အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

တစ်ပတ်အတွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

Green Way
Green Way • Greenovator • 13/04/2020

    ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ်ရဲ့ ဆန်လက်ကားဈေးနှုန်းများအရ ဆန်ချော၊ ဆန်ကြမ်းဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း သိရပါတယ်။

     ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ်၊ လတ်စတစ်အိတ်မှာ ၃၇၀၀၀ ကျပ် ၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ထိပ်စတစ်အိတ်မှာ ၄၁၀၀၀ ကျပ်၊ လတ်စတစ်အိတ်မှာ ၃၈၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်း ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ၃၈၅၀၀ ကျပ်၊ လတ်စတစ်အိတ် ာ ၃၆၅၀၀ ကျပ်ရှိပြီး ဆန်ချောဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါတယ်။

    ဧည့်မထ မိုးဆန် ထိပ်စတစ်အိတ်ကို ၂၃၅၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၂၃၀၀၀ ကျပ်၊ ငစိန်ထိပ်စ တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၁၈၅၀၀ ကျပ် ရှိပြီး တစ်ပတ်အတွင်း ဆန်ချောဈေးနှုန်းမှာ တည်ငြိမ်နေကြောင်း သိရပါတယ်။

    မိုးသုခရှယ်တစ်အိတ် ၂၆၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၅၀၀၀ ကျပ်၊ ပေါ်ဆန်းရှယ်ထိပ်စတစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စတစ်အိတ်ကို ၃၇၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

အောင်နိင်ထူး

အောင်နိင်ထူး

လွန်ခဲ့သော ၅ နှစ် က

အေရာမင်းမန်းဈေးဘယ်လောက် ရန်ကုန်ဘယ်လောက်သိချင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။