်မယ်ထင်တယ်။ ဒါပေမယ့် အောက်ပိုင်းဒေသတွေမှာ ဒိုင်က မသိမ်းတစ်ချက် သိမ်းတစ်ချက်မို့ အဆင်မပြေကြဘူး။ ပြင်ဦးလွင်ကဒိုင်ကတော့ နေ့စဉ်သိမ်းပေးနေတာပါ။ ကိုဗစ်ကြောင့် နားရတဲ့ရက် ရှိတာပေါ့။

ဟု ပြင်ဦးလွင်မှ ကညွတ်စိုက်တောင်သူ မခင်မျိုးသန့်က ပြောသည်။

    မတ်လမှ အောက်တိုဘာလအတွင်းကာလများ၌ ကညွတ်စပေါ်ပြီး အခုလက်ရှိ ကညွတ်ဈေးကွက်မှာ ပြင်ဦးလွင် (မေမြို့) ရှယ်ဆ တစ်ပိဿာကို ၄၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အတွင်း၊ တခြား အောက်ပြည်အောက်ရွာမှ ကညွတ် တစ်ပိဿာကို ၂၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။

ဘာလို့ ဒီလိုဈေးကွာခြားနေသလဲဆိုရင် အောက်ပြည်ကကညွတ်က ခါးတယ်လေ။ စားသုံးသူတွေ မကြိုက်ကြဘူး။ တချို့တော့ သိပ်မခါးဘူး စားလို့ရတယ်။ လူတိုင်းတော့ မခါးဘူးပေါ့။ တချို့ ကြက်ဟင်းခါးသီးလောက်ကို ခါးတယ်။  စားတဲ့သူကပြောတာကတော့ မေမြို့က ချိုတယ် နုတယ် ကြိုက်ကြတယ်။ ကြည့်တတ်ရင် အရောင်က ကွာပါတယ်။

ဟု ကညွတ်ဝယ်ယူ ရောင်းချနေသူတစ်ဦးက ပြောသည်။

ကိုမောင်လှိုင်

ကိုမောင်လှိုင်

လွန်ခဲ့သော ၄ နှစ် က

မျိုးရပြီလား

KoGyi KoGyi

KoGyi KoGyi

လွန်ခဲ့သော ၅ နှစ် က

ကညွှတ်မျိုးရချင်ပါတယ်ဘယ်မှာရနိုင်ပါလဲဗျ09767643351

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။