ဖုန်းထဲမှာ ပါဝင်တဲ့ Setting (ဆက်တင်) ကိုလေ့လာခြင်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ် ခင်ဗျ။
ယခင်တစ်ပတ်ကတော့ အင်တာနက်အသုံးပြုရာမှာ အဓိကကျတဲ့ မီဂါဘိုက် အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ မိုဘိုင်းဖုန်းတစ်လုံးမှာ အခြေခံ အကျဆုံးအပိုင်းဖြစ်တဲ့ ဆက်တင် (Setting) မှာပါဝင်တဲ့ အပိုင်းလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။
ဗားရှင်း အမျိုးမျိုးရှိနေပေမယ့် ကွာခြားမှုရှိလျှင်လည်း အနည်းငယ်သာ ဖြစ်ပါလိမ့်မယ် ခင်ဗျ။ ဖုန်း တိုင်းမှာ ဖုန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်အဖြစ် ဆက်တင် ဆိုတဲ့ အပိုင်းကို ထည့်သွင်းထားပါတယ်။ ဆက်တင်ဆိုတာကတော့ ဖုန်းဝယ်ကတည်းကပါလာတဲ့ ဆက်သွားပုံစံအဝိုင်းလေးဖြစ်ပါတယ်။ ဆက်တင် မှာပါဝင်တဲ့ အပိုင်းလေးတွေကို လေ့လာကြည့်ရအောင်ပါ ခင်ဗျ။
Wireless and networks (လိုင်းများ ချိတ်ရန်)
Sound (အသံပိုင်းဆိုင်ရာ)
Display (မြင်ကွင်းပိုင်းဆိုင်ရာ)
Location and Security (တည်နေရာနှင့် လုံခြုံရေး)
Applications (အသုံးချ ပရိုဂရမ်များဆိုင်ရာ)
Privacy (ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုင်ရာ)
Language and Keyboard (ဘာသာစကားနှင့် စာရိုက်ကွက်)
Voice input and output (အသံဆိုင်ရာ အဝင်အထွက်)
Accessibility (အခွင့်အရေးဆိုင်ရာ အသုံးအဝင်အတွက်)
Date and Time (အချိန်နဲ့ နေ့ရက်)
About Phone (အချက်အလက် မှတ်တမ်း)
ဖုန်း အသုံးပြုနေတယ်ဆိုရင်တော့ ဆက်တင် (Setting) ထဲမှာ ပါဝင်တဲ့ အခြေခံ အချက်အလက်တွေကို တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ သိဖို့ လိုမှာ ဖြစ်ပါတယ် ခင်ဗျ။ အခုဆိုရင် ဗဟုသုတအနေနဲ့ ဆက်တင်ထဲမှာ ဘာတွေပါလဲ ဆိုတာ အနည်းငယ်တော့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။
ယခင်တစ်ပတ်က မီဂါဘိုက် အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
မီဂါဘိုက်(MB) နှင့် မီဂါဘစ်(Mb) အကြောင်း သိကောင်းစရာ
ကိုးကား-
Android ပေါ်မှလက်တွေ့သုံးနည်းပညာ
သန်းထိုက် (ရွှေရိပ်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026