အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သဘာဝမှိုများထွက်သည့် ရာသီချိန်ဖြစ်သော်လည်း စိုက်ပျိုးရေးမှိုဈေးကွက် ကျဆင်းမှုမရှိ

သဘာဝမှိုများထွက်သည့် ရာသီချိန်ဖြစ်သော်လည်း စိုက်ပျိုးရေးမှိုဈေးကွက် ကျဆင်းမှုမရှိ

မိုးရာသီတွင် အလေ့ကျပေါက်ရောက်သည့် သဘာဝမှိုများထွက်ရှိနေသော်လည်း စိုက်ပျိုးရေးမှို (ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို စသည့်) ဈေးကွက်များမှာ ကျဆင်းမှုမရှိကြောင်း သိရသည်။

ဖြတ်သန်းခဲ့ဖူးသမျှ နှစ်တွေထက် ဒီနှစ်မှာတော့ ဈေးကွက်အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ရာသီပေါ်မှိုတွေ ဘယ်လိုထွက်ထွက် ရန်ကုန် မှိုဈေးကွက်က အကြီးကြီးမို့လို့ လုံးဝ ထိခိုက်မှု မရှိနိုင်ပါဘူး။

ဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှ မှိုမျိုးစုံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုဇော်မျိုးအောင်က ပြောသည်။

Covid-19 ကာလအတွင်း ရောဂါသက်ရောက်မှုအပေါ် စိုးရိမ်စိတ်ဖြင့် တောင်သူတချို့ မှိုစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချစိုက်ပျိုးကြသည့်အပြင် ပြီးခဲ့သည့်နွေရာသီက အပူချိန်မြင့်မားသည့်အတွက် အရှုံးပေါ်ကာ စိုက်ပျိုးမှု ရပ်နားသွားသူများလည်း ရှိခဲ့သည်။

အဲ့ဒါကြောင့် ကောက်ရိုးမှိုစိုက်သားက တိုးမလာဘူးလေ။ အခုအချိန်မှာ လယ်တွေ ရေမြှုပ်တော့ ကောက်ရိုးမှိုကို စင်စနစ်၊ ရုံစနစ်တွေနဲ့ စိုက်သူတွေလောက်ပဲ ကျန်တယ်။ စားသုံးသူကတော့ Covid-19 ဖြစ်ပွားချိန်ဆိုရင်လည်း စားနေကြဦးမှာပဲ။ မှိုဆိုတာက ပုံမှန် စားသောက်ကုန် ဖြစ်တဲ့အတွက် Covid-19 ဖြစ်လို့ဆိုပြီး မစားပဲနေမှာ မဟုတ်ဘူးလေ။ ဒါ့ကြောင့် လုံးဝ ဈေးကွက်ပျက်တာမျိုး မရှိဘူး။ ဒီ Covid-19 ကာလမှာလည်း နားကိုမနားရဘူး။ ရောင်းနေရတာပါဘဲ။

ဟု ကိုဇော်မျိုးအောင်က ဆက်လက်ပြောသည်။

လက်ရှိမှိုဈေးကွက်တွင် လက်ကားဈေး (ဒိုင်ဈေး) အနေဖြင့် ငွေနှင်းမှို တစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ ကောက်ရိုးမှို တစ်ပိဿာလျှင် ၆၅၀၀/၇၀၀၀ ကျပ် ပေါက်ဈေး ရှိနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။