လေလွင့်ဆုံးရှုံးမှုနည်းပါးသည့် စပိုက်ဒါသစ်ခွစိုက်ပျိုးရေး တွင်ကျယ်နေ
စိုက်ပျိုးစရိတ်ကုန်ကျငွေနှင့် ပြန်ရရှိသည့်အကျိုးအမြတ် တွက်ခြေကိုက်ပြီး၊ လေလွင့်ဆုံးရှုံးမှုနည်းပါးသည့် စပိုက်ဒါ(Spider)သစ်ခွစိုက်ပျိုးရေး တွင်ကျယ်နေကြောင်း တောင်သူများက ပြောသည်။
ကွမ်းစိုက်ပျိုးတာထက် အများကြီးလူသက်သာတယ်။ ရောဂါကျရောက်မှုနည်းလို့ ဆုံးရှုံးမှုလည်းနည်းတယ်။ တစ်နှစ်စတင်စိုက်ပျိုးပြီးရင် အမြဲတမ်းရှင်သန်နေတဲ့ သစ်ခွမျိုးပါ။ ကွမ်းစိုက်တာက အရှုံးအမြတ်မသေချာဘူး။ ဒီသစ်ခွကတော့ အရှုံးမရှိဘူး။ ကွမ်းအပင်ရေ တစ်ထောင်ဆို ဒီသစ်ခွပင်က ပင်ရေသုံးထောင် စိုက်လို့ရတယ်။
ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ တောင်ချောင်ရွာမှ စပိုက်ဒါ(Spider)သစ်ခွစိုက်ပျိုးသူ ဒေါ်သန်းစိန် က ပြောသည်။
အဆိုပါ သစ်ခွပင်များကို ဇွန်လ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး၊ နိုဝင်ဘာလတွင် အဖူးထွက်၍ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ပန်းအခက်များကို စတင်ခူးဆွတ် ရောင်းချနိုင်ကြောင်း သိရသည်။
အခက်အတိုင်း ရောင်းရတာပါ။ တစ်ခက်မှာ ဖူးတံရှည်ရင် ဆယ်ပွင့်၊ အပွင့်နှစ်ဆယ် ပွင့်တယ်။ ဖူးတံတိုရင်တော့ ငါးပွင့်၊ ခြောက်ပွင့် ပွင့်တယ်။ အခက်မှာပါတဲ့ အပွင့်အရေအတွက်အတိုင်း ဈေးရတယ်။ တစ်ပွင့်ကို ခုနှစ်ကျပ်ဆို ဆယ်ပွင့်ပါတဲ့အခက်ကို ခုနှစ်ဆယ်ကျပ်နဲ့ ရောင်းတာပါ။ အခက်အပွင့်တွေရောင်းချတဲ့ ဈေးကွက်အပြင်၊ ကိုယ်တိုင်ပြန်စိုက်ချင်သူတွေအတွက် အညွှန့်ဖြတ်ရောင်းလို့လည်းရတယ်။ ဖောက်သည်တွေက ခြံအရောက်လာယူတယ်။ ဈေးကွက်ကတော့ လုံးဝမပြတ်ဘူး။ ဖောက်သည်အမြဲရှိတယ်။
ဟု ဒေါ်သန်းစိန် က ဆက်လက်ပြောသည်။
စပိုက်ဒါသစ်ခွကို ပွဲအခမ်းအနားများအတွက် ပန်းအလှဆင်ခြင်း၊ ဘုရားပန်းပူဇော်ခြင်းတို့တွင် အသုံးပြုနေကြပြီး၊ အပင်ရေ(၁၀၀၀) စတင်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးကုန်ကျစရိတ် ပျမ်းမျှ ကျပ်(၂၀၀,၀၀၀) ဝန်းကျင် ကုန်ကျကြောင်းသိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022