ကျားနဲ့ မကြား ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှု
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။
ယခုတစ်ပတ်မှာတော့ ကျားနဲ့ မ ကြား ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
ယနေ့ခေတ်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အင်တာနက်တွေ လက်လှမ်းမီလာတာနဲ့ အမျှ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ နည်းပညာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာတွေဟာ မဖြစ်မနေ လေ့လာသင်ယူသင့်တဲ့ အခြေအနေဖြစ်လာပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှုများလာတယ်ဆိုပေမယ့် မိုဘိုင်းဖုန်းပိုင်ဆိုင်မှုနဲ့ အင်တာနက်အသုံးပြုတဲ့ အရေအတွက်မှာဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျော့နည်းနေဆဲ ဖြစ်ပါတယ်။
ရှေးရိုးစွဲ အယူအဆတွေနဲ့အတူ လူမှုပတ်ဝန်းကျင်ရဲ့ အမျိုးသမီးတွေ အပေါ်ထားရှိတဲ့ အမြင်၊ လူမှုရေးစံနှုန်းတွေ၊ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ဒစ်ဂျစ်တယ်နည်းပညာတွေကို ထိတွေ့ ကိုင်တွယ်ခွင့်ရဖို့ အခက်အခဲတွေရှိနေပါသေးတယ်။ မြို့ပြတွေမှာရှိတဲ့အမျိုးသမီးတွေအနေနဲ့ သိပ်မသိသာပေမယ့် ကျေးလက်ဒေသတွေမှာဆိုရင် ဒီလိုဖြစ်ရပ်တွေကို သိသိသာသာတွေ့ရပါတယ်။ အချို့သောနေရာတွေမှာဆိုရင် အမျိုးသမီးတွေဟာ မိဘတွေကနေ ဖုန်းပေးမသုံးတာမျိုးတွေ၊ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ နှောက်ယှက်စော်ကားခံရတာမျိုးတွေကလည်း စိန်ခေါ်မှုတွေအနေနဲ့ ရှိနေပါသေးတယ်။ မြို့ပြတွေမှာဆိုရင်လည်း ဒစ်ဂျစ်တယ်နည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းခေါ်ယူတဲ့အခါ အမျိုးသားတွေအတွက်ပဲ သီးသန့်ဆိုပြီး သတ်မှတ်ကြတာမျိုးတွေထိ ရှိပါတယ်။
ဒီလိုမျိုးတွေ ကြုံတွေ့ရတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေဟာ သူတို့တွက် အရေးမပါဘူး၊ အသုံးမလိုဘူးဆိုပြီး ထင်မှတ်သွားကြပါတယ်။ နည်းပညာတွေကို သူတို့ကိုယ်တိုင်လည်း မလေ့လာတော့သလို၊ သင်ကြား ပြောပြပေးမယ့်သူလည်း မရှိဖြစ်သွားပါတယ်။ နောက်ပိုင်းမှာ ဖုန်းတွေ၊ နည်းပညာတွေကို မထိတွေ့ ၊ မကိုင်ရဲ ဖြစ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အွန်လိုင်း လူမှုကွန်ယက်မီဒီယာတွေ အသုံးပြုတဲ့အခါမှာ ဘေးကင်းလုံခြုံမှု မရှိတာတွေ၊ လိမ်လည် လှည့်ဖျားခံရတာတွေ မကြာခဏဆိုသလိုတွေ့ရတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကို စနစ်တကျသိနားလည်အောင် ကိုယ်တိုင် လေ့လာဖို့လိုအပ်သလို၊ တတ်ကျွမ်းပြီးသားသူတွေအနေနဲ့လည်း လက်လှမ်းမီသလောက် ပြန်လည်မျှဝေ သင်ကြားပေးခြင်းဖြင့် အမျိုးသားနဲ့ အမျိုးသမီးကြား ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှုလျော့ချပြီး တန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Htet Linn
လွန်ခဲ့သော ၅ နှစ် ကကျေးလက် မှာတော့ smart phoneတွေကို ဖျော်ဖြေရေးအတွက်အသုံးများပြီး စိုက်ပျိုးရေး တိုးတက်အောင် အသုံးချနိုင်မှုတော့ အားနည်းသေးတယ်လို့မြင်မိပါတယ်
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီ ဥပုပ်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။
ဦးဘ • ဖြေကြားချက် 0 ခု
မြေပဲ ၆လပဲကြီး ပင်ပြန့်ပါ ပုံပါအတိုင်း အပင်တွေကွပ်သေနေတာ ဘာလုပ်သင့်ပါသလဲ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ
ထိန်လင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ အခုတော့ ကျတော် စိုက်ပျိုးရေးအကြောင်းလေ့လာနေပါတယ် ဒါမဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဘာမှ နားမလည်တေးတော့ ခုချိန်စိုက်ပျိုးရေး လုပ်ရင် အဆင်ပြေပ့ မလားဗျ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဘာတွေ ကို အဓိထားလေ့လာ သင့်လဲ ဗျ
Kyaw Soe Lin • ဖြေကြားချက် 1 ခု
အစေ့ထုတ်ပြောင်းကို ဘယ်အချိန် ဘယ်နေရာတွေမှာ စိုက်သင့်ပါသလံ
Zay Yar • ဖြေကြားချက် 1 ခု
12လပိုင်းမှာ နွေစပါးကျဲရင် အထွက်နှုန်းကျနိုင်ပါသလား ကျဲလို့အဆင်ပြေနိုင်သလား ဖြေကြားပေးပါ
ko kyaw myo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (23 -27.11.2026)
27/11/2026
အသံ
ငှက်ပျောခိုင်ကြီးပြီး အလေးချိန်စီးစေမယ့် လျှို့ဝှက်ချက် (၅) ချက်
27/11/2026
အသံ
စူပါအယ်လ်နီညိုမှ ဂေါ်ဆီလာ... ထိုမှတစ်ဆင့် မက်ဂါ အယ်လ်နီညိုဟု ခေါ်ဆိုလာနေကြ
26/11/2026
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
More from Green Way
အားလုံး
အသံ
စူပါအယ်လ်နီညိုမှ ဂေါ်ဆီလာ... ထိုမှတစ်ဆင့် မက်ဂါ အယ်လ်နီညိုဟု ခေါ်ဆိုလာနေကြ
26/11/2026
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026