အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကော်ဖီအရည်အသွေးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပသွားမည်

ကော်ဖီအရည်အသွေးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပသွားမည်

Green Way
Green Way • Greenovator • 13/05/2019

ကော်ဖီအလုပ်ရုံဆွေးနွေးပွဲနှင့် ကော်ဖီအရည်အသွေးပြိုင်ပွဲဆုပေးပွဲကို  ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။

အရည်အသွေးကောင်းကော်ဖီများထွက်ရှိလာစေရေးအတွက်ရည်ရွယ်ကာ ပြုလုပ်တာဖြစ်တယ်လို့  မြန်မာနိုင်ငံကော်ဖီအသင်းမှ အတွင်းရေးမှူး ဦးမင်းလှိုင်ကပြောပါတယ်။

“ ကော်ဖီထုတ်လုပ်တဲ့သူတွေကို ပိုပြီးတော့ အရည်အသွေးကောင်းတဲ့ကော်ဖီ ထုတ်လုပ်နိုင်ဖို့ ၊ ထုတ်လုပ်မှုနည်းစနစ်တွေ နဲ့ပိုပြီးတော့ ထုတ်လုပ်ဖို့ကောင်းတဲ့ ဟာတွေသက်သေပြစေချင်တဲ့အတွက် ရည်ရွယ်ပြုလုပ်တာပါ”

အဆိုပါပြိုင်ပွဲမှာ နိုင်ငံတကာမှ ကော်ဖီပညာရှင်များ ၊ ပြည်တွင်းပြည်ပမှ ငွေကြေးအဖွဲ့ အစည်း များနှင့် သွင်းအားစုများဆိုင်ရာ ကုမ္ပဏီများ မှ ပြခန်းများနှင့် ဆွေးနွေးပွဲများ ပါဝင်သွား မှာဖြစ်ေ ကြာင်းလည်းသိ ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲများကိုလည်း ဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။

အဆိုပါပွဲကို ၂၀၁၉ ခုနှစ် မေလ (၁၄)ရက်နေ့  ပြင်ဦးလွင်မြို့တော်ခန်းမမှာ မနက် (၈)နာရီမှ ညနေ (၅) နာရီထိ ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။