နယ်စပ်ရှိ ကုန်စည်ဒိုင်များကို အတွင်းဖက်သို့ ပြောင်းရွှေ့ရန်စဉ်းစားနေ
မြန်မာ့ကုန်ပစ္စည်းများ ဈေးနှိမ်ခြင်းကို ကာကွယ်ရန်အတွက် တရုတ်-မြန်မာ နယ်စပ်မြို့များရှိ သစ်သီးဝလံ ကုန်စည်ဒိုင်များကို နောက်ဆုတ်၍ နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။
သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ပြုလုပ်သည့် သစ်သီးဝလံများ ပြည်ပဈေးကွက်တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီလမ်းတွေလုပ်ဖို့က ကျွန်တော်တို့လုပ်လို့မရဘူး။ ဒါ ပြည်နယ်၊ တိုင်းအစိုးရ တခြားဌာနတွေ ဖြစ်နေတယ်။ အဲ့တော့ ကော်မတီဖွဲ့ပြီးတော့ အတူတူညှိနှိုင်းပြီးတော့ လမ်းကြောင်းထပ်ရှာရမှာပေါ့။ မဟာဗျူဟာတွေတော့ တည်ဆောက်ရမှာပေါ့။ ဥပမာ ချင်းရွှေဟော်နဲ့ မူဆယ်ဆိုရင် တစ်လမ်းတည်းကနေ သိန်းနီရောက်မှ ခွဲသွားတာတွေ ချည်းပဲလေ။ အဲ့ဟာကို ကုန်စည်ဒိုင်တွေကို သူတို့အနှိမ်မခံရအောင် နောက်ပိုင်း တရားဝင်ပို့လို့ရတဲ့ပစ္စည်းတွေဆိုရင် နောက်ကိုဆုတ်ထားရင် ကျွန်တော်တို့အတွက် save ဖြစ်တာပေါ့။ နယ်စပ်ကျမှ မဝယ်နဲ့၊ သိန်းနီတက်ဝယ်လိုက်၊ မဝယ်ရင် ကျွန်တော်တို့ ချင်းရွှေဟော် ပို့မယ်။ ကိုယ့်မှာ ရွေးချယ်စရာရှိသွားတယ်။ ဟိုရောက်သွားရင် ရွေးချယ်စရာလမ်း မရှိတော့ဘူး။ ဂိတ်ဆုံးသွားပြီလေ။ ပြန်လာလို့လည်း မဖြစ်တော့ဘူး။ အဲ့လိုပုံစံ မဖြစ်အောင် ဒိုင်တွေကို နောက်ပိုင်း နောက်ကိုဆွဲထုတ်ဖို့ စဉ်းစားနေတယ်။" ဟု ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။
ထို့ပြင် ကုန်စည်ဒိုင်များတွင် ကုန်စည်ပြပွဲကြီးများ ကျင်းပခြင်းကိုလည်း နောက်ပိုင်း၌ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် လုပ်ဆောင်မည်မဟုတ်ပဲ လာရှိုးကဲ့သို့သော အတွင်းပိုင်းမြို့များတွင် ပြောင်းရွှေ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပြပွဲကို မူဆယ်မြို့တွင် ကျင်းပပြုလုပ်မည့်အစား လားရိူးမြို့တွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
"အရင်က နယ်စပ်ကုန်စည်ပြပွဲတွေအကုန်လုံးက နယ်စပ်မှာသွားလုပ်တယ်။ နယ်စပ်သွားလုပ်တော့ ကျွန်တော်တို့ဘက်မှာ ဘာမှမပြည့်စုံဘူး။ ကျွန်တော်တို့ဘက်က လူတွေကလည်း ဟိုဘက်မှာ ထမင်းသွားစားတယ်၊ ဟိုဘက်မှာ အိပ်တယ်။ မနက်ကျမှ ကုန်စည်ပြပွဲလာတယ်။ ဟိုဘက်က တရုတ်ကလည်း မနက်ကျမှ ကုန်စည်ပြပွဲထလာတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် ဘာမှမကျန်ဘူး။ အခု ၁၁ လပိုင်းမှာ လားရှိုးမှာလုပ်လိုက်တော့ အတွင်းထဲရောက်သွားတယ်။ အတွင်းထဲရောက်သွားတော့ နယ်စပ်ကလူ၊ တရုတ်ပြည်က လာတက်မယ့်လူကလည်း လားရှိုးမှာ ညအိပ်ရမယ်၊ စားရမယ်၊ ဒီမှာပဲ ဝယ်ရပြုရမယ်။ အဲ့တော့ သူ့ပိုက်ဆံတွေ ကိုယ့်ဆီမှာကျန်ခဲ့မယ်။ တဖြည်းဖြည်းချင်း သူတို့ကို ဆွဲထည့်မှ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်"ဟု ဒေါက်တာသက်လွင်ဦးက ပြောသည်။
လက်ရှိ ရှမ်းပြည်မြောက်ပိုင်းဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ အဓိကကုန်သွယ်မှုဆောင်ရွက်လျက်ရှိသော မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် နယ်စပ်သို့ရောက်ရှိသော ဆန်စပါး အပါအဝင် ဆန်ကွဲ၊ ပြောင်း၊ သကြား အစရှိသည်တို့မှာ တရုတ်နိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုထိန်းချုပ်ရေးစီမံချက်ကြောင့် တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိဘဲ အချိန်ကြာမြင့်လာကာ စတင်ပျက်စီးသော အခြေအနေဖြစ်ပေါ်နေသဖြင့် မြန်မာကုန်သည်များ၊ တောင်သူကြီးများ ထိခိုက်နစ်နာလျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026