အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်တောင်သူ (၄၀၀၀)ကို နော်ဝေအစိုးရမှ ကူညီထောက်ပံ့သွားမည်

မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်တောင်သူ (၄၀၀၀)ကို နော်ဝေအစိုးရမှ ကူညီထောက်ပံ့သွားမည်

Green Way
Green Way • Greenovator • 14/05/2019

မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်တောင်သူ (၄၀၀၀)ကို နော်ဝေအစိုးရမှ ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လွှတ်တော်ကော်မတီအစည်းအဝေးမှ သိရပါတယ်။

ရာသီဥတုဒဏ်ခံ စပါးမျိုး ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ကာ သုံးနှစ်စီမံကိန်း ဖော်ဆောင်သွားမှာဖြစ် ကြောင်း အဆိုပါအစည်းအဝေးမှ သိရပါတယ်။

အဆိုပါစီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မွန် နှင့်ပဲခူးတို့မှ လုပ်ကွက်ငယ်တောင်သူ လယ်သမား ( ၄၀၀၀) ကို ရေရှည်တည်တံ့သည့် စပါးစိုက်ပျိုးထုတ်လုပ်မှုများကို ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ရာသီဥတုဒဏ်ခံစပါးမျိုး ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းကို နော်ဝေးအစိုးရ ၊ ဖွံ့ဖြိုးတိုးတက် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွစ်အေဂျင်စီ ၊ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် ၊ ရေရှည်တည်တံ့မည့် ဆန်စပါးလုပ်ငန်းပလက်ဖောင်း ၊ အစိုးရမဟုတ်သော ဆွစ်နိုင်ငံတကာ အဖွဲ့ အစည်း နဲ့ PRIME Agri တို့မှ ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။