သဘာဝကပေးတဲ့ အဖိုးတန် ရှိခိုးကောင်တွေ
အခင်းတွေထဲမှာ စိုက်ကွင်းတွေထဲမှာ အိမ်တွေမှာ ရှိခိုးကောင်တွေကို မြင်ဖူးမှာပါ။
သူတို့အကြောင်းကို လေ့လာကြည့်ရအောင်လားခင်ဗျာ။
အရွယ်အစား
သူတို့က အလယ်အလတ်လောက် အရွယ်ရှိတဲ့ အစိမ်းရောင် (သို့) အညိုရောင်ရှိတဲ့ အင်းဆက်ကောင်တွေဖြစ်ပါတယ်။ (၅) ကနေ (၁၀) စင်တီမီတာ ဆိုတော့ (၂) လက်မကနေ (၄)လက်မ လောက်အထိပဲ ရှိကြပါတယ်။ ရှေ့လက်တွေက အဓိက သူတို့ အမဲလိုက်တဲ့ ပစ္စည်း ကိရိယာတွေပါပဲ။ သူတို့ရဲ့ ကွေးနေတဲ့ ကိုယ်ခန္ဓာပုံစံနဲ့ လက်ကြောင့်မို့ ရှိခိုးကောင်တွေရယ်လို့ ခေါ်ကြပါတယ်။
သူတို့ သက်တမ်းက တစ်နှစ်လောက်ဖြစ်ပြီးတော့ တစ်နှစ်မှာ မျိုးဆက် တစ်ဆက်စီပွားများကြပါတယ်။ ဥတွေကို ဆောင်းအကုန်မှာ ဥအိမ်နဲ့ ဥချကြပြီးတော့ သစ်သား သို့ အပင်အခေါက်တွေမှာ နဲ့ အခြားအပင်တွေမှာ ကပ်ပြီး တွေ့နိုင်ပါတယ်။
အစားစားတဲ့ အလေ့အထမျိုးမှာဆိုရင်တော့
သူတို့က အသားစားတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ တစ်နေရာရာလေးမှာ ငြိမ်ငြိမ်လေးနေနေတယ်၊ သားကောင်ကို စောင့်တယ်။ ရောက်လာတဲ့ သားကောင်ရဲ့ အလစ် အငိုက်ကို စောင့်ပြီးတော့ လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ အတူ သားကောင်ကို တိုက်ခိုက်ပြီးတော့ ဖမ်းစားတယ်။ သူတို့ရဲ့ ရှေ့လက်ကို သုံးပြီးတော သားကောင်ကို ဖမ်းတယ်။ ပြီးတော့ သူတို့ရဲ့ သူတို့က ဘာကောင်တွေကို စားကြတာလဲဆိုရင်တော့
- ပိုးဟပ် (Roaches)
- ယင်ကောင်များ (Flies)
- ခြင်များ (Mosquitoes)
- ပိုးဖလံများ (Moths)
- ဂျပိုးများ (Bugs)
- ကျိုင်းကောင်များ (Beetles)
- ပျ (Aphids)
- ကြွက် (rodents)
- ဖား (Frog)
- အကောင်သေးတဲ့ ကြွက်လေးများ (Small Rodents)
- အကောင်သေးတဲ့ ငှက် ( Birds)
- မြွေ (Snakes) ( အကောင်သေး) စတဲ့ တော်တော်များများကို စားသောက် နေထိုင်ကြပါတယ်။
သူတို့ကို ဘယ်မှာ တွေ့နိုင်ပါမလဲ?
ကမ္ဘာတစ်ဝှမ်းလုံးမှာ တွေ့နိုင်ပေမဲ့လည်း ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်ကြပါတယ်။ အေးတဲ့ဒေသမှာလည်း ရှင်သန်နေထိုင်နိုင်ပါတယ်။
တစ်ချို့ မျိုးစိတ်တွေကတော့ သစ်ပင်တွေနဲ့ ခြုံပုတ်တွေကိုကြိုက်ပေမဲ့လို့ တစ်ချို့မျိုးစိတ်တွေကျတော့ မြေကြီးနဲ့ နီးနီးကပ်ကပ်နေရတာကို ကြိုက်တဲ့ မျိုးတွေလည်းရှိပါတယ်။ ဆိုတော့ သူတို့ကို နေရာဒေသမရွေးမှာ တွေ့နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
သူတို့ကို ဘယ်လို ဆွဲဆောင်မလဲ?
ရှိခိုးကောင်လေးတွေကို ဆွဲဆောင်တဲ့ အပင်နဲ့ ချုံလေးတွေ (ဥပမာ- ချစ်တီးပန်း) တို့လိုမျိုး စိုက်ပျိုးပေးထားရင် ရှိခိုးကောင်လေးတွေသာမက အခြားသော လိပ်ခုံးကျိုင်းလိုမျိုးနဲ့ အကျိုးပြုအင်းဆက်တွေလည်း လာရောက်နေထိုင်နိုင်ပါတယ်။
အရိပ်ရတဲ့ အပင်ပုလေးတွေလည်း စိုက်ပျိုးပေးနိုင်ပါတယ်။ သူတို့လည်း ပုန်းဖို့အတွက် နေရာလေးလိုတာမို့ သူတို့ အတွက် နေရာလုပ်ပေးထားရပါမယ်။
အနောက်နိုင်ငံတော်တော်များများမှတော့ ရှိခိုးကောင်တွေကို ရောင်းပါတယ်။ မြန်မာနိုင်ငံမှာတော့ မရလောက်သေးဘူးလို့ထင်ပါတယ်။ အကောင်လိုက် အစုံလိုက်လည်းရောင်းသလို ဥအိမ် အနေနဲ့လည်းရောင်းပါတယ်။ ဥအိမ်အလိုက်ရောင်းတာက အကောင်ရေလည်း များများပါသလို ဝယ်လိုအားလည်းများတယ်လို့ သိရပါတယ် တောင်သူကိုကို မမတို့ခင်ဗျာ။

ပုံ - ရောင်းချနေသော ဥ အိမ် ကို ကိုင်းတွင် ချိတ်ထားပုံ
တကယ်တမ်း သူတို့စားပေးနေတဲ့ ပျတို့ ယင်ဖြူတို့ ပိုးဖလံတို့ဆိုတာကလည်း မသိလိုက်ရင် မသိလိုက်သလို မြန်မြန်ဆန်ဆန်နဲ့ တစ်ပင်လုံးရဲ့ ပင်ရည်တွေ စုပ်ယူ၊ အရွက်တွေကိုက်ဖြတ်စားစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို လုပ်ဆောင်ကြတာပါ။
သူတို့ရှိလို့ အကုန်အစင်ရှင်းနိုင်တာတော့လည်း မဟုတ်ပါဘူး။ ပြီးတော့ သူတို့ရှိနေတာမို့လည်း နောက်ထပ် အကျိုးပြုတဲ့ အကျိုးပြုအင်းဆက်လေးတွေကပါ သူတို့ရဲ့ သားကောင်ဖြစ်နိုင်သေးတာမို့ အရာအားလုံးက တန်ဆေးလွန်ဘေးပါပဲခင်ဗျာ။
တစ်ချို့ကျတော့လည်း ဒီရှိခိုးကောင်တွေကို အလှမွေးတဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ်နဲ့တောင် ဖန်လုံအိမ်လေးတွေနဲ့ သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီးတော့ အစာရေစာ ပေးပြီး တကူးတက မွေးကြပါသတဲ့။
ကဲ့ ခုတော့ ရှိခိုးကောင်နဲ့ ပတ်သတ်ပြီးတော့ အလုံးစုံနီးပါးလည်း သိသွားပြီဆိုတော့ တောင်သူဦးကြီးတို့တွေ ကွင်းထဲမှာ ရှိခိုးကောင်တွေကို မြင်တဲ့အခါမျိုးမှာ ဘာတွေအကျိုးပြုနေသလဲ ဒီအကောင်လေးတွေရှိနေခြင်းက ကိုယ့်အတွက် ဘာတွေကောင်းစေသလဲနဲ့ ကိုယ်ကလည်း သူတို့ကို ဘယ်လို အသုံးချနိုင်ပါသလဲဆိုတာကို သေချာနားလည်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။
တောင်သူလယ်သမား ဦးကြီးဒေါ်ကြီးတို့ ကျန်းမာချမ်းသာ လုပ်ငန်းခွင်မှာ အောင်မြင်ဖြစ်ထွန်းကြပါစေခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးကျော်မျိုးသူ
လွန်ခဲ့သော ၂ နှစ် ကတွေ့ဖူးတယ်
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026