အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိန္ဒိယအစိုးရက သတ်မှတ်ကာလထက်ပို၍ မတ်ပဲတင်သွင်းရန်ရှိနေ

အိန္ဒိယအစိုးရက သတ်မှတ်ကာလထက်ပို၍ မတ်ပဲတင်သွင်းရန်ရှိနေ

Green Way
Green Way • Greenovator • 12/03/2020

    အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက်တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

      "အခုလို အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံတိုးမြှင့် တင်သွင်းတာကို မြန်မာအပါအဝင် နိုင်ငံတကာ နဲ့ ချိတ်ဆက်ပြီးတော့ အိန္ဒိယဆိပ်ကမ်းအရောက် တင်သွင်းမှာ ပါ။ လက်ရှိအထိတော့ တင်သွင်းမယ့် နောက်ဆုံးအချိန်က မတ်လကုန်အထိဆိုပေမယ့် အချိန်ကိုတော့ စီမံခန့်ခွဲရမှာပေါ့" ဟု ၎င်းက ပြောသည်။ အဆိုပါ အိန္ဒိယအစိုးရအနေဖြင့်   ပြည်တွင်းကုမ္ပဏီ ပေါင်း  ၁၇၀ဝ  ခန့်ကိုတစ်ခုလျှင်  မတ်ပဲတန်ချိန်  ၁၃၀ စီ အသီးသီး တင်သွင်းခွင့်ပေးထားပြီး လက်ရှိ ဘဏ္ဍာနှစ်အတွင်း ယင်းအစိုးရ၏ မတ်ပဲလိုအပ်ချက် မြင့်မားလာခြင်းကြောင့် ပိုမိုတင်သွင်းရန် ရှိနေသော်လည်း   အနိမ့်ဆုံးဈေးအောက် လျော့နည်း၍သာ ပေးဝယ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

    လက်ရှိရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲ(အဟောင်း)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၉၀ မှ ၇၁၀ ကြား၊ အခွံချွတ် အလုံးခြမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၉၀ မှ ၁၀၁၅ ကြား၊ အခွံပါအခြမ်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၈၆၅ မှ ၈၉၀ ကြား အသီးသီးဈေး ရှိနေကြောင်း သိရသည်။ မတ်ပဲကို မြန်မာနိုင်ငံရှိ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီစသည့် တိုင်းဒေသကြီးများနှင့် ကချင်၊ ကယား၊ မွန်၊ ရှမ်း ( အရှေ့၊ တောင်နှင့် မြောက်) တို့တွင် အဓိက စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်း စိုက် ဧက ၁၁ သန်းနီးပါး ရှိကြောင်း သိရသည်။

ပန်းဆု

Source - Ministry of Commerce

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။