အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ ၀ဥအခြောက်ခံစက်ရုံ ဖွင့်လှစ်မည်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ ၀ဥအခြောက်ခံစက်ရုံ ဖွင့်လှစ်မည်

Green Way
Green Way • Greenovator • 22/01/2020

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ ကြီးကြပ်မှုတို့ဖြင့် ချင်းတောင်ရတနာကုမ္ပဏီ (Chin Hills Treasure Company Limited) မှ ၀ဥလွှာအခြောက်ခံစက်ရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀ဥလွှာခြောက်စက်ရုံတည်နေရာမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာ၌ ဖြစ်ပြီး၊ စက်ရုံတည်ထောင်ရာတွင် ဒေသခံ ၀ဥစိုက်ပျိုးသူများ စုပေါင်းရင်းနှီးမြှုပ်နှံမှုများလည်း ပါ၀င်ထားသည်။

ချင်းပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထုတ်ကုန်ဖြစ်တဲ့ ၀ဥကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် ၀ဥလွှာခြောက်စက်ရုံတွေ၊ စားသောက်ကုန်လုပ်ငန်း စက်ရုံတွေ ထူထောင်လည်ပတ်သွားနိုင်ဖို့ကို အမှန်တကယ် လိုအပ်ပါတယ်။

ဟု မြန်မာနိုင်ငံသစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) ၏ ချင်းပြည်နယ်တောင်ပိုင်း ဥက္ကဌ ဦးမိုးကျော်သူက ပြောသည်။

စက်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ(၂၆)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

ချင်းတောင်ရတနာကုမ္ပဏီ (Chin Hills Treasure Company Limited) ကို ၂၀၁၈ ခုနှစ်မှ စတင်ကာ စုစည်းခဲ့ပြီး၊ ၂၀၁၉ခုနှစ်တွင် မင်းတပ် တောင်သူအစုအဖွဲ့ ကုမ္ပဏီ၊ ကန်ပက်လက် တောင်သူအစုအဖွဲ့ကုမ္ပဏီ၊ မတူပီ တောင်သူအစုအဖွဲ့ကုမ္ပဏီနှင့် ဗစ်ထရီဂါးဒင်း ကုမ္ပဏီ စသည့် ကုမ္ပဏီ(၄)ခု စုပေါင်းပြီး၊ ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်သည်။

နန်းထက်ထက်ချစ်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။