ရေတိမ်ဒေသများ၏ အရေးပါမှုနှင့် စိုက်ပျိုးရေးလုပ်ငန်း
ရေတိမ်ဒေသ (Ramsar Site)
၁၉၇၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများအစည်းအဝေးကို အီရန်နိုင်ငံ၊ ရမ်ဆာမြို့တွင် ကျင်းပခဲ့ပြီး ကွန်ဗင်းရှင်းအဖြစ်ဖွဲ့စည်းရန် ကမ္ဘာ့နိုင်ငံများမှ တက်ရောက်လာသူများ သဘောတူလက်မှတ်ရေးထိုးခဲ့သောကြောင့် ရမ်ဆာကွန်ဗင်းရှင်း စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကမ္ဘာ့ဒေသအသီးသီးရှိ ရေတိမ်ဒေသများကို ပူးပေါင်းထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် ရမ်ဆာနယ်မြေများ (Ramsar Sites) အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါသည်။
ရေတိမ်ဒေသများ၏ အရေးပါမှု
ရေတိမ်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သာမက ရေသယံဇာတ အရင်းအမြစ်များနှင့် ဆက်စပ်ဂေဟစနစ်များ ရေရှည်တည်မြဲစေရေးအတွက် ထိန်းညှိပေးခြင်း၊ ရှားပါးမျိုးစိတ်များနှင့် ဒေသမျိုးရင်း မျိုးစိတ်များ တိုးပွားလာရေးနှင့် ၎င်းတို့၏ ကျက်စားရာဒေသအဖြစ် တွေ့ရှိရခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်း စသောဂေဟစနစ် ဆိုင်ရာ အကျိုးကျေးဇူးများစွာ အထောက်အကူပေးပါသည်။ ထို့အပြင် ရေတိမ်ဒေသများသည် ရေကြီးရေလျှံမှုကို ထိန်းသိမ်းပေးခြင်း၊ ရေတွင်ပျော်ဝင်နေသည့် အညစ်အကြေးများ သန့်စင်ပေးခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် နေရင်းဒေသများအဖြစ် ဖန်တီးပေးနိုင်ခြင်း၊ ရွှေ့ပြောင်းရေပျော်ငှက်များအတွက် နားခိုကျက်စားရာနေရာအဖြစ် ဖန်တီးပေးခြင်း စသည့် အကျိုးကျေးဇူးများလည်း ပေးနိုင်ပါသည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသော လူမှုစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးကျေးဇူးများ ရရှိစေပါသည်။
မြန်မာနိုင်ငံရှိ ရေတိမ်ဒေသများ
မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ ၅ ခုရှိပြီး မြေဧရိယာအားဖြင့် ၁၅၆,၅၄၁ ဟတ်တာ အကျယ်အဝန်းရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းကို စတင်ချိတ်ဆက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ရေတိမ်ဒေသ (Ramsar Site) အဖြစ် သတ်မှတ်ခြင်းခံထားရသော နေရာများမှာ
၁။ မိုးယွန်းကြီးအင်း (၁၉၈၈) - ပဲခူးတိုင်းဒေသကြီး
၂။ အင်းတော်ကြီးအိုင် (၂၀၁၆) - ကချင်ပြည်နယ်
၃။ မိန်းမလှကျွန်း (၂၀၁၇) - ဧရာဝတီတိုင်းဒေသကြီး
၄။ မုတ္တမပင်လယ်ကွေ့ မြောက်ပိုင်း (၂၀၁၇) - မွန်ပြည်နယ်
၅။ အင်းလေးကန် (၂၀၁၈) - ရှမ်းပြည်နယ် စသည်တို့ဖြစ်ပါသည်။
ရေတိမ်ဒေသများနှင့် စိုက်ပျိုးရေးလုပ်ငန်း
စိုက်ပျိုးရေးကဏ္ဍကို အဓိကအခြေခံသော မြန်မာနိုင်ငံအနေနှင့် ရေတိမ်ဒေသများ၏ အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါလှပါသည်။ ကမ္ဘာ့ရေချိုအရင်းအမြစ်များ၏ ၇၀%ကို လယ်ယာကဏ္ဍများအတွက် အသုံးပြုလျက်ရှိပြီး ရေအရင်းအမြစ်များ၏ ၂၀% ခန့်ကို ရေတိမ်ဒေသများမှ အဓိကပံ့ပိုးပေးနေခြင်း ဖြစ်ပါသည်။ ရေတိမ်ဒေသများ အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် ရရှိစေသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ မြေဆီသြဇာကြွယ်ဝစေခြင်းနှင့် ရေတိုက်စားမှုလျော့ကျစေခြင်း
၂။ မြေကြီး၏ ချဥ်/ငံ ဓာတ်ကို ထိန်းညှိပေးခြင်း
၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက် လုပ်ကိုင်နိုင်ခြင်း
၄။ လယ်ယာလုပ်ငန်းရှိ တိရစ္ဆာန်များအား သောက်သုံးရေနှင့် အစားအစာ ထောက်ပံ့ပေးနိုင်ခြင်း
၅။ သီးနှံအဖျက်ပိုးများအား စားသောက်ပေးသော ငှက်များအတွက် နေစရာဖန်တီးပေးခြင်း
၆။ လေတိုက်ခြင်းနှင့် ရေကြီးခြင်းတို့အတွက် အကာအကွယ်ပေးခြင်း
၇။ ရေဆိုးရေညစ်များအား သန့်စင်ပေးနိုင်ခြင်း
၈။ တောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေကို ထောက်ပံ့ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ရေတိမ်ဒေသများအပေါ် သက်ရောက်လာမှုများ
ခေတ်၏လိုအပ်ချက်အရ စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်နှုန်းတိုးစေရန်နှင့် သီးနှံများ အရည်အသွေးကောင်းစေရန်အတွက် ပိုးသတ်ဆေး၊ မြေသြဇာနှင့် တိရစ္ဆာန် အညစ်အကြေးများကို လွန်လွန်ကဲကဲ သုံးစွဲလာကြပါသည်။ ၎င်း၏အကျိုးဆက်အနေဖြင့် မလိုလားအပ်သော ရေတွင်ပေါက်သည့် ရေညှိ ရေမှော်ပင်များ သာမန်ထက်ပိုများလာပြီး ဖုံးလွှမ်းလာကြပါသည်။ ရေတိမ်ဒေသများ အတွင်းသို့ ပိုးသတ်ဆေးများ စိမ့်ဝင်လာခြင်းနှင့် ဆည်များ တည်ဆောက်ခြင်း စသည်တို့ကလည်း ရေတိမ်ဒေသများအား ထိခိုက်မှုရှိလာပါသည်။ ရေတိမ်ဒေသများ၏ ရေလည်ပတ်မှုစနစ်များကိုပါ ထိခိုက်လာပြီး မှီခိုနေထိုင်ကြသော ရေနေသတ္တဝါများနှင့် ရေပျော်ငှက်များကိုပါ ခြိမ်းခြောက်လာပါသည်။ ထို့အပြင် အမှိုက်များကို မဆင်မခြင်စွန့်ပစ်ခြင်း၊ မိုးရာသီတွင် ရေလွှမ်းမိုးခြင်း၊ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ရေအလွန်အကျွံထုတ်ယူ အသုံးပြုခြင်း၊ ထင်းအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကလည်း ရေတိမ်ဒေသများတည်မြဲရေးအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာနေပါသည်။
ရေတိမ်ဒေသများအား ထိန်းသိမ်းကာကွယ်ခြင်း
ရေတိမ်ဒေသများအား ထိန်းသိမ်းကာကွယ်ရာတွင် စနစ်တကျအကျိုးရှိစွာ အသုံးချခြင်းကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရေတိမ်ဒေသများ ရေရှည်တည်တံ့စေပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေသော နည်းစနစ်များဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများ စနစ်တကျ တည်ဆောက်ခြင်းနှင့် စွန့်ပစ်ရေဆိုးများ ပြန်လည်သန့်စင် အသုံးချခြင်းများ အပါအဝင် ရေသယံဇာတအရင်းအမြစ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ရာသီဥတု ပြောင်းလဲမှုဒါဏ်ခံနိုင်သော သီးနှံမျိုးစိတ်များ တိုးမြှင့်စိုက်ပျိုးခြင်း၊ ဓါတုပိုးသတ်ဆေးများ သုံးစွဲမှု လျှော့ချခြင်း၊ သဘာဝမြေသြဇာများ ပိုမိုအသုံးပြုစေခြင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းများ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://www.environment.gov.au/water/wetlands/publications/factsheet-wetlands-agriculture
https://www.forestdepartment.gov.mm/news/19429
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026