လူသုံးများပြီး မထားသင့်တဲ့ လျှို့ဝှက်နံပါတ်များ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ တောင်သူတွေ သတိထားနိုင်အောင် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း ဆိုတဲ့ အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့အနေနဲ့ အသုံးမပြုသင့်တဲ့ လျှို့ဝှက်နံပါတ်တွေ အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
အင်တာနက်၊ လူမှုကွန်ယက် မီဒီယာ သုံးစွဲနေကြတဲ့ လူအများစုဟာ မိမိတို့ အသုံးပြုနေတဲ့ အကောင့်တွေအတွက် လျှို့ဝှက်နံပါတ် သတ်မှတ်ရာမှာ အလွယ်တကူ ပြန်မှတ်မိနိုင်ဖို့အတွက် 123456 ဆိုတဲ့ နံပါတ်ကို လျှို့ဝှက်နံပါတ်အဖြစ် အများဆုံး အသုံးပြုကြပါတယ်။ ဒုတိယလူသုံးအများဆုံး လျှို့ဝှက်နံပါတ်ကတော့ 123456789 ဖြစ်ပါတယ်။ တစ်ချို့ဆိုရင်လည်း မိမိရဲ့ မွေးနေ့၊ မှတ်ပုံတင် နံပါတ်၊ မိမိရဲ့ နာမည်၊ မိမိကြိုက်တဲ့ ဘောလုံးအသင်း နာမည်၊ မိမိကြိုက်တဲ့ ပစ္စည်းတွေရဲ့ နာမည်တွေကို လျှို့ဝှက်နံပါတ် အဖြစ်ထားတတ်ကြပါတယ်။ တောင်သူ ဦးလေး၊ ဒေါ်လေးတို့ရော မိမိတို့ရဲ့ လျှို့ဝှက်နံပါတ်ကို ဘယ်လိုလေးတွေ ထားကြလဲ ခင်ဗျ။
အလွယ်မှတ်ထားတဲ့ လျှို့ဝှက်နံပါတ်တွေ အသုံး အလွယ်တကူ မှတ်မိနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ လျှို့ဝှက်နံပါတ်တွေဟာ အမှန်တကယ်တော့ လုံခြုံမှု မရှိပါဘူး ခင်ဗျ။ပြုသူအများစုရဲ့ အကောင့်ဟာဆိုရင်လည်း များသောအားဖြင့် အကောင့်ဟတ်ခံရဖို့ များပါတယ်။ ဒါဆိုရင် ဘယ်လို လျှို့ဝှက်နံပါတ်တွေ အသုံးပြုသင့်ပါ သလဲ။ လျှို့ဝှက်နံပါတ်တွေ အသုံးပြုမယ်ဆိုရင် ဂဏန်းတွေချည်းပဲ အသုံးမပြုသင့်ပါဘူး။ မိမိအနေနဲ့ မှတ်သားလွယ်တဲ့ အက္ခရာတွေ၊ နံပါတ်တွေ၊ သင်္ကေတ တွေပါတဲ့ လျှို့ဝှက်နံပါတ်တွေ အသုံးပြုသင့်ပါတယ်။ ဒါမှသာ မိမိ အသုံးပြုတဲ့ အကောင့်ဟာ အလွယ်တကူ အဟတ်မခံရဘဲ လုံခြုံမှု ရှိမှာဖြစ်ပါတယ်။
ဥပမာ - Aung25@ygn1999 စတဲ့ ပုံစံမျိုးလေးတွေ ထားသင့်ပါတယ်။
ဒါကြောင့် လူသိများတဲ့ ဂဏန်းတွေ၊ စကားလုံးတွေကို လျှို့ဝှက်နံပါတ် အဖြစ်မသုံးကြဖို့ အကြံပေးလိုက်ပါတယ်။ လျှို့ဝှက်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့ အတွေ့အကြုံလေးတွေ ရှိရင်လည်း ကွန်မန့်မှာ ဆွေးနွေးပေးခဲ့ကြပါအုံးခင်ဗျ။
ယခင်တစ်ပတ်က အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိပ်လည်ခြင်း
Credit - https://www.ictdirectory.com.mm
Source -Net Guide
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026