အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲတန်ချိန် ၂.၅ သိန်း တိုးမြှင့်တင်သွင်းခွင့်ပြုလိုက်တာကြောင့် စျေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်နေ

မတ်ပဲတန်ချိန် ၂.၅ သိန်း တိုးမြှင့်တင်သွင်းခွင့်ပြုလိုက်တာကြောင့် စျေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်နေ

Green Way
Green Way • Greenovator • 24/12/2019

အိန္ဒိယနိုင်ငံမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ့မတ်ပဲကိုတာသတ်မှတ်ချက်ထက် တန်ချိန် ၂.၅ သိန်းကို တိုးမြှင့်တင်သွင်းခွင့်ပြုလိုက်တာကြောင့် စျေးနှုန်းများမှာ တည်ငြိမ်မှုမရှိပဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းနှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

ယခုလက်ရှိမှာ မတ်ပဲကို တန်ချိန်တိုးမြှင့်လိုက်ပေမယ့်လည်း စျေးနှုန်းမှာ ကြီးကြီးမားမားပြောင်းလဲမှုမရှိပဲ အတက်အကျများနေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောပါတယ်။

သိပ်အပြောင်းအလဲကြီးကြီးမားမားတော့ မရှိပါဘူး။ ကြေညာချက်မထွက်ခင်က မတ်ပဲတစ်တန်ကို ၁၁၃,၀၀၀၀ ကျပ်ရှိခဲ့ပြီး နောက်ရက်တွေမှာ ၁၂ သိန်းလောက်ဖြစ်သွားတယ်။တစ်တန်ကို ကျပ် ၇၀၀၀၀ လောက်တက်သွားပေမယ့် နောက်ရက်တွေမှာ ၁၄၀,၀၀၀၀ လောက်ပြန်ဖြစ်တယ်။ ဒီကနေ့မှာတော့ ၁၁၇,၀၀၀၀ လောက်ဖြစ်တယ်။အပြောင်းအလဲကတော့ နည်းနည်းလေး အပေါ် တက်လိုက် အောက်ပြန်ဆင်းလိုက်တော့ဖြစ်တယ်။ အပြောင်းအလဲတော့များနေတာပေါ့

ယခုလက်ရှိ မတ်ပဲတစ်တန်ကို ၁၂၀,၀၀၀၀ ကျပ်ရှိနေရာမှ တစ်တန်ကို ၁၁၇,၀၀၀၀ ကျပ် ဖြင့် စျေးနှုန်းမှာ အတက်အကျများနေကြောင်းအဆိုပါအသင်းမှ သိရပါတယ်။

ယခင်က မတ်ပဲတန်ချိန် ၁.၅ သိန်း ကိုတာသတ်မှတ်ထားရာမှ အခုအခါ ၂.၅ သိန်းအထိ တိုးမြှင့်ရာ အခုဘဏ္ဍာရေးနှစ်အတွင်း တန်ချိန် (၄) သိန်းထိ တင်သွင်းခွင့်ပြုလိုက်တာဖြစ်ကြောင်း သိရပါတယ်။

မတ်ပဲကို အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဒူဘိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။