အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖရဲ၊သခွားပြည်ပတင်ပို့မှု (၉၀)ရာခိုင်နှုန်းကျဆင်း

ဖရဲ၊သခွားပြည်ပတင်ပို့မှု (၉၀)ရာခိုင်နှုန်းကျဆင်း

Green Way
Green Way • Greenovator • 21/02/2020

မြန်မာ့ဖရဲ ၊သခွားပြည်ပတင်ပို့မှုမှာ အခုလက်ရှိအချိန်ထိ (၉၀)ရာခိုင်နှုန်းကျဆင်းနေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲ ၊ သခွားမှာပြည်တွင်းမှာ ထွက်ရှိချိန်ဖြစ်နေသော်လည်း ပြည်ပကိုတင်ပို့မှုမှာအနည်းငယ် သာသွားနေပြီး (၉၀)ရာခိုင်းနှုန်းလောက် တင်ပို့မှု ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌဦးဆန်းလင်းက ပြောပါတယ်။

အခုလက်ရှိမှာ ဖရဲသီးရော ၊သခွားသီးရောက ရာသီချိန်ဖြစ်နေတာကြောင့် အမြောက်အမြား ထွက် ပေါ်နေတာဖြစ်တယ်။ ပြည်ပကိုမသွား တာတော့မဟုတ်ဘူး။အနည်းအကျဉ်းလောက်ပဲသွားနေတာပါ။ ပြည်ပတင်ပို့မှုက (၉၀)ရာခိုင်နှုန်းလောက်ကျသွားတယ်

မြန်မာ့ဖရဲကို တရုတ်ကို အဓိကထားတင်ပို့နေတာဖြစ်ပြီး အခုလက်ရှိမှာ ဖရဲ၊သခွားအနည်းငယ်သာ တင်ပို့နေရတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

အခုလ(၂၉)ရက်နေ့မှစတင်ကာ(၅)ရက်ကြာ  ပထမအကြိမ် မြန်မာဖရဲ၊သခွားမွှေးပွဲတော်ကို မြေပဒေ သာကျွန်း ၊ ကန်တော်ကြီးထဲမှာ ကျင်းပ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ ၊သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း မှသိရ ပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။