အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အကောင့် ဟက်ခံရခြင်း 

အကောင့် ဟက်ခံရခြင်း 

Green Way
Green Way • 23/11/2020

 

        “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းအားအမြန်သွင်းနိုင်မယ့် နည်းလမ်းလေးတွေ  မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ အင်တာနက်သုံးရင်း အကောင့်ဟက်ခံရတဲ့  အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

        ယနေ့ခေတ်မှာ လူမှုကွန်ယက် မီဒီယာတွေ အကောင့်တွေသာမက ဘဏ်အကောင့်တွေ၊ ဖေ့စ်ဘုတ် စာမျက်နှာတွေပါ အဟက်ခံနေရတာကို ကြားဖူး မြင်ဖူးနေကြမှာပါ။ အကောင့် အဟက်ခံရရင် မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားနိုင်တာမို့ သတိပြုဖို့လိုအပ်ပါတယ်။ ဒီလို အဟက်ခံရတယ်ဆိုတာ မိမိရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေ အားနည်းတာကြောင့်ဖြစ်လို့ သတိထား လုပ်ဆောင်သင့်တာလေးတွေကို  မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 

၁။ အားနည်းတဲ့ လျှို့ဝှက်နံပါတ်များ အသုံးပြုခြင်း 

        လူမှုကွန်ယက် မီဒီယာတွေအသုံးပြုတဲ့ အခါမှာ လူအများစုဟာ လျှို့ဝှက်ကုဒ်ကို မှတ်မိလွယ်အောင် မိမိရဲ့ မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် စတာတွေကို သုံးလေ့ရှိကြပါတယ်။ နောက်တစ်ခုကတော့ အသုံးပြုတဲ့ အကောင့်မှန်သမျှကို လျှို့ဝှက်ကုဒ်တစ်ခုပဲ ထားပြီး အသုံးပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် လျှို့ဝှက်ကုဒ်သတ်မှတ်တဲ့ အခါ စာလုံးအကြီး၊ အသေးနဲ့ သင်္ကေတမျိုးလေးတွေ ထည့်ပြီးသတ်မှတ်ထားသင့်ပါတယ်။ 

၂။ ပက်စ်ဝက် မန်နေဂျာ (password manager) မသုံးခြင်း 

          ယနေ့ခေတ်မှာ လူတစ်ယောက်ဟာ အနည်းဆုံး အကောင့် ၂ ခုမှ ၃ ခုလောက်အထိတော့ရှိကြပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင် မှတ်ဖို့ အခက်အခဲရှိနေတယ်ဆိုရင် ပက်စ်ဝက် မန်နေဂျာဆော့ဝဲ သုံးပြီး မိမိရဲ့ အချက်အလက်တွေကို သိမ်းထားလိုက်တာဟာ ပိုပြီးစိတ်ချရပါတယ်။ 

၃။ ကိုယ်မသိတဲ့ အီးမေးလ်၊ လင့် တွေ ဖွင့်ကြည့်မိခြင်း 

        မိမိရဲ့ ဖုန်းထဲ၊ မက်ဆေ့ချ်ထဲကို ဘယ်ကလာမှန်းမသိတဲ့ လင့်တွေ၊ မေးလ် တွေရောက်နေတယ်ဆိုရင် မဖွင့်ကြည့်သေးပဲ အရင်စစ်ဆေးသင့်ပါတယ်။ ပိုသေချာချင်ရင်တော့ ပိုတဲ့သူကို အတည်ပြု မေးမြန်း စစ်ဆေးပြီးမှ ဝင်ကြည့်တာ ပိုစိတ်ချရပါတယ် ခင်ဗျ။ 

၄။ အများသုံး ဝိုင်ဖိုင်မှာ ချိတ်ဆက်အသုံးပြုခြင်း  

        ကော်ဖီဆိုင်တို့ စားသောက်ဆိုင်တို့မှာလို ဝိုင်ဖိုင် အင်တာနက် အလကားသုံးခြင်းဟာ မိမိရဲ့ ကိုယ်ပိုင်အင်တာနက်နဲ့ သုံးနေတာ မဟုတ်လို့ နည်းပညာ ကျွမ်းကျင်သူ တစ်ယောက်ယောက်က မိမိရဲ့ ကိုယ်ရေးအချက် အလက်တွေကို ကြည့်နေတာမျိုး၊ ဟက်ခံရတာမျိုးလည်း ရှိနေနိုင်တာမို့ သတိပြုရမှာ ဖြစ်ပါတယ် ခင်ဗျ။ မိမိရဲ့ အကောင့် အဟက်မခံရစေဖို့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို သတိထား အသုံးပြုကြပါလို့ အကြံပေးချင်ပါတယ် ခင်ဗျ။ 

       ယခင်တစ်ပတ်က ဖုန်းအားအမြန်သွင်းနိုင်မယ့် နည်းလမ်းလေးတွေ.  အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းအားအမြန်သွင်းနိုင်မယ့်နည်းလမ်းများ

        ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။