သစ်တိုသီး အကြောင်း သိကောင်းစရာ
လွန်ခဲ့တဲ့ ၂ လလောက်က ဖေ့စ်ဘုတ် မှာ ကြည့်လိုက်ရတဲ့ ဗီဒီယို တစ်ခုကြောင့် သစ်တိုသီးဆိုတာကို သတိထားမိခဲ့ပါတယ်။ သစ်တိုသီး စားကောင်းကြောင်းကို အားပါးတရ ပြောထားတဲ့ ဗီဒီယိုလေးကြည့်ပြီး စာရေးသူတောင် စားချင်လာမိတာ အမှန်ပါပဲ။ အဲ့လိုနဲ့ပဲ သစ်တိုသီးအကြောင်းကို စာရှာဖွေဖတ်ပြီး အခုလို ဆောင်းပါးလေး တစ်ပုဒ်ရေးလိုက်ပါတယ်။
ပေါက်ရောက်ရာ ဒေသ
သစ်တိုသီးပင်၏ မူရင်းဒေသများမှာ အင်ဒိုချိုင်းနား ဒေသ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ သြစတြေးလျ မြောက်ပိုင်း၊ မော်ရီးရှပ်စ်နှင့် ဆေးရှဲလ် ကျွန်းစုများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ အများဆုံး တွေ့ရပါသည်။ သစ်တိုသီးကို အထက်ဖော်ပြပါ ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်း၏ ရာသီချိန်တွင် ပေါပေါများများ ထွက်ရှိကာ နိုင်ငံတကာဈေးကွက်အထိ ရောင်းချ နိုင်ကြောင်း သိရပါသည်။
ရာသီဥတုနှင့် မြေဆီလွှာ
သစ်တိုသီးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ သစ်တိုသီးပင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ ဝန်းကျင်ရှိသော ဒေသများတွင် ပေါက်ရောက်ပါသည်။ မြေဆီသြဇာကြွယ်ဝကာ မိုးရေရရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ကြာရှည်စွာ ခြောက်သွေ့ခြင်းကိုလည်း ကောင်းစွာခံနိုင်ရည် ရှိပါသည်။
အပင်နှင့်အသီး၏ သွင်ပြင်လက္ခဏာ
သစ်တိုသီးကို ယေဘူယျအားဖြင့် အနီမျိုးနှင့် အဝါမျိုးဟူ၍ ခွဲခြားထားပါသည်။ မျိုးအပေါ်မူတည်၍ အခွံပါးနှင့် အခွံထူ ဟူ၍လည်းရှိပါသည်။ အခွံအောက်ရှိ အသားမှာ စားသုံးနိုင်သော အပိုင်းဖြစ်ပါသည်။ အသီး၏ အလယ်ရှိ နူးညံ့ပျော့အိသော အသားမှာ ချိုချဉ် အရသာရှိပြီး အညိုရောင် အစေ့များလည်း အသီးအလယ်တွင် ပါဝင်ပါသည်။ အရွက် တစ်ရွက်တွင် ရွက်မွှာ ၃ ခု ပါရှိပါသည်။ ၎င်းရွက်မွှာများသည် အပင်ထိပ်ဖျားပိုင်းတွင် အစိမ်းရင့်ရောင်ရှိပြီး အပင်အောက်ခြေဘက်တွင် အစိမ်းဖျော့ရောင် ရှိပါသည်။ သေးငယ်ပြီး အနံ့မွှေးကာ ဝါစိမ်းရောင်ရှိသော ပန်းပွင့်များ ပွင့်ပြီးနောက် ဇွန်လမှ သြဂုတ်လအတွင်း အသီးများသီးမည် ဖြစ်ပါသည်။ အသီးမှာ ယေဘူယျ အားဖြင့် လုံးဝန်းပြီး ပန်းသီးငယ် တစ်လုံးကဲ့သို့ အရွယ်အစား ရှိပါသည်။ သစ်တိုသီးပင်သည် အမြင့်ပေ ၅၀ မှ ၁၅၀ အထိ ရှည်လျားစွာ ကြီးထွားနိုင်ပါသည်။
မြေပြုပြင်ခြင်း
စိုက်ပျိုးမည့် မြေနေရာ ရွေးချယ်ပြီးနောက် မလိုအပ်သော ပေါင်းပင်နှင့် အခြားအပင်များကို ရှင်းလင်းရမည် ဖြစ်ပါသည်။ မြေကြီးမွစေရန်နှင့် ပေါင်းမျိုးစေ့များအား အမြစ်ပြတ်ရှင်းလင်းရန် ထယ်ထိုး ထွန်မွှေခြင်းများကို မိုးရာသီ မတိုင်မီ ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့နောက် အကျယ်နှင့် အနက် ၂၀ လက်မဝန်းကျင်ရှိ ကျင်းများတူးရန် လိုအပ်ပြီး တစ်ကျင်းနှင့် တစ်ကျင်း ပေ ၂၀ ခန့်ခွာထားရမည် ဖြစ်ပါသည်။ မစိုက်ခင်ကြိုတင်၍ ၎င်းကျင်းများထဲသို့ သဘာဝမြေသြဇာ ၂၀ ကီလိုဂရမ်ခန့် ထည့်ပေးရမည် ဖြစ်ပါသည်။
စိုက်ပျိုးခြင်း
စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ပေ ၂၀ မှ ၂၅ ပေ အထိ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ စိုက်ပျိုးလျှင် အပင်သက်တမ်း ၅ နှစ်မှ ၇ နှစ်ကြာလျှင် အသီးရရှိမည် ဖြစ်ပါသည်။ အချို့မျိုးများမှာ အသီးရရှိရန်အတွက် ၃ နှစ်မှ ၄ နှစ်သာ စောင့်ရန် လိုအပ်ပါသည်။
မြေသြဇာ ကျွေးခြင်း
အပင်ကြီးထွား သန်စွမ်းရန်အတွက် တစ်နှစ်လျှင် မြေသြဇာ ၂ ကြိမ် ကျွေးရန် လိုအပ်ပါသည်။ အမိုနီယမ် ဆာလဖိတ်မြေသြဇာကို ၁၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၁ ကီလိုဂရမ်မှ ဝ.၅ ကီလိုဂရမ်) အထိ ၁ နှစ်လျှင် ၂ ကြိမ် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ အပင်ခြေတွင် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး ၁ လသားတွင် တစ်ကြိမ်၊ ၆ လတွင် တစ်ကြိမ် မြေသြဇာထည့်သွင်းပေးရမည် ဖြစ်ပါသည်။ အသီးစသီးချိန်တွင် အပင်တစ်ပင်ချင်းဆီအတွက် ယူရီးယားနှင့် ပိုတက် ဓာတ်ပါဝင်သော မြေသြဇာ ၃၀၀ ဂရမ်မှ ၅၀၀ ဂရမ် (ဝ.၃ ကီလိုဂရမ်နှင့် ဝ.၅ ကီလိုဂရမ်) အထိထည့်သွင်းပေးရမည် ဖြစ်ပါသည်။
မျိုးပွားခြင်း
သစ်တိုသီးကို အစေ့မှ မျိုးပွားနိုင်သလို မြေထုပ်စည်းခြင်း၊ အဖူးသွင်းခြင်းနှင့် သပ်သွင်း ပင်ထောက်ကိုင်းကူးခြင်း နည်းလမ်းများ အပြင် အခြား ကိုင်းကူးဆက်နည်းများဖြင့်လည်း ပွားယူနိုင်ပါသည်။
ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
သစ်တိုသီးများသည် ဇူလိုင်လမှ အောက်တိုဘာလ အတွင်း ရင့်မှည့်ကြပါသည်။ အသီး၏ အခွံမှာ အဝါရောင် ရင့်ရင့် ဖြစ်သည်ကို တွေ့ပါက ခူးဆွတ်နိုင်ပြီ ဖြစ်ပါသည်။ သစ်တိုသီးပင်သည် အသီးအများ အပြားထွက်ရှိသော အပင် ဖြစ်ပါသည်။ အရွယ်ရောက်ပြီးသော အပင်တစ်ပင်သည် ၁ နှစ်လျှင် အသီး ၁၈၀၀၀ မှ ၂၄၀၀၀ အထိ သီးနိုင်ပါသည်။
ပိုး ကျရောက်မှု
ပိုးအနေဖြင့် သီးထိုးယင် ကျရောက်လေ့ရှိပြီး အသီးပုံပျက်ခြင်းနှင့် အသီးမျက်နှာပြင်ပေါ်တွင် အကွက်အပြောက်များ ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေပါသည်။ သီးထိုးယင်ကို ကာကွယ်ရန်အတွက် အသီးကိုစက္ကူဖြင့် တစ်ထပ်ခံပြီး ပလတ်စတစ်အိတ်ဖြင့် စွပ်ကာ ကာကွယ်ထားရမည် ဖြစ်ပါသည်။
အစားအသောက်အနေဖြင့် အသုံးပြုပုံ
သစ်တိုသီးအား အရှေ့တောင်အာရှ နိုင်ငံများတွင် အစားအသောက် အနေဖြင့် စားသုံးကြပါသည်။ အနောက်နိုင်ငံများတွင် သစ်တိုသီး၏ အရွက်၊ အမြစ်နှင့် အသီးတို့ကို ဆေးဖော်စပ်ရာတွင် အသုံးပြုကြသလို ယိုနှင့် ဂျယ်လီပြုလုပ်ကာ သရေစာအနေဖြင့် စားသုံးကြပါသေးသည်။ မြန်မာနိုင်ငံတွင် ဒေသမျိုး သစ်တော်သီးကို သစ်တိုသီးငပိချက် ချက်ကာ စားသုံးကြပါသည်။ ဒေသမျိုး သစ်တော်သီးများမှာ အလုံးသေးပြီး အဖန်ဓာတ်နှင့် အချဉ်ဓာတ် ပိုများပါသည်။ မွန်လူမျိုးများ အနေဖြင့် အသားဟင်းများ ချက်ရာတွင် အအီပြေစေရန်အတွက် သစ်တိုသီးကို ဓားနှင့်ပေါက်ကာ ထည့်ချက် စားသုံးကြပါသည်။

အာဟာရဓာတ် ပါဝင်မှု
သစ်တိုသီးကို အစိမ်းအတိုင်း စားသုံးနိုင်သလို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်။ သစ်တိုသီးတွင် ကာဗွန်ဟိုက်ဒရိတ်ဓာတ်များစွ ာပါဝင်ပါသည်။ ထို့အပြင် ဗိုက်တာမင် ဘီ၊ သံဓာတ်နှင့် ကယ်လ်ဆီယမ် အနည်းငယ်လည်း ပါဝင်ပါသည်။
ကျန်းမာရေးအတွက် အသုံးပြုပုံ
၁။ ယားယံမှုကို သက်သာစေခြင်း
ယားယံသော နေရာကို သစ်တိုသီး အရွက်အား ကြိတ်ခြေပြီး အုံပေးထားပါက အယားသက်သာစေမည် ဖြစ်ပါသည်။
၂။ ဝမ်းလျှော သက်သာစေခြင်း
အမြစ်အား ဝမ်းလျှောဝေဒနာအတွက် အစွမ်းထက် အိမ်သုံးဆေး အနေဖြင့် အသုံးပြုကြပါသည်။
၃။ အဖျားကျစေခြင်း
အပင်ပေါ်မှ လတ်ဆတ်သော အရွက်ကို ခူးဆွတ်ပြီး အပူရှိန်တက်နေသော နေရာတွင် ကပ်ပေးပါက ချွေးထွက်စေပြီး အပူချိန် ကျဆင်းစေပါသည်။ သစ်ရွက်ပြုတ်ရည်နှင့် ရေချိုးပါကလည်း အပူချိန်ကျဆင်းသည်ဟု သိရပါသည်။
၄။ ဗိုက်အောင့် သက်သာစေခြင်း
အမြစ်ကို ဗိုက်အောင့်သက်သာစေသော ဆေးများ ဖော်စပ်ရာတွင် အသုံးပြုတတ်ကြပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://hort.purdue.edu/newcrop/morton/santol.html
https://en.wikipedia.org/wiki/Sandoricum_koetjape
https://www.pha-tad-ke.com/santol/
http://www.stuartxchange.org/Santol.html
http://bpi.da.gov.ph/bpi/images/Production_guide/pdf/Production%20Guide%20for%20Santol.pdf
myfoodmanmar.com (Source – Good Health) Facebook
ပြည့်စုံ
လွန်ခဲ့သော ၅ နှစ် ကမြေထုပ်စည်းကိုင်းကူးနည်းလမ်းလေးရှင်းပြပေးပါလားဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026