ဒီရေတောများကို ဘယ်လိုထိန်းသိမ်းမလဲ
ဒီရေတောများကို အပူပိုင်းဒေသများတွင် အဓိကတွေ့ရှိရပြီး အများအားဖြင့် ရေချိုနှင့် ဆားငန်ရေ ပတ်ဝန်းကျင်များအကြား ကုန်းမြေများတွင် တွေ့ရပါသည်။
၂၀၁၄ ခုနှစ်အတွင်းခန့်မှန်းခြေအားဖြင့် တစ်ကမ္ဘာလုံးဧရိယာ ဟက်တာ ၁၆.၄ သန်းအထိ ဒီရေတောများသည် အဖိုးတန်ဂေဟစနစ်များကိုထောက်ပံ့ပေးလျက်ရှိပါသည်။ ထိုထောက်ပံ့မှုအကျိုးကျေးဇူးများတွင် ကာဗွန်စုပ်ယူမှု၊ ကမ်းရိုးတန်းတစ်လျှောက်တံတိုင်းအဖြစ် ကာကွယ်ပေးမှု၊ ကမ်းခြေ၏ ခြံစည်းရိုးသဖွယ်၊ အစားအစာ၊ လောင်စာဆီ၊ ဆောက်လုပ်ရေး အသုံးအဆောင်၊ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရေးနှင့် အခြားအကျိုးပြုအရာများ ပါဝင်ပါသည်။
ကမ္ဘာ့ဒီရေတောဖုံးလွှမ်းမှု၏ သုံးပုံတစ်ပုံကျော်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင်တွေ့ရှိရပြီး ဒီရေတောမျိုးစိတ်ကွဲများ အများဆုံးတွေ့ရသောဒေသလည်းဖြစ်လေသည်။
ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ အချို့နိုင်ငံများသည် တန်ဖိုးမဖြတ်နိုင်သောဒီရေတောဧရိယာများကို စောင့်ရှောက်ရန်နှင့် ပြန်လည်ထိန်း သိမ်းရန်ကြိုးပမ်းနေသော်လည်း အရှေ့တောင်အာရှဒေသသည် ၁၉၇၅ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ဒီရေတောဟက်တာ ၀.၃ သန်းကျော် ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသည် ၁၉၇၅ ခုနှစ်မှစ၍ ဒီရေတော သစ်တောပြုန်းတီးမှု စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ သည်။ တကယ်တမ်းတွင်မူ မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု ၄၄.၂ ရာခိုင်နှုန်း ရှိသော၊ သစ်တောထူထပ်သောနိုင်ငံ ဖြစ်ခဲ့ပါသည်။
ဒီရေတောဂေဟစနစ်အား ထောက်ပံ့ကူညီနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီရေတော ဖုံးလွှမ်းမှုပြောင်းလဲမှုများကို တိကျသော အရေအတွက် တွက်ချက်ရန် လိုအပ်ပါသည်။
သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ ဒီရေတောဂေဟစနစ် ဝန်ဆောင်မှုတန်ဖိုးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂,၃၉၇ သန်း (၂၀၀၀ ခုနှစ်မှ ၂၈.၇ ရာခိုင်နှုန်း ကျဆင်းသွားသည်) တန်ဖိုးထိခိုက်သွားသည်။ အထူးသဖြင့် ငါးလုပ်ငန်း၊ ကမ်းရိုးတန်းကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းတို့ပါဝင်သည်။
ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။ စပါး စိုက်ခင်းတိုးချဲ့ခြင်း၊ ထင်းထုတ်ယူခြင်း၊ မီးသွေးထုတ်လုပ်ခြင်းနှင့် ငါးနှင့်ပုစွန်မွေးမြူခြင်းလုပ်ငန်းကြောင့် ဒီရေတော များဆုံးရှုံးနေချိန်တွင် သစ်တောပျိုးခင်းများဆောင်ရွက်ခြင်း၊ ကျေးရွာပိုင်သစ်တောများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်သင့်ပါသည်။
ရပ်ရွာပိုင်သစ်တောစိုက်ခင်းများ အား ဒေသခံတောင်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်ရှင်များက ဂရုတစိုက် ဖွံ့ဖြိုးတိုးတက်၊ ရေရှည်တည်တံ့စေရန်ဆောင်ရွက်သင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဂေဟစနစ်
နည်းပညာမိတ်ဖက်အဖွဲ့
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 0 ခု
ဘာဆေးဖျန်းသင့်ပါသလဲ။အပင်တေလဲညိုးသေနေပါတယ်။
ko thant • ဖြေကြားချက် 0 ခု
ပဲအတွက် လိုအပ်မည့်ဆေးကောင်းများလမ်းညွှန်ပေးပါအုံးဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 2 ခု
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Worldview International Foundation - WIF
အားလုံး
ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်
12/04/2024
ဒီရေတော စိုက်ပျိုးရန် မြေနေရာပြင်ဆင်ခြင်း
02/04/2024
ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်
14/03/2024
ဒီရေတောတွေသာမရှိတော့ရင်..
16/11/2023
ကမ်းခြေကို ခြေကုပ်ယူကာ ပင်လယ်ရေလွှမ်းခြင်းကို ကာကွယ်ပေးနေတဲ့ ဒီရေတောများ
10/11/2023