အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လျှော်ဖြူစေး (ဆေးကုလားမ) အရည်အသွေးကောင်းထုတ်နိုင်ရန်နှင့် လေလွင့်ဆုံးရှုံးမှုနည်းစေရန် ကျွမ်းကျင်လုပ်သားအရေးကြီး

လျှော်ဖြူစေး (ဆေးကုလားမ) အရည်အသွေးကောင်းထုတ်နိုင်ရန်နှင့် လေလွင့်ဆုံးရှုံးမှုနည်းစေရန် ကျွမ်းကျင်လုပ်သားအရေးကြီး

    လျှော်ဖြူစေး (ဆေးကုလားမ) အရည်အသွေးကောင်း ထုတ်နိုင်ရန်နှင့်လေလွင့်ဆုံးရှုံးမှုနည်းစေရန် ကျွမ်းကျင်လုပ်သား၏ အတွေ့အကြုံနှင့်ချင့်ချိန်နိုင်စွမ်းတို့ အရေးကြီးကြောင်း သိရသည်။

ကျွန်တော်က လျှော်ဖြူပင် ဧကသုံးဆယ်ကျော်စိုက်ပျိုးထားတယ်။ စိုက်ပျိုးတဲ့နေရာမှာတော့ အခက်အခဲနည်းတယ်။ အစေးထုတ်တဲ့နေရာမှာ ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ အစေးလှီးတဲ့အခါ မန်းသဘောကို နားလည်ရမယ်။ အစေးထွက်ဖို့ရာ အပင်မှာ ဓားနဲ့ထစ် ဒဏ်ရာပေးပြီး မန်းတက်လာတာ (အသားနုတက်လာတာ)က အရေးကြီးတယ်။ အဲ့ဒီအသားနုနေရာက အစေးထွက်တာကိုး။ နုသွားလို့ ရင့်သွားလို့မရဘူး။ အနေတော်လေးဖြစ်ရမယ်။ လှီးတဲ့အခါမှာလည်း သူ့အပင်နဲ့ သူ့ရာသီဥတုနဲ့ကို ကြည့်ပြီး ချိန်ဆတတ်ရမယ်။ သုံးရက်၊ ငါးရက်၊ တစ်ပတ်တစ်ခါ ကိုယ့်ခြံပေါ်မူတည် လှီးပေးရတာ။ အစေးထုတ်တဲ့အခါတော့ ဖုန်၊ သဲ၊ ခဲ၊ အမှိုက် သန့်စင်အောင်ထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ဟု မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဂန္ဓမာရွာရှိ နန္ဒဝန်လျှော်ဖြူစိုက်ပျိုးရေးခြံမှ ဦးဇင်မင်းသန့် က ပြောသည်။

    လျှော်ဖြူပင်သည် စိုက်ပျိုးရာတွင် အကြမ်းခံပြီး မိုးခေါင်ရေရှားဒေသများနှင့်လည်း သင့်တော်သည့် နှစ်ရှည်ပင်အမျိုးအစား ဖြစ်သည်။ 

နှစ်ရှည်ပင်ဆိုတော့ အနှစ်သုံးဆယ်၊ အနှစ်လေးဆယ် တောက်လျှောက်အစေးထွက်ပါတယ်။ စစိုက်မယ်ဆိုရင်တော့ ဇွန်လ၊ ဇူလိုင်လတွေမှာ စစိုက်သင့်တယ်။ စိုက်ပြီး သုံးနှစ်ဆိုရင် အစေး နည်းနည်းချင်းစထွက်လာပြီး၊ လေးနှစ်ကနေ နောက်ပိုင်းမှာတော့ အစေးများများ ထွက်လာပါတယ်။

ဟု ဦးဇင်မင်းသန့်က ပြောသည်။

    ဈေးကွက်အတွင်း လျှော်ဖြူအစေး (ဆေးကုလားမ) ကို သဘာဝကြာဇံမျှင်၊ ကြာဇံအတို၊ ရေခဲပွင့်၊ AAA/ထိပ်စ၊ အဝါကြည်/One စ၊ အောက်စ စသည်ဖြင့် အရည်အသွေးအပေါ်မူတည်၍ အမျိုးအစားအမည်များ၊ ဈေးနှုန်းများ သတ်မှတ်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးဇော်ဝင်းထိုက်

ဦးဇော်ဝင်းထိုက်

လွန်ခဲ့သော ၆ နှစ် က

၈ဧကစိုက်ပျိုးထားပါတယ်ခင်ဗျ ၂နှစ်သားရှိပါပြီ။ပေါင်းတွေအတော်ထနေတော့ပေါင်းရှင်းဖို့ ကိုင်းတွေဖြာနေတော့ ထွန်စက်ဝင်ရမှာ သိပ်အဆင်မပြေဘူးဖြစ်နေပါတယ်။ ပေါင်းသတ်ဆေးသုံးသင့်မသုံးသင့်လေးသိလိုပါတယ်။ တခြားပိုကောင်းမယ့်နည်းလမ်းလေးများလဲရှိရင် သိလိုပါတယ်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။