မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) အကြောင်း သိကောင်းစရာ
တောင်သူတွေအားလုံး မင်္ဂလာပါ ခင်ဗျ။ အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။
ယခင်တစ်ပတ်မှာ ဖေ့စ်ဘုတ်က သတင်းတုတွေကို ဘယ်လို စစ်ဆေးနိုင်မလဲဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးကြီးတွေ ဖေ့စ်ဘုတ်၊ အင်တာနက်သုံးရင်း ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits) ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။ ပိုနားလည်သွားအောင် ဥပမာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။
အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများ
1024 bits = 1 Kilo byte (KB)
1024 KB = 1 Mega Byte (MB)
1024 MB = 1 Giga Byte (GB)
မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှု
1 byte = 8 bits
1 MB = 8 Mb
12.5 MB = 100 Mb
1 GB = 8 Gb
ဒါကြောင့် ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေတယ်ဆိုတာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ မိမိအသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းလေးကို တောင်သူဦးကြီးတွေ အနေနဲ့ အခြေခံအားဖြင့် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။
ယခင်တစ်ပတ်က ဖေ့စ်ဘုတ် သတင်းမှန်/ မမှန် စစ်ဆေးနိုင်မယ့် ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ကိုးကားချက်- Technoland Computer Trading Co.,Ltd
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 2 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 1 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026