ကျားလက်ဝါးပင် စိုက်ပျိုးပြုစုနည်း
ကျားလက်ဝါးပင်တွေဟာ အိမ်တွင်းအလှစိုက်တဲ့ ပန်းပင်တွေထဲမှာ လူကြိုက်များပြီး ထင်ရှားတဲ့ ပန်းပင်ဖြစ်ပါတယ်။ အပင်ရဲ့ ဘဲဥပုံစံရှိတဲ့ အရွက်တွေမှာ ပေါက်နေတဲ့အရာတွေကြောင့် Swiss Cheese Plant (ဆွစ်ဒိန်ခဲအပင်) ဆိုပြီး နာမည်ပြောင်အနေနဲ့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျားလက်ဝါးအပင်ဆိုပြီး အပင်စိုက်ပျိုးသူတွေကြားမှာ ခေါ်ဆိုကြပါတယ်။ အရည်အသွေးကောင်းပြီး လှပတဲ့အပင်တွေဆိုရင် အပင်ငယ်လေးတွေကိုပဲ ၂ သောင်းဝန်းကျင်လောက်ကနေစပြီး ဝယ်ယူရလေ့ရှိပါတယ်။
ကျားလက်ဝါးပင်ဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ၎င်းရဲ့မူရင်းဒေသကတော့ အမေရိကား တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်ပါတယ်။ ကျားလက်ဝါးပင်ဟာ ၎င်းရဲ့ထူးခြားလှပတဲ့ သွင်ပြင်လက္ခဏာတွေကြောင့် နေရာဒေသတိုင်းမှာ လူကြိုက်များတဲ့ အလှစိုက်ပင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ကို အများကြီးပြပေးစရာမလိုတာတွေ၊ ပြုစုစောင့်ရှောက်ရမှု နည်းတာတွေနဲ့ အလွယ်တကူ စိုက်ပျိုးနိုင်တာတွေကြောင့်လည်း ပန်းစိုက်ပျိုးသူတွေကြား ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။
စိုက်ပျိုးခြင်း
ကျားလက်ဝါးပင်တွေဟာ အပူပိုင်းမိုးသစ်တောတွေထဲမှာ ပေါက်ရောက်တဲ့ အပင်တွေဖြစ်ပြီး အပူချိန် ၁၂ ဒီဂရီစင်တီဂရိတ်အောက်မှာဆိုရင်တော့ ရှင်သန်နိုင်ခြင်းမရှိကြပါဘူး။ အပင်စိုက်ဖို့ ပန်းအိုးရွေးချယ်တဲ့အခါ ဇောက်နက်တဲ့အိုးကိုရွေးချယ်သင့်ပြီး ရေဆင်းအားကောင်းတဲ့ စပ်မြေအမျိုးအစားကို အသုံးပြုသင့်ပါတယ်။ မြေချဉ်/ငံကိန်း ၅.၅ ကနေ ၇ အတွင်းမှာ ကောင်းစွာ ရှင်သန်နိုင်ပါတယ်။ ပထမဆုံး အိုးရဲ့အောက်ခြေ ၃ ပုံ ၁ ပုံကို မြေသားဖြည့်ရပါမယ်။ နွယ်ပင်ဖြစ်တာကြောင့် အိုးထဲမှာ တိုင်တစ်တိုင်လည်း စိုက်ထားပေးသင့်ပါတယ်။ ထို့နောက် အမြစ်တွေကို မြေနဲ့ဖုံးအုပ်ပြီး ပင်စည်နဲ့ စိုက်ထူထားတဲ့ တိုင်ကို ကြိုးအသုံးပြုကာ ချည်ပေးရမှာ ဖြစ်ပါတယ်။ ပြီးလျှင် နေရောင်တိုက်ရိုက်မကျဘဲ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ထားပေးရမှာ ဖြစ်ပါတယ်။
ရေနဲ့ အာဟာရ
ကျားလက်ဝါးပင်တွေဟာ ရေအသင့်အတင့်ပဲ ကြိုက်နှစ်သက်တာမို့ တစ်ပတ်ကို တစ်ကြိမ်လောက်သာ ရေလောင်းပေးသင့်ပါတယ်။ ဆောင်းရာသီလိုအချိန်မှာဆိုရင်တော့ ၁၀ ရက် ၁ ကြိမ်လောက် လောင်းပေးရင် အဆင်ပြေပါတယ်။ ပိုပြီးသေချာချင်ရင်တော့ ပန်းအိုးထဲက မြေသားအပေါ်ယံ ၂ လက်မလောက် ကောင်းစွာခြောက်နေပြီဆိုမှ လောင်းပေးနိုင်ပါတယ်။ ဒီအပင်ဟာ စိုထိုင်းဆများတာကို ကြိုက်နှစ်သက်တာမို့ အရွက်တွေကို မိုးရေ (သို့မဟုတ်) ရေသန့်အသုံးပြုပြီး ဖျန်းပေးနိုင်ပါတယ်။ ကျားလက်ဝါးပင်တွေဟာ မြေဩဇာအထူးတလည်ကျွေးဖို့ မလိုအပ်ပေမယ့် ကြီးထွားမှုပိုကောင်းစေချင်တယ်ဆိုရင် နွေရာသီအစောပိုင်းနဲ့ နွေရာသီကျရောက်တဲ့အချိန်မှာ မြေဩဇာကျွေးနိုင်ပါတယ်။ အိမ်တွင်းအလှစိုက်ပင်အများစုကိုတော့ ၁၃ ပတ်လည် ကွန်ပေါင်းမြေဩဇာကို ကျွေးကြလေ့ရှိပါတယ်။
ကိုင်းဖြတ်ခြင်း
ကျားလက်ဝါးပင်တွေဟာ ကြီးထွားနှုန်းမြန်တဲ့အတွက် ၎င်းတို့ကို ကိုင်းဖြတ်တောက်ပေးခြင်းဟာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ မိမိစိုက်ပျိုးထားရှိတဲ့နေရာ အကျယ်အဝန်းပေါ်မူပြီး ကိုင်းဖြတ်ခြင်းကို ပုံမှန်လုပ်ဆောင်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ အပင်မှာရှိနေတဲ့ ပျက်စီးခြောက်သွေ့နေတဲ့ အရွက်တွေ၊ ရောဂါကျရောက်နေတဲ့ အရွက်တွေကို ဖြတ်တောက်ရှင်းလင်းပေးသင့်ပါတယ်။ အပင်ကို ဖြတ်တောက်ရှင်းလင်းတဲ့အခါ လက်အိတ်ဝတ်ပြီး လုပ်ကိုင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်ကနေထွက်ရှိတဲ့ အရည်ဟာ အဆိပ်အနည်းငယ်ရှိပြီး အခန့်မသင့်ရင် အရေပြားကို ယားယံစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ပိုးမွှားနဲ့ ရောဂါ
ကျားလက်ဝါးပင်မှာ အဓိကအားဖြင့် အကြေးပိုးနဲ့ မွှားပင့်ကူနီ ကျရောက်လေ့ရှိပါတယ်။ အရွက်တွေဟာ အညိုရောင်ဖြစ်ပြီး တွန့်လိမ်နေမယ်ဆိုရင် မွှားပင့်ကူနီ ကျရောက်တဲ့ လက္ခဏာဖြစ်ပြီး အရွက်ပေါ်မှာ အဖြူနဲ့ အဝါရောင် အစက်အပြောက်တွေ တွေ့ရမယ်ဆိုရင် အကြေးပိုးကျရောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဆပ်ပြာဖျော်ရည် (သို့မဟုတ်) တမာဆီအသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ ကျားလက်ဝါးပင်တွေဟာ ယေဘူယျအားဖြင့် ရောဂါအများစုကို ခံနိုင်ရည်ရှိပေမယ့် ရေလောင်းများခြင်းနဲ့ စိုထိုင်းဆများခြင်းတို့ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အမြစ်ပုပ်ရောဂါနဲ့ အရွက်ပြောက်ရောဂါတွေကိုတော့ ခံနိုင်ရည်မရှိတာကြောင့် သတိပြုရပါမယ်။
အလင်းရောင်
အလင်းရောင်ကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ နေရောင်တိုက်ရိုက်မကျဘဲ အလင်းရောင် ကောင်းကောင်းရရှိတဲ့နေရာကို ကြိုက်နှစ်သက်ပါတယ်။ နေရောင်နဲ့ အချိန်ကြာကြာ တိုက်ရိုက်ထိတွေ့ရင် အရွက်တွေလောင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် နေရောင်ပြချင်တယ်ဆိုရင်တော့ မနက်ပိုင်းထွက်တဲ့ နေရောင်မှာ ၂ - ၃ နာရီလောက်သာ ပြပေးရင် အဆင်ပြေပါတယ်။
မြေလဲပေးခြင်း
မြေလဲပေးခြင်းနဲ့ အိုးလဲပေးခြင်းတို့ကိုတော့ မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ ကြီးထွားမှုအပေါ်မူတည်ပြီး ယေဘူယျအားဖြင့် ၂ နှစ် ၁ ကြိမ်မှသာ ပြုလုပ်လေ့ရှိကြပါတယ်။ ကျားလက်ဝါးပင်တွေဟာ အိမ်အပြင်မှာ စိုက်ပျိုးမယ်ဆိုရင် ၁၀ ပေ ကနေ ၁၃ ပေ လောက်ထိ ကြီးထွားနိုင်ကြပါတယ်။ အိမ်တွင်းအလှစိုက်တဲ့အပင်တွေဆိုရင်တော့ ၃ ပေ ကနေ ၈ ပေအထိ ကြီးထွားနိုင်ပါတယ်။ ဘေးဘက်အကျယ်ကတော့ ၁ ပေ ကနေ ၃ ပေ အထိရှိနိုင်ပါတယ်။ အိုးအသစ်နဲ့လဲတော့မယ်ဆိုရင် အပင်ရဲ့ကြီးထွားမှုနဲ့ ချိန်ဆကာ ပိုပြီးအရွယ်အစားကြီးမားတဲ့ ပန်းအိုးမျိုးကို ရွေးချယ်သင့်ပါတယ်။ မြေလဲပေးမယ်ဆိုရင် နွေရာသီ အစောပိုင်းမှာ လဲပေးသင့်ပါတယ်။
Ref: http://www.thespruce.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုသူ
လွန်ခဲ့သော ၂ နှစ် ကဖြတ်ထားတဲ့ကိုင်းတက်ကို ဘယ်လိုပြန်စိုက်ရမလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026