Food Safety ဖြစ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည်
ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)နှင့် အော်ဂဲနစ်လက်မှတ်ရ Food Safety ဖြစ်သော ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
ယင်းကဲ့သို့လက်မှတ်ရရှိထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာအကူအညီပေးရေးဌာန မြေပဒေသာကျွန်းတွင် ယခုလ ၂၃ ရက်မှစ၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် (၇) နာရီမှ နေ့ လည် ၁၂ နာရီအထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
"အဲ့နေ့မှာ Safe Food From Safe Farm ဆိုတဲ့ စိတ်ချရ တဲ့သီးနှံထွက်ကုန်တွေကို ရောင်းချတဲ့ ပွဲ လုပ်မှာဖြစ်ပါတယ်။ ဒါကလဲ ၂၀၁၅ ထဲက စလုပ်ခဲ့တာ အဲ့တုန်းက တစ် ပတ်ကို ၁ရက် စနေနေ့ပဲလုပ်ခဲ့တာ ၂နှစ် ၃နှစ် လောက် ဆက်တိုက်လုပ်ခဲ့ပြီး မနှစ်ကတော့ အင်အားနည်းသွားတယ်။ အခုကပြန်မွမ်း မံပြီး ပြန်လုပ်တာပါ။"ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြော သည်။
ယင်းကဲ့သို့ ဖွင့်လှစ်ရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းပေါင်း ၃၄ ခန်းဖြင့် စတင်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
GAP လက်မှတ်ရ၊ အော်ဂဲနစ်လက်မှတ်ရနှင့် သဘာဝအတိုင်း သီးပွင့်သော သီးနှံများကိုသာ ရောင်းချမည်ဖြစ်ပြီး ၎င်းတို့က ရောင်းသင့်သည်ဟု ထောက်ခံချက်ပေးထားသော ခြံပေါင်း ၁၇ ခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝ လံများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
"ဒါက GAP လက်မှတ်တို့ အော်ဂဲနစ်လက်မှတ်တို့ စနစ်တကျလုပ်ထားပြီးတဲ့ သူတွေအတွက်ကိုရော စိုက်ပျိုးတဲ့ တောင် သူတွေအတွက်ကိုရော ဈေးကွက်ဖော်ဆောင်ပေးတာဖြစ်သလို စားသုံးသူတွေက ပိုးသတ်ဆေးတွေရှိမလားဆိုတဲ့ အ တွေးတွေကိုလဲ ဖြေဖျောက်ပေးဖို့ Food Safety ဖြစ်တဲ့ အစားအစာ ဘေးကင်းလုံခြုံတယ်ဆိုတာကို တာဝန်ခံပြီး ကျွန် တော်တို့ ဖွင့်လှစ်တာဖြစ်ပါတယ်"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။
ထိုသို့ လာရောက်ရောင်းချသူများအနေဖြင့် အသိအမှတ်ပြု လက်မှတ်တခုခုရှိရမည်ဖြစ်ပြီး အစစ်ဆေးခံနိုင်ရမည်ဖြစ်ပြီး ယင်းဆိုင်ခန်းများတွင် မရိုးမသား ရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါက ရာသက် ပန်ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်းချခြင်းကို ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် လုပ်ငန်းကြီးကြပ်မှုအားနည်းခြင်းနှင့် ရောင်းချသူများဘက်က မရိုးသားမှုများကြောင့် ၂ ဆိုင် ၃ ဆိုင်ခန့်သာ ကျန်ရှိတော့သည့်အတွက် ယခုအခါ ပြန်လည်မွမ်းမံ၍ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်သည့် ဈေးနှုန်းဖြင့် ဖွင့်လှစ်ရောင်းချ ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့စိုက်ပျိုးရေးမှ GAP လက်မှတ်အား သီးနှံ ၁၅ မျိုးကို ပေးထားပြီး မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကပေးသည့် အော်ဂဲနစ်လက်မှတ်မှာ ၇ ခုရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026