အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့

Thu Ra Nyi Nyi
Thu Ra Nyi Nyi • 21/03/2025

ယနေ့ မတ်လ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပါတယ်။  

ကမ္ဘာမြေ ရေရှည်တည်တံ့ရေးအတွက် သစ်ပင်၊ သစ်တောတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိပညာပေးဖို့နဲ့ ကာကွယ်ထိန်းသိမ်းရေးအတွက် လှုပ်ရှားမှုတွေကို မြှင့်တင်ရန် ရည်ရွယ်ပြီး ဤနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။  စတင်သတ်မှတ်ပုံကတော့ ၁၉၇၁ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ ၁၆ ကြိမ်မြောက် ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေက မဲပေးပြီး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ဟာ ကမ္ဘာတောင်ခြမ်းမှာ နွေဦးစတင်ချိန်ဖြစ်ပြီး နေ့အချိန်အပိုင်းအခြားနဲ့ ညအချိန်အပိုင်းအခြား တူညီနေတဲ့ ၎င်းနေ့ဟာ သဘာဝရဲ့ ဟန်ချက်ညီမှုကို ဖော်ပြနေတာကြောင့် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

သစ်တော၊ သစ်ပင်တွေဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင် ထုတ်လုပ်ပေးတာကစလို့ အစားအစာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေအဆုံး နေ့စဉ်ဘဝလိုအပ်ချက်တွေအတွက် အရေးပါလှပါတယ်။​ စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ ရာသီဥတုကို မျှတစေခြင်း လူသားတွေရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ရေသယံဇာတ၊ မြေဆီလွှာ၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း စတဲ့ အခန်းကဏ္ဍတွေမှာလဲ သစ်တော၊ သစ်ပင်တွေဟာ ပတ်သက်ဆက်နွှယ်နေပါတယ်။​

ဒါကြောင့်မလို့ “ဥတုရာသီ တောကိုမှီ၏။ တောတောင်စိမ်းမှ စမ်းရေရ၏။ ပန်းမန်သစ်ပင် လေသန့်စင်၍ ဥယျာဉ်တောတန်း စိတ်ရွှင်လန်း၏” ဆိုတဲ့ ဆိုရိုးစကားပင် ရှိနေခြင်း ဖြစ်ပါတယ်။​

စိတ်မကောင်းစရာနဲ့ပဲ ဒီလို ကဏ္ဍမျိုးစုံကနေ လူသားတွေနဲ့ ကမ္ဘာမြေကြီးကို အကျိုးပြုနေတဲ့ သစ်တောတွေဟာ စိုက်ပျိုးမြေချဲ့ထွင်ရန်၊ ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ အဆောက်အဦတွေ တည်ဆောက်ရန်၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရန်စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်နဲ့ အမျှ ရှင်းလင်းခံနေရပါတယ်။​ အကြမ်းဖျင်းအားဖြင့် အင်္ဂလန်နိုင်ငံရဲ့ အကျယ်အဝန်းပမာဏ (ဧက ၃၂သန်း) ထက်ပိုတဲ့ သစ်တောဧရိယာတွေဟာ နှစ်စဉ်နဲ့အမျှ ရှင်းလင်းခံနေရပါတယ်။​ 

သစ်တောတွေပြုန်းတီးလာတဲ့ အကျိုးဆက်တွေအနေနဲ့ကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲပြီး  မိုးခေါင် ရေရှားတာ၊ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေကြီး မြေပြိုတာတွေကို တစ်နှစ်ထက် တစ်နှစ် ဆိုးဆိုးရွားရွား ကြုံတွေ့လာကြရတာဖြစ်ပါတယ်။​

ဒါ့ကြောင့်မလို့ လူသားတွေရဲ့ အကျိုးအတွက်ရော မိခင်ကမ္ဘာမြေကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက်ပါ သစ်တော၊ သစ်ပင်တွေ ပိုမိုစိုက်ပျိုးပြီး ထိန်းသိမ်းကြဖို့အတွက်

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကိုဂုဏ်ပြုကြိုဆိုရင်း အစိမ်းရောင်လမ်းကနေ တိုက်တွန်းလိုက်ရပါတယ်ဗျာ…။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။