အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယခုဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပတင်ပို့နေသည့် မြန်မာ့ဆန်ကို တရုတ်ကအများဆုံး၀ယ်ယူ

ယခုဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပတင်ပို့နေသည့် မြန်မာ့ဆန်ကို တရုတ်ကအများဆုံး၀ယ်ယူ

AMIA
AMIA • 20/11/2025

မြန်မာနိုင်ငံမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ၇ လအတွင်း ဆန်တန်ချိန် ၁၅ သိန်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံက အများဆုံး၀ယ်ယူနေသည်ဟု သိရသည်။

တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် မြန်မာဆန်ကို အဓိက၀ယ်ယူနေပြီး ၇ လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၄၀,၀၀၀ ကျော်ရှိနေကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန်အများဆုံး ၀ယ်သည့် အင်ဒိုနီးရှားက ယခုဘဏ္ဍာနှစ်တွင် ၀ယ်လိုအားလျော့နည်းသွားသည်။

ထို့အပြင်ပြည်ပမှဆန်၀ယ်ယူတင်သွင်းနေသည့် ဖိလစ်ပိုင်နိုင်ငံကလည်း ယခုနှစ် စင်တင်ဘာမှစတင်၍ ပြည်ပမှဆန်အ၀ယ် ရပ်နားခဲ့သည်။ သို့သော် ရပ်နားမှုမတိုင်မီ မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၀၀,၀၀၀ကျော် ၀ယ်ယူခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုတွင် ဖိလစ်ပိုင်က ဒုတိယ အများဆုံးနိုင်ငံဖြစ်နေသည်။

၂၀၂၆ ဇန်နဝါရီတွင်လည်း ဖိလစ်ပိုင်က ပြည်ပမှဆန်တန်ချိန် ၃ သိန်းကို တစ်လအတွင်း၀ယ်ယူတင်သွင်းရန် စီစဉ်နေသည်ဟု သိရသည်။

"ဖိလစ်ပိုင်ကို အစိုးရချင်းသဘောတူညီမှုနဲ့ ဆန်ရောင်းဖို့ MRFက စီစဉ်ထားတာမရှိသေးဘူး။ ပုဂ္ဂလိကအနေနဲ့ ရှေးယခင်ထဲက ရောင်းနေမှုများရှိသလို ယခုအခါတွင်လည်း ကုမ္ပဏီတစ်ခုချင်းစီအလိုက် ရောင်းပါလိမ့်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာ၀န်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိနိုင်ငံတကာဆန်ဈေးကွက်အခြေအနေသည် ဈေးနှုန်းများ ကျဆင်းမှုကြုံနေရပြီး ပြည်ပဆန်တင်ပို့နေသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအခြေအနေကိုကြုံနေရကာ ယခုဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပဆန်တင်ပို့သည့် တန်ချိန်ပမာဏက ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ၁၅၀,၀၀၀ကျော် ပိုမိုတင်ပို့နိုင်သော်လည်း ၀င်ငွေပိုင်း လျော့နည်းသွားသည်ဟု စာရင်းဇယားများအရ သိရပါသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။