ဓါတုလွတ် သီးနှံစိုက်ပျီုးထုတ်လုပ်သူနှင့် ဝယ်ယူစားသုံးသူတို့အတွက် သတင်းကောင်း
"SAFE FOOD FROM SAFE FARM" ခေါင်းစဉ်ဖြင့် သီးနှံစျေးရောင်းပွဲ အပတ်စဉ်ကျင်းပပြုလုပ်ရန်ရှိခြင်း -
USAID, WRINROCK INTERNATIONAL, FARMER TO FARMER PROGRAM, MFVP & MOGPA အသင်းတို့မှ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည့် ပထမအကြိမ် အော်ဂဲနစ် စျေးကွက် ဖေါ်ဆောင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော နည်းပညာ အတွေ့အကြုံနှင့် ဆွေးနွေးပွဲ ရလဒ်များကို အခြေပြုပြီး မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MFVP) မှ စားသုံးသူများ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို ၁၄.၀၃.၂၀၁၅ (စနေနေ့) နေ့မှစ၍ နောက်လာမည့် အပတ်စဉ် စနေနေ့တိုင်း(Safe Food From Safe Farm) အစီစဉ်ဖြင့် စျေးရောင်းပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မြေပဒေသာကျွန်းတွင် စဉ်ဆက်မပြတ် ပြုလုပ်ရန် စီမံ ဆောင်ရွက်မည် ဖြစ်ပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ဓါတုအဆိပ်ကင်းလွတ်သီးနှံ ဝယ်ယူစားသုံးလိုသူများ နှင့် ရောင်းချလိုသူများ အကြား နှစ်ဖက်ယုံကြည်စွာဖြင့် ဘေးအန္တရာယ် အမှန် ကင်းလွတ်စေရန် အသင်းမှ လိုက်နာရမည့် စည်းကမ်းများကို ထားရှိပြီးဖြစ်ပါသည်။ ရောင်းချ လိုသူများသည် မိမိစိုက်ခင်းနှင့် သီးနှံများအား စစ်ဆေးမှု ခံယူရမည် ဖြစ်ပြီး စစ်ဆေးပြီး သီးနှံခင်းမှ ထွက်သည့် ဟင်းသီးဟင်းရွက်များကို အသင်းမှ သက်ဆိုင်ရာ Lable ကပ်နှိပ်၍ ရောင်းချခွင့်ပြုမည်။ အသင်းမှ ဖွင့်လှစ်ခဲ့သည့် အော်ဂဲနစ် သင်တန်း တက်ရောက်ခဲ့ပြီး သူများ၏
လက်တွေ့ အော်ဂဲနစ်နှင့် ဓါတုပိုးသတ်ဆေး ကင်းလွတ် သီးနှံ စိုက်ပျိုး နေသူများကို ကနဦး အနေဖြင့်
စျေးကွက် ဖေါ်ဆောင်ပေးရန် ရည်ရွယ်ပါသဖြင့် ပါဝင် ရောင်းချပေး နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
နောင်အခါ အသင်း တာဝန်ရှိသူများမှ စစ်ဆေး ပေးနိုင်မှုပေါ်မူတည်ပြီး တစ်ပတ်ထက် တစ်ပတ် ပိုမို ကျယ်ပြန့်စွာဖြင့် စျေးကွက် ဖြစ်ထွန်းလာစေရန် ဖေါ်ဆောင်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပါဝင်ရောင်းချရန် စိတ်ပါဝင်စားသူများသည် အသင်းသို့ (၀၂.၀၃.၂၀၁၅)နေ့ နောက်ဆုံး ထား၍ စာရင်း ပေးသွင်း နိုင်ပါသည်။
ဆက်သွယ်ရန်---MFVP အသင်းရုံး 01 218367 နှင့် 09 5195767
Reference : MYAN GAP Group_2013 (Facebook Group)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026