ကံကောင်း လာဘ်ရွှင်စေတဲ့ ဇော်စိမ်းပန်း
သိပ္ပံအမည် - Dracaena sanderiana
မျိုးရင်း - Asparagaceae
ဇော်စိမ်း၊ ဇော်ကျား၊ ဇော်လုံး စသည့်ပန်းပင်များမှာ အမျိုးအစားတူညီကြပြီး မြန်မာလူမျိုးတို့နဲ့ ရင်နှီးသော ပန်းပင်များဖြစ်ပါတယ်။ ဇော်စိမ်းကို အချို့သောဒေသများမှာ ကျောက်စိမ်းပင်၊ ကျောက်စိမ်းပန်း ဟူ၍လည်း ခေါ်ဆိုကြပါတယ်။ ပတ်ဝန်းကျင်မှာ အလေ့ကျပေါက်ရောက်တတ်သလို ဘုရားပန်းထိုးရန်အတွက် မိမိ၏ နေအိမ်ခြံဝန်းအတွင်း၌လည်း အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်များဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဇော်စိမ်းကို Lucky Bamboo လို့ခေါ်တဲ့ ကံကောင်းလာဘ်ရွှင်စေတဲ့ အိမ်တွင်းအလှစိုက်အပင်အဖြစ်နဲ့ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
ဇော်စိမ်းပင်တွေဟာ သဘာဝအရ အကြမ်းခံပြီး အိမ်တွင်း အိမ်ပြင် အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ မြေအမျိုးအစားနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အပင်ပိုင်းမျိုးပွားနည်းနဲ့ ကိုင်း၊ အတက်တို့ကို မြေကြီးထဲထိုးစိုက်ထားရုံနဲ့ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။
အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ ရေမဝပ်ဘဲ လေဝင်လေထွက်ကောင်းတဲ့ ပန်းအိုးကို ရွေးချယ်ရပါမယ်။ အပင်ရဲ့ပတ်လည်မှာ အမြစ်တွေ ကြီးထွားပွားများနိုင်ဖို့အတွက် သင့်တင့်တဲ့နေရာရနိုင်မယ့် ပန်းအိုးဖြစ်ဖို့လိုပါတယ်။ ပြီးရင်မိမိမှာရှိတဲ့ အပင် (သို့မဟုတ်) ကိုင်းကို အိုးထဲထည့်စိုက်ပြီး စိုက်ပျိုးနိုင်ပါတယ်။ အပင်စိုက်ပျိုးထားတဲ့အိုးထဲက မြေဟာ အစိုဓာတ်အမြဲရရှိနေဖို့တော့ လိုအပ်ပါတယ်။
အိုးနဲ့မဟုတ်ဘဲ မြေကြီးပေါ်မှာ ချစိုက်မယ်ဆိုရင်တော့ ပေါင်ဖော်ပြီးစိုက်ပျိုးတာ ပိုသင့်တော်ပါတယ်။ ပေါင်ဖော်ရာမှာ အမြစ်ကောင်းကောင်းကြီးထွားနိုင်ဖို့အတွက် အနက် ၆ လက်မဝန်းကျင်ရရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ နွားချေး၊ မြေဆွေး အလွယ်တကူရနိုင်မယ်ဆိုရင်တော့ ပေါင်ပြုလုပ်ရင်း ကြိုတင်ထည့်ထားသင့်ပါတယ်။ အပင်စိုက်ပျိုးရာမှာ ၆ လက်မ အကွာအဝေးထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ၁၀ - ၁၅ ရက်အကြာမှာ အမြစ်နဲ့ အညွှန့်လေးတွေ ထွက်လာမှာဖြစ်ပါတယ်။
ဇော်စိမ်းပန်းဟာဆိုရင် မိမိအိမ်မှာ အလွယ်တကူစိုက်ပျိုးနိုင်ပြီး ပြုစုစောင့်ရှောက်ရမှုလည်းနည်းတဲ့ ပန်းပင်ဖြစ်ပါတယ်။ ပုံမှန် ပေါင်းရှင်းပေးခြင်း၊ ရေလောင်းပေးခြင်း၊ မြေဆွပေးခြင်း၊ သဘာဝမြေသြဇာထည့်ပေးခြင်းတို့ဖြင့် စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ မိမိအိမ်မှာ ကံကောင်းလာဘ်ရွှင်စေဖို့ (သို့မဟုတ်) ဘုရားပန်းကပ်လှူဖို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားနိုင်ပါတယ်။ ဒါ့အပြင် လေသန့်ပင်အမျိုးအစားထဲမှာလည်းပါဝင်တာကြောင့် အိမ်တွင်းအလှစိုက်အပင်အနေနဲ့လည်း စိုက်ပျိုးနိုင်ပါကြောင်း မျှဝေရင်း...
ကိုးကားချက်
- https://en.wikipedia.org/wiki/Dracaena_braunii
- ပန်းမန်နှင့် ဥယျာဥ်ခြံမြေစိုက်ပျိုးနည်း - သိမ့်သိမ့်နွေး
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026