မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) အကြောင်း သိကောင်းစရာ

01/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူတွေအားလုံး မင်္ဂလာပါ ခင်ဗျ။ အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။

 ယခင်တစ်ပတ်မှာ ဖေ့စ်ဘုတ်က သတင်းတုတွေကို ဘယ်လို စစ်ဆေးနိုင်မလဲဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးကြီးတွေ ဖေ့စ်ဘုတ်၊  အင်တာနက်သုံးရင်း  ပက်ကေ့ချ် (Package) တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို သိဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits)  ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။  မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။ ပိုနားလည်သွားအောင် ဥပမာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။ 

အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများ

1024 bits  = 1 Kilo byte (KB)

1024 KB = 1 Mega Byte (MB)

1024 MB = 1 Giga Byte (GB)

မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှု

1 byte = 8 bits

1 MB = 8 Mb 

12.5 MB = 100 Mb 

1 GB = 8 Gb 

ဒါကြောင့် ကျွန်တော်တို့ဟာ အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေတယ်ဆိုတာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ မိမိအသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းလေးကို တောင်သူဦးကြီးတွေ အနေနဲ့ အခြေခံအားဖြင့် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

ယခင်တစ်ပတ်က ဖေ့စ်ဘုတ် သတင်းမှန်/ မမှန် စစ်ဆေးနိုင်မယ့် ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

တစ်ချက်လေး စောင်းငဲ့ကြည့်အုံး

ကိုးကားချက်- Technoland Computer Trading Co.,Ltd


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်