သစ်ပင်မျိုး ၂ဝ ခန့် ပါဝင်သည့် သစ်စေ့များကို ရဟတ်ယာဉ်ဖြင့်ကြဲချမည်
အင်းလေးရေဝေရေလဲဒေသရှိ သစ်တောသစ်ပင်များထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ သစ်တောကာဗာဖြစ်စေရေးအတွက် အင်းလေးကန်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ဧက ၂၅၀၀ ဝန်းကျင်ပေါ်သို့ သစ်ပင်မျိုး ၂ ဝ ခန့်ပါဝင်သည့် သစ်စေ့(seed balls) များကို ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် ကြဲချသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အင်းလေးအရှေ့ကြိုးဝိုင်းထဲက ၂ နေရာနှင့် အင်လေးအနောက်ကြိုးပြင်ကာကွယ်တော ၁ နေရာ စုစုပေါင်း (၃)နေရာကို ထူးကုမ္မဏီ၏ ရဟက်ယာဉ်အကူအညီဖြင့် သစ်စေ့ကြဲစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည် ။
"သစ်စေ့တွေကို ကြဲရာမှာ သစ်စေ့တွေကို မြေဆွေးတွေ၊မြေစီးတွေနဲ့လုံးကာ Seed Balls လုပ်ကာကြဲသွားမှာဖြစ်ပါတယ်။ seed ballလုပ်ကာ ကြဲတဲ့သစ်စေ့တွေဟာ ပိုမိုတိကျပြီး၊ သစ်စေ့တွေကို ဒီတိုင်းကြဲတဲ့အခါမှာ ရဟတ်ယာဉ်ပန်ကာရဲ့ အရှိန်နဲ့ သစ်စေ့တွေရဲ့ ပေါ့ပါးမှုကြောင့် သစ်စေ့တွေကလိုရာမရောက်ပဲ လေလွင့်ဆုံးမှုတွေ များပြားတယ်။ seed Ball တွေကြ အတွဲတွဲလိုက်အတွလိုက် ကြဲတဲ့အတွက် အနီးစပ်ဆုံး လိုတဲ့နေရာကိုရောက်ပါတယ်။ ကြဲမယ်နေရာကိုလည်း မြေပြင်မှာလည်း ဆောင်ရွက်ရမယ့်နေရာတွေကို ထင်ထင်ရှားရှားမြင်ရအောင် အလံတိုင်တွေ ထိုးပြထားမှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။
လက်ရှိတွင် Seed ball အားလုံးစုစုပေါင်း (၁၄၅၇၉၀) ဆောင်ရွက်ထားပြီးဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့၌ စတင်ကြဲသွားမည်ဖြစ်၍ Seed ball တစ်ခုလျှင် တစ်လုံးတွင် သစ်ပင်မျိုး လေးမျိုးခန့်ပါဝင်မည်ဖြစ်၍ သစ်စေ့ပေါင်း ၅ သိန်းမှ ၇ သိန်းထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် သွားလာရေး အခက်အခဲရှိသောနေရာများဖြစ်၍ နည်းပညာအကူအညီရယူကာ ရဟတ်ယာဉ်ဖြင့် Seedball ကြဲခြင်းကို စမ်းသပ်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်သွားလာရေး အဆင်ပြေသောနေရာများအား ရှမ်းပြည်နယ်က သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ဒေသခံများ၊ NGO၊ INGO အဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ကြဲချထားတဲ့ အတိုင်းထားခဲ့မှာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ် သစ်တောဝန်ထမ်းတွေက တစ်လတစ်ကြိမ် အမြဲတမ်းစောင့်ကြေည့်နေမှာပါ။ စောင့်ကြည်ပြီးတော့ ဘယ်လိုနေရာတွေမှာ အပေါက်များတယ်။ ဘယ်လိုအပင်တွေက ရှင်သန်မှုများတယ်ဆိုတာ ဒါလေးတွေကို ကျွန်တော်တို့က နောက်ပြီးကျရင် တစ်ဆင့်လမ်း သဘောမျိုးရအောင်လို့ အားသာချက်အားနည်းချက်တွေကိုရယူမှာပါ။ seed ball တွေကတော့ ညနေပိုင်းလိုလိုမှာလည်းမိုးရွာနေတာဖြစ်လို့ ဒီအချိန်မှာ အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။ ရဟတ်ယာဉ်ကလည်း မနက်ပိုင်း သာယာတဲ့အချိန်မှာ ပျံတတ်ပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။" ဟု ဦးသိန်းတိုးက ပြောသည်။
အင်းလေးဒေသသည် အရေးကြီးသောနေရာဖြစ်အပြီး မြန်မာနိုင်ငံ၏ ရေဝေရေလဲဒေသတစ်ခုဖြစ်ကာ ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သစ်စေ့(seed ball)များအား ရဟတ်ယာဉ်ဖြင့် ကြဲချသည့် အစီအစဉ်ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမအကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026