ကမ်းခြေစောင့်တပ်သားဖြစ်လာမည့် ပင်ပျိုလောင်းများ
ပုံမှန်လည်ပတ်နေသော ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပို၍ ပူပြင်းလာသည်။ ကမ္ဘာကြီးပြောင်းလဲလာမှု၏နောက်ဆက်တွဲကို ကမ္ဘာပေါ်တွင်နေထိုင်သည့်လူသားတိုင်း ခံစားနေကြရသည်။ အပူချိန် မြင့်တက်လာမှုကို ကာကွယ်ရန် ပြင်ဆင်ကြရသည်။
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဉတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည့်လက်ရှိအချိန်ကာလတွင် ဒီရေတောဂေဟစနစ်သည်ထူးခြားထိရောက်လွန်းသော အကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။
ယခုလများသည် ဒီရေတောဖြစ်လာမည့် ပင်ပျိုလောင်းများအား စိုက်ပျိုးရန်ပြင်ဆင်နေသည့်ကာလများပင်ဖြစ်သည်။ ငှက်တစ်သောင်းနားနိုင်မည့်သစ်တစ်ပင်ကောင်းဖြစ်ရန် မလွယ်သလို ဒီရေတောပင်တစ်ပင်ဖြစ်ရန်မှာလည်း အဆင့်ဆင့်ဆောင်ရွက်ရသည်။ ဒီရေတောများသည် ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံ အဖြစ် ဆားငန်ရေတွင်ပေါက်ရောက်တတ်သည့်အပင်ဖြစ်ပြီး စိုက်ပျိုးရန်စနစ်တကျပြုစုပျိုးထောင်ကြရသည်။

ဒီရေတောပင်ဖြစ်လာမည့်အသီးတောင့်များကို နေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး တောင့်များကို ရွေးချယ်ရသည်။ ရွေးချယ်ပြီးသော အသီးတောင့်များကို ခြင်းထဲတွင်စနစ်တကျထည့်ကာ သိုလှောင်ထားရပြီး တစ်နေ့လျှင်တစ်ကြိမ်မှ နှစ်ကြိမ်ခန့်ရေလောင်းပေးရသည်။
ပုံမှန်အားဖြင့် ပင်လယ် ရေနှင့်လောင်းကြသလို ရေချိုနှင့်လောင်း၍လည်းရသည်။ ခြင်းထဲတွင်ထည့်ထားသော အသီးတောင့်များကို အတိအကျ ရေတွက်ထားရသည်။ ဉပမာအားဖြင့် တစ်ခြင်းလျှင် အသီးတောင့်တစ်ထောင်စီထည့်ထားမည်ဆိုပါလျှင် စိုက်ပျိုးသည့်အခါရေတွက်ရလွယ်ကူမည်ဖြစ်သည်။ တစ်ဟက်တာအတွက် အသီးတောင့် (၂၅၀၀) စိုက်ပျိုးရမည်ဆိုလျှင် တစ်ထောင်စီထည့်ထားသော ခြင်း (၁) ခြင်းနှင့် တစ်ဝက်စိုက်ရမည်ဟုအလွယ်တကူခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။
နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်လလောက်များဆိုလျှင် အသီးတောင့်များကို စတင်စုဆောင်းရပြီဖြစ်သည်။ ဧပြီ၊ မေ လဝန်းကျင်တွင် စိုက်ပျိုးမြေနေရာ၌ တောရှင်းခြင်း၊ ခြုံနွယ်ရှင်းလင်းခြင်းတို့ ပြုရပြီဖြစ်သည်။ ဇွန်၊ ဇူလိုင် လခန့်တွင် အသီးတောင့်များအား ဒီရေတောစိုက်ခင်းနေရာတွင်စိုက်ပျိုးလေ့ရှိကြသည်။ ထို့ကြောင့် ဒီရေတောပင်တစ်ပင်ဖြစ်လာစေရန်မှာ အသီးတောင့်စတင်စုဆောင်းခြင်း၊ လက်ရွေးစင်အသီးတောင့်များအားရွေးချယ်ခြင်း၊ တောရှင်းလင်းခြင်း၊ အသီးတောင့်များအားခြင်းထဲတွင်စနစ်တကျထားသိုခြင်း၊ စိုက်ပျိုးမြေနေရာတွင်စိုက်ပျိုးခြင်း အစရှိသော အဆင့်များကိုကျော်ဖြတ်ရလေသည်။
အသီးတောင့်များကို ဇွန်၊ ဇူလိုင်တွင်စတင်စိုက်ပျိုးရသည့်အကြောင်းရင်းမှာ မိုးရာသီအစဖြစ်သောကြောင့် ပင်။ ဒီရေတောအပင်ပေါက်များသည်ရေချိုလိုအပ်သည်။ ရေချိုမရပါကအပင်ရှင်သန်မှုမရှိ။ အပင်ပေါက် များသည် အပင်ကြီးများကဲသို့ ထူးကဲမြစ်၊ လေရှုမြစ်များမရှိသေး။ ထို့ကြောင့် ကောင်းကင်မှကျလာမည့် မိုးရေကိုအားထားရသည်။
စိုက်ပျိုးရာတွင်လည်း နည်းစနစ်နှစ်မျိုးရှိလေသည်။ ပထမနည်းမှာ စိုက်ပျိုးရန်သတ်မှတ်ထားသောနေရာ၌ အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းဖြစ်ပြီး ဒုတိယနည်းမှာ ပျိုးပင်များကိုစိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ခင်းထဲတွင် အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းမှာ လွယ်ကူသော်လည်း အပင် ၁၀၀ ရာခိုင်နှုန်း ရှင်သန်ကြီးထွားမည်ဟု ပုံသေတွက်ဆထား၍မရ။ တစ်ချို့အပင်များမှာရှင်သန်မလာခဲ့။ ထို့ကြောင့် ပျိုးပင် များကို အစားထိုးစိုက်ပျိုးကြရသည်။

အသီးတောင့်များအားလက်ရွေးစင်ရွေးချယ်ပြီး သိုလှောင်ရုံတွင်သို လှောင်ထားသည့်ကာလ၌ ပျိုးဥယျာဉ်တစ်ခုကိုလည်းတည်ထောင်ထားရသည်။ ထိုပျိုးဉယျာဉ်တွင် အသီး တောင့်များကိုစိုက်ပျိုးထားပြီး ပင်ပျိုလေးအဖြစ်မွေးမြူထားရခြင်းပင်။ စိုက်ပျိုးရာသီကာလ အသီးတောင့် စိုက်ပျိုးခြင်း၌ မဖြစ်ထွန်းသောအပင်နေရာများတွင်ထိုပျိုးပင်ပေါက်များကို အစားထိုးစိုက်ပျိုးလိုက်သည်။ ထို့ကြောင့် ဒီရေတောစိုက်ခင်းများသည် စနစ်ကျပြီး ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းသောဒီရေတောကြီးအဖြစ်ဆီသို့ ဦးတည်လျက်ရှိနေပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 0 ခု
ဘာဆေးဖျန်းသင့်ပါသလဲ။အပင်တေလဲညိုးသေနေပါတယ်။
ko thant • ဖြေကြားချက် 0 ခု
ပဲအတွက် လိုအပ်မည့်ဆေးကောင်းများလမ်းညွှန်ပေးပါအုံးဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 2 ခု
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023