အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယူနီကုဒ်(Unicode) ရဲ့ အားသာချက်များ

ယူနီကုဒ်(Unicode) ရဲ့ အားသာချက်များ

Green Way
Green Way • 16/08/2021

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ 

ယခုတစ်ပတ်မှာတော့ ယူနီကုဒ် (Unicode) ရဲ့ အားသာချက်များ အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ယူနီကုဒ်ဆိုတာ နိုင်ငံတကာစနစ်တစ်ခုဖြစ်ကြောင်း မကြာခင်က ခေတ်မီတောင်သူအစီစဥ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယူနီကုဒ်ရဲ့ အားသာချက်ကတော့ ၎င်းကို အခြေခံပြီး နည်းပညာအသစ်တွေကို ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်မစားသေးတဲ့ နည်းပညာတွေကိုလည်း ယူနီကုဒ်အခြေခံပြီး ဆက်လက်တည်ဆောက်နိုင်ပါတယ်။ ယူနီကုဒ်ကိုအခြေခံပြီး အလိုအလျောက်ဘာသာပြန်ဆိုတဲ့ နေရာမျိုးတွေ၊ မြန်မာဘာသာနဲ့ အချက်အလက် ရှာဖွေတာမျိုးတွေ၊ ရိုးရိုးပုံနှိပ်စာတွေကို ကွန်ပျူတာစာလုံးအနေနဲ့ ပြောင်းလဲနိုင်တာတွေ၊ အသံနဲ့ ပြောလိုက်တာတွေကို စာရိုက်ပေးနိုင်တာမျိုးတွေအထိ ပြုလုပ်ပေးနိုင်ပါတယ်။ 

နောက်ပိုင်းထွက်ရှိတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေမှာလည်း ယူနီကုဒ်စနစ်က ပါလာပြီးသားဖြစ်တဲ့အတွက် ဘယ်နည်းပညာပစ္စည်းပဲသုံးသုံး မြန်မာဘာသာနဲ့ ရေးနိုင်ဖတ်နိုင်မှာဖြစ်ပါတယ်။ ယူနီကုဒ်စနစ်အသုံးပြုခြင်းဖြင့် စာရိုက်ရပိုလွယ်ပြီး အမှားလည်းပိုနည်းပါတယ်။ ယူနီကုဒ်စနစ်မှာ သတင်းအချက်အလက်တွေ သိမ်းဆည်းတာ၊ ရှာဖွေတာတွေကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်တာကြောင့် အားသာချက်များစွာရှိနေတဲ့ ယူနီကုဒ်စနစ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ 

https://pandaingmap.com/ မှ ကိုးကားထားပါသည်။ 

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကို  ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါလင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မူပိုင်ခွင့်ဆိုတာ ဘာလဲ

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။